A/N : ဟုတ်ကဲ့ ဒီ fic လေးကတော့ 'A MIRACLE' ဆိုတဲ့ fic လေးရဲ့ အဆက်ပါနော်... အဲ့တော့ ဇာတ်လမ်း ဆက်စပ်မှုလေးအတွက် 'A Miracle' fic လေးကို မဖတ်ရသေးရင် အရင်ဖတ်ပေးဖို့ အကြံပြုချင်ပါတယ်။
Jungkook's pov
တံခါးကို ဖွင့်ဖွင့်လိုက်ချင်း မြင်လိုက်ရတဲ့ မျက်နှာလေးကြောင့် ပင်ပန်းလာခဲ့တာတွေ အကုန်လုံး ချက်ချင်း ပျောက်သွားတယ်။ ချက်ချင်းပဲ ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ကျွန်တော် သိပ်ချစ်ရတဲ့ သူမကို ကျွန်တော့် ရင်ထဲ ထွေးပွေ့ထားပစ်လိုက်တော့တယ်လေ။
"Ya Jungkook ဖယ်ဦးလေ ငါလည်း ငါ့ jagi ကို တွေ့ရမယ်လေ။" Jin hyung က ကျွန်တော့် ပခုံးကို ပုတ်နေတော့မှ ကျွန်တော်လည်း Yeontae ကို ပြန်လွှတ်ပေးလိုက်မိတော့တယ်။ Jin hyung ကြောင့်သာ မဟုတ်ရင် ကျွန်တော် သူမကို ဘယ်အချိန်ထိ အခုလို ဖက်ထားမိမလဲမသိ....
Yeontae's pov
"Manager nim လုပ်ပါနော်... jebal pls...." Soorim ကတော့ manager oppa ကို တရွတ်ရွတ်နဲ့ တောင်းဆိုနေတော့တာပဲ။ Manager oppa ဆိုတာ Jungkook oppa တို့ရဲ့ manager ကို ပြောတာပါ။ ကျွန်မတို့တွေလည်း ရင်းနှီးနေခဲ့တာ ကြာရောပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကျွန်မနဲ့ Soorim နှစ်ယောက်သား Bangtan dorm ကို အဝင်အထွက် များလာခဲ့ပြီလေ။
"ဟာ မင်းတို့နှစ်ယောက်ကလည်းကွာ! ပြီးရော ပြီးရော။ သူတို့ကို concert ပြီးတာနဲ့ ဒီကို ပြန်ပို့ပေးမယ်။ ရပြီလား?"
"ရေး ဒါမှ uri manager nim ကွ"
အမှန်တော့ သူတို့တွေ ဒီနေ့ concert ရှိတယ်လေ။ အစတုန်းကတော့ ညပိုင်းဆက်ပြီး သွားစရာလည်း ရှိသေးတယ်။ အဲ့တာကို ကျွန်မတို့ နှစ်ယောက်က manager nim ကို မရရအောင် ပြောပြီး နောက်နေ့မှ သွားခိုင်းတာ။ သူတို့တွေ သုံးရက်ဆက်တိုက် concert မှာ ပင်ပန်းလာတာကို ညမှာ ထပ်သွားရဦးမယ်ဆိုတော့ အရမ်းများလွန်းတယ်လေ။
Manager nim ခေါင်းငြိမ့်လိုက်ပြီဆိုတော့ ကျွန်မတို့နှစ်ယောက် သူတို့ dorm ဆီ တမ်းသွားတော့တာပါပဲ။ သူတို့တွေ ပြန်လာရင် ဗိုက်ဆာနေကြမှာဆိုတော့ ညစာသွားပြင်ပေးမလို့ပါ။
အဲ... dorm ဆီ သွားရတော့မယ်ဆိုတော့ ပတ်ဝန်းကျင်ကို သေချာ သတိထားရတာပေါ့။ ဒီလို ဟိုကြည့်ဒီကြည့်နဲ့ သူတို့ dorm ဆီ လာခဲ့ရတဲ့ အကြိမ်လည်း မနည်းတော့ပါဘူး။ ဒါပေမယ့်လည်း fan တွေက ပြောလို့ရတာမှ မဟုတ်တာ။ မိသွားရင် ပြသာနာက သေးသေးလေးလည်း မဟုတ်။
ဟူး... နောက်ဆုံးတော့ ရောက်ပါပြီ။ သူတို့က ညမှ ရောက်မှာဆိုတော့လည်း နေ့လည်ပိုင်း အေးဆေးနေလို့ရပါသေးတယ်။
"Yeontaeah ငါတို့ ဘာဟင်းတွေ ချက်ကြမလဲ?"
"အေး နေဦးဟဲ့... ရေခဲသေတ္တာထဲမှာ ဘာတွေရှိသေးလဲ မသိဘူး။ သွားကြည့်လိုက်ဦးမယ်။"
သွားကြည့်တော့ အချိုရည်တွေက လွဲပြီး ဘာမှမရှိ.... ဒီလိုနဲ့ပဲ ဈေးဝယ်ဖို့အတွက် တစ်ခေါက် ပြန်ထွက်လာရပါလေရော....
ညနေပိုင်းလောက် အကုန်ပြင်ဆင်ပြီး မကြာပါဘူး တံခါးပေါက်မှာ အသံတွေ ကြားလို့ သွားကြည့်လိုက်တာ ထင်တဲ့အတိုင်း သူတို့တွေ ပြန်လာကြပြီလေ။
ကျွန်မ သူ့ကို မြင်မြင်ချင်းပဲ သူ့ရင်ခွင်ထဲ တိုးဝင်မိတယ်။ ဒီ ကိုယ်ငွေ့လေးကို လွမ်းနေခဲ့တာပါ။ ကျွန်မတို့ ဒီ dorm ကို အဝင်အထွက် များနေခဲ့ပြီလို့သာပြောတာ တကယ်တမ်း တစ်လမှာ တစ်ကြိမ်တောင် မရှိသလောက်ပါပဲ။ ကျွန်မနဲ့ Soorim ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတာလေ။ သူတို့ကလည်း comeback တွေ concert တွေနဲ့ အားတဲ့အချိန်ဆိုတာ ရှိရဲ့လားတောင် မပြောတတ်တဲ့ အခြေအနေ....
To be continued~~~
Intro လေးပေါ့နော်။ နောက်အပိုင်းတွေ တတ်နိုင်သလောက် မြန်မြန် update ပေးပါ့မယ် XD
Thanks for reading^^
*90° bow