( Intro)

1.6K 116 1
                                    

" မင်း ငါ့ကို ဘယ်အချိန်ထိ လိုက်တွယ်ကပ်နေအုံးမှာလဲ
Min Yoon Hee "

စိတ်ပျက်မှု၊အလိုမကျမှုတွေ ရောယှက်နေတဲ့ သူအသံ
ခေါင်းငုံ့ထားရာမှ မော့ကြည့်မိတော့
စိတ်ညစ်နေသောအရိပ်အယောင်တွေ
ပါဝင်နေတဲ့ သူ့ မျက်လုံးတွေနဲ့ ဆုံ၏

" ငါမေးနေတာဖြေလေ ? "

" ... "

ပြောစရာ စကားမရှိတော့တာထက် မပြောထွက်တော့တာ ဖြစ်မယ်ထင်တယ်
ကိုယ့်ရဲ့ ဖြစ်တည်မှုက သူ့ကို အဲ့လောက် အနှောင့်အယှက်ဖြစ်စေမှန်းမသိခဲ့တာ အမှန်ပါ

သူ့နောက်ကို အရူးလိုပဲ တကောက်ကောက်လိုက်တယ်ဆိုတာကလဲ ကိုယ့်ကို တနေ့ ချစ်လာမယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ခဲ့မိတာ
အခုတော့ အဲ့လိုလုပ်ခဲ့တာတွေက
သူ့ကိုမွန်းကြပ်စေတယ်တဲ့လား?

" တောင်းပန်ပါတယ် Sunbae-nim
ကျွန်မ .. ကျွန်မ အခုချက်ခြင်းပဲ
Sunbae-nim မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပေးပါ့မယ် "

ခေါင်းကို အခါခါဦးညွှတ်ရင်း စကားတွေကို ပလုံးပထွေးပြောကာ ထိုနေရာမှ ချက်ခြင်းလှည့်ထွက်ခဲ့သည်

ကျွန်မပြောလိုက်တဲ့ စကားကြောင့် သူ့မျက်နှာ အနေအထားပျော်ရွှင်နေမလား ကျွန်မမသိချင်တော့ပါ

အငြင်းခံရတာကို ရှက်တာလား?
ဟင့်အင်း
ကိုယ့်ကို မချစ်ဘူးလို့ သိလိုက်ရတာ
မျှော်လင့်ချက်တွေက အကုန်လုံးကို ရိုက်ချိုးခံခဲ့ရတာ

ကောင်းပြီလေ
Min Yoon Gi
ရှင့်မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပေးမယ် ..

All with u ♡Where stories live. Discover now