ဘုတ်…ဘုတ်…ဘုတ်**
စည်းချက်ကျကျ ထွက်ပေါ်လာသော
ဘွတ်ဖိနပ်သံလေးနှင့် အတူ အတန်းထဲ
ဝင်လာတဲ့ baek hyunကို မြင်တော့…
chan yeolနှာခေါင်းတစ်ချက်ရှုံ့လိုက်
ရင်း မျက်ရည်တွေကို လက်စသတ်လိုက်
သည်
"miya chan yeol, hyungကြာသွား
တယ်"
ခပ်တည်တည်ဆိုရင်း စားပွဲပေါ်လက်
ထောက် ခါးရှေ့ကိုင်းရင်း chan yeol
မျက်နှာကို ငုံ့ကြည့်လိုက်လေတော့
သူခေါင်းမြန်မြန်ငုံ့လိုက်ရင်း
"ဘာ…ဘာဖြစ်လို့လဲဟင်??"
"aigoo wuri chan yeolနှာခေါင်းလေး
ပါရဲနေတာ…ဘယ်လောက်တောင်နှာစေး
နေတယ်မသိ??"
နှာခေါင်းလေးကို ခပ်ဖွဖွဆွဲညှစ်ရင်း ဆို
လာပြန်တဲ့သူ
သူဟာလေ ကျွန်တော့်ကို သိပ်ပြုစား တတ်တာ
"ရော့ နှာစေးပျောက်ဆေး သောက်
လိုက်ဦး"
ဆေးထုပ်လေးကို ကျွန်တော့်လက်ထဲ
သေချာထည့်ပေးကာ ရေဘူးအဖုံးပါဖွင့်
ပြီးကမ်းပေးတဲ့သူ
ဂရုစိုက်သေးတာပဲ ဆိုတဲ့အသိကြောင့်
စိတ်ထဲ အနည်းငယ်တော့ ကျေနပ်မိသား
ဆေးသောက်ပြီးတော့ နောက်မှာရပ်နေ
တဲ့ သူ့ကို ကြည့်မိတော့ ခါတိုင်းနှင့်မတူ
သူ့မျက်နှာက ပြုံးနေသယောင်
ပျော်နေလား??
အရမ်းပျော်နေလား??
ကျွန်တော့်နှလုံးသားကို နင်းချေရတာကို
လေ…
ပျော်ပါ…ပြုံးနေပေးပါ အမြဲတမ်း…
baekပျော်နေရင် ကျွန်တော်နာကျင်နေရ
ရင်တောင် ဟန်ဆောင်ပြုံးနေမှာပါ…
*******************************
💣 Baekကိုချစ်တဲ့ကလေးဆိုးလေး 💣
*******************************
dok dok dok…
"baek ah ကြာလိုက်တာ…မပြီးသေးဘူး
လား???"
"ကျွန်တော်ညောင်းနေပြီနော်"
"ခင်ဗျားဟာလေ တော်တော်နဲ့ မပြီးဘူး
…ကြာလိုက်တာ"
"yah…မင်းကိုဘယ်သူက စောင့်နေခိုင်း
လို့လဲ…ထိုင်နေပါလား ကိုယ့်အခန်းမှာ
ကိုယ်…"
DU LIEST GERADE
baekကိုချစ်တဲ့ကလေးဆိုးလေး (CB yaoi)
Fanfiction#Hiatus... #warning... #yaoi romance & drama byun baek hyun...ခင်ဗျားကကျွန်တော့်သက်တော်စောင့်နော်... ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘူးကျွန်တော့်ကိုပဲဂရုစိုက် ဘယ်မှသွားစရာမလိုဘူးကျွန်တော့်နားမှာပဲနေ ကျွန်တော်ခင်ဗျားကြီးအပေါ်ချွဲနွဲ့ဦးမှာမို့လို့
