Yeontae's pov
တစ်လ.... တစ်လဆိုတဲ့ အချိန်တောင် ကုန်ခဲ့ပြီ.... ကျွန်မ အခုထိ စိတ်နဲ့ လူနဲ့ သိပ်မကပ်သလိုပင်.... သူနဲ့ စပြီး အဆက်အသွယ် ပြတ်ခဲ့တဲ့နေ့ကတည်းကပေါ့.... ဒီ တစ်လဆိုတဲ့ ကာလပတ်လုံး သူ ကျွန်မကို အဆက်အသွယ် မလုပ်ခဲ့သလို ကျွန်မလည်း သူ့ကို စပြီး မလုပ်ခဲ့ဘူး... ကျွန်မ ဖုန်းနံပါတ်လည်း ပြောင်းလိုက်တယ်။ ဒါကြောင့် သူ ကျွန်မကို အဆက်အသွယ် လုပ်လို့ မရတာပါ။ သူနဲ့မှ အတူမရှိရရင် မနေနိုင်ဘူးဆိုတဲ့ ကျွန်မ.... မာနကြီးစွာနဲ့ သူ့ကို စပြီး အဆက်အသွယ် မလုပ်ခဲ့ဘူး.... ဒါပေမယ့် ရင်ထဲမှာတော့ မျက်ရည်စီးကြောင်းပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပြီ.... သူက ကျွန်မ မရှိလည်း အဆင်ပြေနေလောက်ပြီပေါ့.... ဒီတောအတွင်းလည်း Yoo Na ကျွန်မဆီ ဘာ message မှလည်း မပို့သလို အပြင်မှာလည်း လာလာမတွေ့တော့ဘူး.... သူ့ ဆန္ဒတွေ ပြည့်သွားပြီ ထင်ပါရဲ့.... ကျွန်မနဲ့ Jungkook ကို ဆက်မတွဲစေချင်တဲ့ သူ့ဆန္ဒပေါ့.....
"Dr.Limssi, လူနာ တစ်ယောက် ထပ်ရောက်လာလို့ပါ...." ကျွန်မ ပိုက်ဆံအိတ် လွယ်ပြီး ပြန်တော့မယ့် အချိန် nurse မလေးက လာပြောတယ်လေ....
"အင်း ဝင်လာခိုင်းလိုက်လေ...."
လူနာကို စမ်းသပ်စရာရှိတာ စမ်းသပ် မှာစရာရှိတာ မှာပြီးတော့မှ ပြန်တော့တာပေါ့။ အိမ်ပြန်ရောက်တော့ ညမိုးချုပ်နေပြီလေ.... ကျွန်မ အခန်းထဲ ဝင်ခါနီးလေး Soorim က သူ့အခန်းကနေ ထွက်လာတယ်။
"ဟဲ့ Soorim နင် ဒီနေ့ night duty မဟုတ်ဘူးလား?" ဒီ အချိန်ဆို သူက ဆေးရုံမှာ ရှိနေရတော့မှာလေ....
"အင်း Hae Young ကို အစားဆင်းပေးဖို့ တောင်းထားတယ်။ ငါ ဒီနေ့ seokjin oppa နဲ့ လည်တာ များသွားလို့...." သူက ပြောပြီး စပ်ဖြီးဖြီးနဲ့ ရယ်ပြပါလေတယ်။
"နင်ကတော့လေ အလုပ်ကို ဘာများမှတ်နေလဲ မသိဘူး...." ကျွန်မ ပြောပြီး မြန်မြန် အခန်းထဲ ဝင်လာလိုက်တော့တယ်။ ကျွန်မ နည်းနည်း ဝမ်းနည်းသလို ဖြစ်သွားတာကို သူ ရိပ်မိသွားမှာ စိုးလို့ပေါ့။ Soorim က ကျွန်မ Jungkook oppa နဲ့ အဆက်အသွယ် မရှိတော့တာကို မသိဘူးလေ။ သူနဲ့ seokjin oppa နဲ့ကတော့ တွေ့ဖြစ်ကြတယ်.... ကျွန်မ Seokjin oppa ကနေ တစ်ဆင့် Jungkook အကြောင်း မေးလို့ရပေမယ့်လည်း ကျွန်မ တစ်ခါမှ မမေးခဲ့ဖူးဘူး။ ကျွန်မ ဖုန်းနံပါတ် ပြောင်းလိုက်ပေမယ့်လည်း Soorim အကူအညီတောင်းပြီး ကျွန်မကို တွေ့လို့ရတာတောင် သူ့ဘက်က မကြိုးစားတာလေ... ကျွန်မလည်း သူ့အကြောင်းတွေ သိနေရရင် သူ့ကို ပိုပြီး တွယ်တာနေမှာ စိုးမိတယ်။ အခုလို သူ့အကြောင်း ဘာမှ မသိတော့တာပဲ ကောင်းပါတယ်လေ.... ရှေ့ဆက်ဖို့အတွက်ပဲ စိတ်ကို ပိုပို ပြင်ဆင်ထားရင်းနဲ့ပေါ့...