No one's pov
Yeontae နဲ့ Jungkook တို့ နှစ်ယောက် ကားထဲမှာ ဘာစကားမှ မပြောဘဲ ထိုင်နေကြတယ်... တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်သူကတော့ Jungkook... "Yeontae ဖျားနေတာလား?" Yeontae ရဲ့ နဖူးလေးကို စမ်းလိုက်ပြီး မေးတယ်... Yeontae ချက်ချင်းပဲ သူ့လက်ကို ဆွဲချလိုက်ပြီးတော့မှ စပြီး စကားပြောတော့တယ်လေ "မဖျားပါဘူး။" တဲ့...
"ဖျားနေတာကြီးကို ကြည့်ဦး" ပါးနှစ်ဖက်ကို ကိုင်ပြီးတော့ "ပါးတွေလည်း နွေးပြီး နီနေတယ်..." နှာခေါင်းထိပ်လေးကို ဖွဖွလေး ဆွဲလိုက်ပြီး "နှာလည်းစေးနေတယ်... ဒါကို မဖျားဘူးလို့ ပြောချင်တာလား?"
"မ... မဖျားပါဘူးဆို... ဒီအတိုင်း နှာနည်းနည်းစေးနေတာ..."
"Aigoo...." Jungkook ပြောပြီး ကားကို စမောင်းထွက်လိုက်တယ်။ "မြန်မြန်ပြန်မှပဲ... တော်ကြာ အဖျားပိုကြီးလာဦးမယ်..."
Yeontae တစ်ယောက် Jungkook ကို မျက်စောင်းထိုးလိုက်ပြီး "မဖျားပါဘူးဆိုနေ!" ဆိုပြီး စိတ်ဆိုးဆိုးနဲ့က တစ်ဝက် ရှက်နေတာက တစ်ဝက်နဲ့ အော်ပြောလိုက်တယ်။
Jungkook ကတော့ ကားလမ်းပေါ်ပဲ အာရုံစိုက်နေပြီး "ဒါနဲ့ Lim Yeontae ဆိုတဲ့ ကောင်မလေးက တကယ့် ဆရာဝန်ရော ဟုတ်ရဲ့လား မသိဘူး... ဒီက ဆရာဝန် မဟုတ်တဲ့သူတောင် ဖျားနေတဲ့ အကြောင်းကို သိတယ်... ဆရာဝန်ကိုယ်တိုင်က မဖျားဘူးလို့ အတင်း ငြင်းနေပါလား..." ဆိုပြီး နောက်သလို ပြောတယ်လေ....
Yeontae တစ်ယောက် ပြောဖို့ စကား ရှာမရဖြစ်သွားတော့တာပေါ့.... အဲ့ကနေ စပြီး နှစ်ယောက်သား ဘာမှ မပြောတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြန်ခဲ့ကြတယ်။
Yeontae တစ်ယောက် ကားက သူတို့ တိုက်ရှေ့ကို ရောက်တာနဲ့ ချက်ချင်း ခါးပတ်ကြိုးကို ဖြုတ်ပြီး ကားပေါ်က ဆင်းတော့တာပဲ... Jungkook ကတော့ သူ့နောက်ကနေပဲ ပြုံးပြုံးလေးနဲ့ လိုက်လာတယ်။
Yeontae အိမ်တံခါးကို ပိတ်မယ်အလုပ် Jungkook က လက်နဲ့ အမြန်လှမ်းတားလိုက်ရတယ်။ Jungkook အားကို သူမနိုင်တော့ လွှတ်ပေးလိုက်ရတော့တယ်လေ... အိမ်ထဲ ဝင်ဝင်ချင်း ကြားလိုက်ရတဲ့ စကားသံတွေကြောင့် Yeontae တစ်ယောက် အံ့သြသွားခဲ့တယ်။