(2)

778 79 1
                                    

မျက်နှာကို ရေခဲရေနဲ့ အပက်ခံလိုက်ရသလို
ခံစားမှု
ခြေဖျားလက်ဖျားတွေ ရုတ်တရက် အေးစက်လာသလိုပဲ

စူးရှရှ မျက်ဝန်းတွေကို မရှောင်ဖယ်မိသလို
ထိုမျက်ဝန်းတွေရဲ့ အဓိပ္ပါယ်ကိုလည်း
ကျွန်မ သေချာမသိပါ

အခု .. ကျွန်မ သိတာက
သူ့ရဲ့ ဆံပင်အနက်လေးနဲ့
သူ့ မျက်ဝန်းစူးရှရှတွေ ..

♡♡♡♡♡♡♡♡♡♡♡♡♡

အတန်းချိန်ပြီး၍ နေ့လည်စာ စားချိန်ရောက်တော့ မျက်နှာပူသောကြောင့်
ချက်ချင်းပင် ကျောင်းကန်တင်းကို
ထွက်လာခဲ့လိုက်သည်

" Yoon Hee-ah ဒီမှာ "

အသံလာရာကြည့်မိတော့ မယ်မင်းကြီးမ
Kim Yu Nie ဖြစ်နေ၏
သူမ ဘေးခုံတွေ ဝင်ထိုင်လိုက်ရင်း
ပခုံးကို တချက်ဝင်တိုက်လိုက်သည်

" အမယ် နင်က ထူးထူးဆန်းဆန်း
ငါ့အတွက် ထမင်းတွေဘာတွေ ယူပေးလို့ပါလား? "

" ငါ ကြိုသိနေတယ် နင် အတန်းချိန်ပြီးတာနဲ့ ချက်ခြင်းဒီကိုလာမယ်ဆိုတာ "

" ဘာပဲဖြစ်ဖြစ် gomawo 😘 "

" တော်စမ်းပါ အပိုတွေ "

နှစ်ယောက်သား ပြုံးစိစိဖြစ်နေစဉ်မှာတင်
ကောင်လေး တစ်ယောက်အနားရောက်လာပြီး

" chagi-ah "

" ဖူး ... အဟွတ် "

Yu Nie တစ်ယောက်သောက်လက်စ ဟင်းရည်သီးတာလဲ မပြောနဲ့လေ
ကျွန်မတောင်ကြက်သီးထမိတယ်

" Ya Jeon Jung Kook
နင် ဘယ်လိုဖြစ်နေလဲ
အခုကျောင်းကန်တင်းမှာနော် "

" chagi ကလဲ
ကိုယ်က သတိရလို့ဟာကို 😓"

" chagi ကလဲ သဲကဘာပြောလို့လဲလို့ "

သူတို့နှစ်ယောက်ကို အပြန်အလှန်ကြည့်ကာ
အလည်က ကျွန်မ ရူးချင်လာသည်
ခုနကပဲ ထသတ်တော့မလို ဒီဇိုင်းနဲ့ ရန်တွေ့နေပြီး အခုတော့ သူ့ကိုယ်သူ
သဲ ဆိုပဲ 😐

" chagi ညနေ ကျောင်းဆင်းမှတွေ့မယ်နော် မွမွ 😘"

" omm အပြန် ကျောင်းရှေ့ကစောင့်နေမယ် 🤗"

အပြန်အလှည် နှုတ်ဆက်ပြီး ထိုကောင်လေး အနားက ထွက်သွား၍
Yu Nie ကိုမေးရန် ပါးစပ်ဟဖို့ ကြံကာရှိသေးသည်

" ဟုတ်တယ် .. အဲ့တာ ငါ့ bf "

တကယ်ကိုအံ့ဩမိပါသည်
သူ့လိုဘောက်ဆတ်ဆတ်နဲ့
ပြန်မပြော နားမထောင်မိန်းမကို ထိုကောင်လေး ဘယ်လိုများသည်းခံပါလိမ့်နော်
ကျွန်မတောင် တခါတလေ အမြင်ကတ်လွန်းလို့ ခေါင်းကို ပိတ်ထုချင်တဲ့ အခိုက်အတန့်ရှိသည်
ကျွန်မလို သူငယ်ချင်းအရင်းကြီးကတောင်
အဲ့လိုမျိုးတွေ ရှိတာတောင် ဒီကောင်လေး
ဘယ်လိုများ?

" အများကြီး တွေးမနေနဲ့
ငါလဲ မသိဘူး သူက အကုန်သည်းခံပါ့မယ်ပြောလို့ တွဲလိုက်တာ "

ထမင်းဆက်မစားပဲ စဉ်းစားနေတဲ့ ကျွန်မနားကပ်ကာတိုးတိုးပြောရင်း ထမင်းဆက်စားနေသည်
သူမကို မဝံ့မရဲကြည့်ရင်း
တံတွေးတချက်မြိုချလိုက်ကာ

" ဟိုလေ Yu Nie-ah
နင် မြင်မြင်ချင်းအချစ်ကို ယုံလား? "

" နည်းနည်းတော့ ယုံတယ် Wae?
နင့်အတန်းထဲက ကောင်လေးတစ်ယောက်ယောက်ကိုများ နင်ဒီနေ့ ကြွေလာလို့လား? 😂 "

" အင်း ... "

" ဘာ .. ဘယ်သူလဲ? "

ကျွန်မကို Yu Nie က မျက်လုံးပြူး မျက်ဆံပြူးဖြင့် စားလက်စ ဇွန်းကိုချကာမေးသည်
သူမအားပေါက်သမျှသွားအကုန်ဖြီးပြရင်း

" Hee ငါတို့ အခန်းထဲက ကောင်လေးလေ ဆံပင်အနက်လေးနဲ့ "

" နင်ပြောတာ အခုလာနေတဲ့ ကောင်လား? "

Yu Nie လက်ညိုးညွှန်ပြရာကို ကြည့်မိတော့ ကျောပိုးအိတ်ကို ပခုံးတစ်ဖက်ထဲနှင့်လွယ်ကာ ဘောင်းဘီအိတ်ထဲလက်ထည့်ပြီး
ကျောင်းကန်တင်းကို
ခေါင်းကို ခပ်ငိုက်ငိုက်လျှောက်လာတဲ့သူ

" hee ဟုတ်တယ်
လမ်းလျှောက်ရင်း
အိပ်ငိုက်နေတာလားမသိဘူး မျက်လုံးက မပွင့်တော့ဘူး ချစ်စရာကြီး ဟိ .. "

မဖုံးနိုင် မဖိနိုင်ဖြစ်နေတဲ့ ကျွန်မ အမူအရာကြောင့် သူမရဲ့ အသံပြဲကြီးဖြင့်

" Ya Min Yoon Hee !! "

သူမ ပါးစပ်အား အတင်းပိတ်လိုက်ကာ

" Ya တိုးတိုးပြောစမ်းပါ
Wae ? ဘာဖြစ်လို့လဲ :3 "

" Yoon Hee-ah
နင်.. နင်တော့ လူရွေးမှားပြီ "

" ဘာရယ် ? "

❤❤❤❤ All with u ❤❤❤❤

All with u ♡Where stories live. Discover now