lu hanသွားရာနောက် ငြိမ်သက်စွာလိုက်
လာမိသည်
ရုတ်တရက်ရပ်တန့်သွားသော ခြေလှမ်း
တွေကြောင့် ကျွန်တော်ပါလိုက်ရပ်မိသည်
သူခေါ်ဆောင်လာရာ နေရာလေးကို
ကြည့်လိုက်တော့ companyအနောက်
ဘက်ခြမ်းက ရေကူးကန်လေး
ဖြာကျနေသော မီးရောင်ဝါဝါအောက်
ရေပြင်လေးက ကြယ်ပွင့်လေးတွေလို
တလတ်လတ်တောက်ပနေလေရဲ့
ရေကန်ထဲ ခြေထောက်ကလေးချကာ
ကန်ဘောင်ပေါ်တွင် ထိုင်လိုက်သော lu
hanက ရေတွေက ခြေထောက်ကလေး
နဲ့ ဆော့နေလေသည်
သူအခုထိ ကလေးဆန်နေတုန်းပဲ…
အရင်အတိုင်းပဲ…
ဖိနပ်ချွတ် ခြေအိတ်ချွတ် ဘောင်းဘီကို
လိပ်တင်ကာ ကျွန်တော်ပါ သူ့အတိုင်း ထိုင်လိုက်တော့ lu hanပြုံးတယ်
ထိုင်နေရာ ကန်ဘောင်ပေါ်အသာ
ထောက်ထားသော ကျွန်တော့်လက်က
လေးအသာအုပ်ကိုင်လာသော လက်နုနု
လေးကြောင့် အံ့သြစွာမော့ကြည့်မိတော့
သူပြုံးပြန်ပြီ…
အပြုံးနုနုလေးတွေ ဖြူစင်တဲ့အပြုံးလေး
တွေနဲ့ သူပြုံးပြပြန်ပြီ
"baek hyun ah…"
"အင်း!!"
"မင်းဘာပဲလုပ်လုပ်ငါအမြဲ ခွင့်လွှတ်ပေး
တယ်ဆိုတာ မင်းသိတယ်မလား"
"lu han ah!!"
ကျွန်တော်အံ့သြစွာ ဆိုပြန်တော့လည်း
သူကပြုံးလျက်သာ
"ပြောပြပေးပါ အမှန်အတိုင်း…"
"miyannae…"
တိုးညှင်းစွာထွက်လာတဲ့ ကျွန်တော့်စ
ကားသံအဆုံး ပိုတင်းကြပ်လာတဲ့ သူ့
လက်တွေ…
အားပေးသလို ဆုပ်ကိုင်ပေးထားတာ…
"ငါတကယ်တော့ missionတစ်ခုအ
တွက် chan yeolသက်တော်စောင့်အ
ယောင်ဆောင်နေခဲ့ရတာပါ…ပြီးတော့
byun arjushi နဲ့ arjimaကလည်း ငါ့
ရဲ့အယောင်ဆောင် မိဘတွေ…"
"အင်း!! ပြီးတော့ရော…"
"miyannae lu han ah…ငါဆက်ပြော
ခွင့်မရှိတော့လို့ပါ"
"အင်းပါ! ဒီလောက်သိရတာပဲ ကျေနပ်ပါ
ပြီ မမေးတော့ပါဘူး ဘာmissionလဲဆို
တာ"
CZYTASZ
baekကိုချစ်တဲ့ကလေးဆိုးလေး (CB yaoi)
Fanfiction#Hiatus... #warning... #yaoi romance & drama byun baek hyun...ခင်ဗျားကကျွန်တော့်သက်တော်စောင့်နော်... ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူးကျွန်တော့်ကိုပဲဂရုစိုက် ဘယ်မှသွားစရာမလိုဘူးကျွန်တော့်နားမှာပဲနေ ကျွန်တော်ခင်ဗျားကြီးအပေါ်ချွဲနွဲ့ဦးမှာမို့လို့
