(1)

1K 93 0
                                    

" Aigoo.. Aigoo..
ကျောင်းလေးတစ်ခါပြောင်းတာကို သေမလိုဖြစ်နေတယ် ၁နှစ်ပဲ တက်ရမဲ့ဟာကို :3 "

စောင်ခေါင်းမြီးခြုံကာ ကုတင်ပေါ်မှာ ငူငူကြီး ထိုင်နေတဲ့ ကျွန်မကို Yu Nie က စိတ်ပျက်စွာကြည့်ရင်း အလိုမကျစွာ ညည်းညူသည်

" Ya နင်မှ ငါ့ ခံစားချက်ကို နားမလည်တာ
ပြီးတော့ နင်နဲ့ငါနဲ့ အခန်းတူတာလဲမဟုတ်ဘူး
ငါနဲ့ သိတဲ့လူ တစ်ယောက်မှ မရှိတာ ငါဘယ်လိုလုပ်ရမလဲ? "

" နောက်တော့လဲ သူငယ်ချင်းအသစ်တွေရသွားမှာပေါ့ဟ "

" Aish :3 စိတ်ညစ်လိုက်တာ "

ဘယ်လိုလုပ်ရမလဲ?
တခါမှ မသိတဲ့လူတွေနဲ့ 😣

စိတ်ရှုပ်ထွေးစွာနဲ့ ဆံပင်တွေကို ဆွဲဖွမိသည်
...............................................

" ကဲ ငါလိုက်ပို့နိုင်တာ ဒီအထိပဲ "

အသနားခံတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်ကာ မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြသော်လည်း
အရာမဝင်ပါ :3

" Yu Nie-ah "

" သွား "

" nae .. "

သူမကို ကျောခိုင်းလိုက်ရင်း ပုခုံးပေါ်ရှိကျောပိုးအိတ်ကြိုးလေးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း

" Fighting Min Yoon Hee
နင် ကောင်းကောင်းလုပ်နိုင်မှာပါ "

တဖြည်းဖြည်းနီးကပ်လာတာနဲ့ ခြေလှမ်းတွေက ကြောက်ရွံမှုနှင့်အတူတွန့်ဆုတ်လာမိသည်

" f (x) = 4y+5x "

" Sam ဟိုမှာ "

အခန်းဝမှာ မဝင်ပဲ ခေါင်းပြူတစ်ပြူတစ်လုပ်နေသော ကျွန်မကို အတန်းသားတစ်ယောက်က မြင်သွားသည်နှင့်တူ၏
Sam က ဝင်လာခဲ့လေဟူသော အကြည့်နှင့် ကြည့်နေသဖြင့်
လေပူတစ်ချက်မှုတ်ထုတ်ရင်း အခန်းထဲသို့ ခက်သွက်သွက်ဝင်လာလိုက်သည်

Sam စားပွဲခုံဘေးနားမှာရပ်လိုက်တော့
Sam က စာရေးနေရာမှ ရပ်ရင်း
ကျွန်မနားသို့ရောက်လာသည်

" အားလုံးပဲ
ဒါက ကျောင်းသူ အသစ်
ဘူဆန်ကနေ ကျောင်းပြောင်းလိုက်တာ
ကောင်းကောင်းဆက်ဆံပေးလိုက်ကြ "

" ဘူဆန်ဆိုတော့
သူက တောသူမပေါ့ ဟားဟား "

ကျောင်းသားတစ်ယောက်က ကျွန်မအား လက်ညိုးထိုးကာ တဟားဟားအော်ရယ်သည်
ကျန်တဲ့လူများကလဲ ပြုံးစိစိဖြင့်ပင်

" ဟေ့ကောင် တိတ်စမ်း
သမီး ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါအုံး "

Sam ဆူလိုက်မှပင် ထိုကျောင်းသားက ရုပ်တည်တည်ဖြင့် သူ့နေရာတွင်ဝင်ထိုင်လိုက်သည်

"Annyeong
Min Yoon Hee mitha
ရှေ့လျှောက် ကူညီပေးကြပါ "

" ကဲ သမီး ဟိုးနောက်ဆုံးတန်ရဲ့ တတိယမြောက်ခုံမှာ သွားထိုင်နော် "

" nae "

Sam ညှန်ပြရာ နေရာကို ခပ်သွက်သွက်လျှောက်လိုက်ရင်း ခုံတွင်ချက်ခြင်း ဝင်ထိုင်ချလိုက်သည်

ဟူး ... အဲ့နေရာမှာ ကြာကြာဆက်ရပ်နေရင် လူက ပြာကြသွားမယ်လို့တောင် ခံစားရတယ် :3

" ကဲ ခုနက ပုစ္ဆာ ဆက်မယ်
Min Yoon Hee page-33 ကိုဖွင့်လိုက်နော် "

" nae "

ဆရာ့စကားကို ခပ်သွက်သွက်ပြန်ဖြေရင်း စာအုပ်ကို ဖွင့်လိုက်သည်

မျက်လုံးထောင့်စွန်းမှာ မြင်နေရတာက
အဖြူရောင်အရိပ်လေး
မျက်လုံးကို ထိုနေရာသို့ကစားကြည့်လိုက်တော့

စားပွဲခုံပေါ်မှာ မျက်နှာကိုလက်ထောက်ထားရင်း အိပ်ငိုက်နေတဲ့ကောင်လေးတစ်ယောက်
ဖြူဖွေးတဲ့ သူ့အသားအရေနဲ့လိုက်ဖက်အောင်
ဆံပင်ကို အမဲရောင်လေး ဆိုးထားသည်

ရုတ်တရက် နားထဲကို ဆရာ့စာသင်သံရော
ကျောင်းသားတွေရဲ့ စာမေးစာဖြေသံတွေရော
ဘာအသံမှမဝင်လာတော့ဘူး :3
မျက်လုံးထဲမှာ ကျန်တဲ့ မြင်ကွင်းတွေ အကုန်လုံးဝေဝါးပြီး သူ့မျက်နှာလေးပဲ ကြည်ကြည်လင်လင်မြင်ရတော့တယ်

စိတ်လွတ်လက်လွတ်ဖြစ်တဲ့အထိကို ငေးကြည့်နေမိရင်း
ရုတ်တရက်ဆိုသလို သူ့မျက်လုံးတွေ ဆတ်ခနဲပွင့်လာသည်

...................................................

All with u ♡Where stories live. Discover now