ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြရမယ်ဆိုရင် . . .
ဟိုတစ်နေ့က Suicide တွေဘာတွေလုပ်မယ် ဆိုပြီး တကူးတက ကြံထားရတဲ့ Hawaii plan လေးက အထမြောက်သွားသည်ပေါ့လေ . . .
အဲ့ဒါနဲ့ပဲ Chanyeol နှင့် Yifan တို့က Hotel booking လုပ် . . . Plane ticket တွေဝယ်နဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ Suho နဲ့ Baekhyun တို့က Hawaii သွားဖို့ အဝတ်အစားတွေဝယ် Sun cream တွေ Sun spray တွေဝယ်ကာ သူတို့နည်းသူတို့ဟန်နှင့် အလုပ်ရှုပ်နေကြသည်
. . ." Su!!! "
" ဟေ! "
" ဒီမှာကျန်း!!! NR မှာ Discount ချနေပြီ!!! "
" ဟယ်!!! Sun cream!!! Sun spray!!! Hand cream!!! အိုလမို!!! အိုလမို!!! "
ဝယ်လိုက်ကြတာ ဝယ်လိုက်ကြတာဆိုတာ သူတို့နှစ်ယောက်ကို အားမနာနဲ့! အလကားယူကြနော်ဆိုပြီး ပြောထားတဲ့ အတိုင်းပဲ!
A few minutes later . . .
" Won 500000 ကျပါတယ်ရှင်! "
" ဘာ!!! "
Suho ရော Baekhyun ရော နှစ်ယောက်လုံးထံမှ ထွက်လာသော အသံကား မချိမဆံ့ . . .
" နေ . . . နေပါဦး . . . Discount ကာလဆို? "
Suho က တုန်တုန်ရင်ရင်နှင့်မေးတော့ Baek က အင်းလေ ဆိုသည့်မျက်နှာပေးမျိုးနှင့် အရောင်းစာရေးမလေးကို ကြည့်နေသည် . . .
အရောင်းစာရေးမလေးက . . .
" ဟုတ်ကဲ့! Discount ကာလတော့ ဟုတ်ပါတယ်ရှင့်! ဒါပေမယ့် Up to 80% ပါရှင့်! တချို့ Product တွေကိုကျတော့ 5% လောက်ပဲ discount ချတာပါရှင့်! "
အဲ့တော့မှ Baek က အားမတန်၍ မာန်လျှော့ရသည့် လေသံနှင့် . . .
" ထားလိုက်ပါတော့ Su ရယ် ~~~~ "
" နင့်မှာဘယ်လောက်ပါလဲ??? ငါ့မှာ ၂ သိန်း လောက်ပဲ ပါတယ်ဟ! "
" ငါ့မှာလည်း ၂ သိန်း လောက်ပဲ ပါတယ်ဟ! အဲ့လောက် ဝယ်ဖြစ်မယ်လို့မှမထင်တာ!!! "
" နေဦး! ဘာပြန်လျှော့လို့ရလဲမသိဘူး! ပစ္စည်းတွေ ပြန်လျှော့ကြရအောင်! "

YOU ARE READING
ကိုယ့်အရစ်ဆုံး
RandomXØXÔ uni၏ပေါက်ကျော်ဘွဲ့၊အတင်းတုတ်ခြင်း၊ ပွစိပွစိပြောရာတွင်အင်မတန်ကျွမ်းခြင်း၊စပ်စုစိန်လေးဖြစ်သောByun Baekie၏ချစ်သူPark Chanyeol၏ဒုက္ခများကိုတစ်ဝကြီးရှုစားနိုင်ပါသည်ရှင်... Baekkieအရမ်းရစ်လွန်းသောကြောင့်သူတို့အချစ်ရေးကသာယာပမလား??? Chanyeolကရောဆက်ပြီးသည...