(3)

688 92 1
                                    

" ခွပ် "

အရှိန်ဖြင့် ပစ်ဝင်လာသော လက်သီးကြောင့်
ကောင်လေးမှာ နောက်ပြန်လန်ကျသွားသည်

ထိုမြင်ကွင်းကို ချောင်းကြည့်နေတာတော့မဟုတ်ပင်မယ့်
အမှတ်တမဲ့ မြင်လိုက်ရတဲ့ ကျွန်မတောင်
ကြောင်စီစွာ ကြည့်နေမိသည်

ဒါဆို Yu Nie ပြောတဲ့ လူရွေးမှားပြီဆိုတာ
ဒါ ... ဒါကိုပြောတာလား?

သူ .. သူ အထိုးခံရတဲ့ကောင်လေးရဲ့ကော်လံကို ဆွဲပြီး အနားကပ်ကာ တခုခုပြောနေသည် ပြီးတော့ ..
သူ .. အဆက်မပြတ်
ထိုကောင်လေး မျက်နှာကို

မြင်မကောင်းလောက်အောင်ပင် ထိုကောင်လေးမျက်နှာမှာ သွေးများ
ကျွန်မကြောက်လန့်ပြီး တချက်နောက်ကိုဆုတ်လိုက်တာ
ဟန်ချက်ပျက်ပြီးခြေချော်ကြသွားသည်

ဘယ်လိုလုပ်ရမလဲ ငါကြည့်နေတာသိသွားပြီလားမသိဘူး
မြန်မြန်ထမှဖြစ်မယ်

" အာ့ ... "

ခြေကျင်းဝတ်လည်သွားသည်နှင့်တူသည်
ထဖို့နေနေသာသာ

တဖြည်းဖြည်းနီးကပ်လာသော
ခြေသံများ
နှင့်အတူ

အရှေ့မှာ လာရပ်သော ခြေတစုံ

" မင်း ဘယ်သူလဲ?
ခေါင်းကို မော့စမ်း "

ပြတ်သားရှင်းလင်းသော သူ့အသံကြောင့်
ကျွန်မ တကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး စကားတွေက အ ထစ် အ ထစ်ဖြစ်လာသည်

" ရှင်.. ဟို .. ကျွန် "

" ခေါင်းမော့လို့ပြောနေတယ်လေ! "

သူကပြောပြောဆိုဆိုဖြင့်ကျွန်မရှေ့တွင်
ထိုင်ချလိုက်ရင်း မျက်နှာကို အတင်းဆွဲမော့လိုက်သည်

ကျွန်မမျက်လုံးတွေကို အတင်းမှိတ်ထားမိသည်
နားထဲမှာ ရယ်သံတိုးတိုးလေး သဲ့သဲ့ကြားလိုက်သည်

မျက်လုံးတွေကို မရဲတရဲဖွင့်ကြည့်မိတော့
ထုံးစံအတိုင်း မျက်နှာသေကြီး ဖြစ်သော သူနှင့် ခုနကကောင်လေးကို ဝိုင်းအနိုင်ကျင့်နေကြသော သူ့အပေါင်းအပါများ

" သူက ဟိုတနေ့က ကျောင်းပြောင်းလာတဲ့ ဘူဆန်က တောသူမ မဟုတ်ဘူးလား
Suga Hyung ? "

သူ့အပေါင်းအပါထဲကတစ်ယောက်က ကျွန်မအား ခြေဆုံးခေါင်းဆုံးကြည့်ကာ သူ့ ပုခုံးကို လှမ်းပုတ်ရင်း ရယ်ကျဲကျဲနှင့်ပြောလိုက်ပြီး

" ဟေ့ကောင်ဒေ ဘာလုပ်နေတာလဲ?
သူ့ကို နည်းနည်းလောက် ပညာပေးလိုက်ရအောင် "

ကျွန်မ အင်္ကျီပခုံးစကို လှမ်းဆွဲသည့် ထိုလူလက်ကို သူဆတ်ခနဲပုတ်ချလိုက်တော့

" Suga Hyung သူက ကျွန်တော်တို့ကို မြင်သွားတာနော် ပြန်ပြောရင် ဘယ်လိုလုပ်မလဲ? "

ထိုလူ၏ စကားကို သူပြန်မဖြေပဲ
ကျွန်မကိုသာ စူးစိုက်စွာကြည့်နေရင်း
ကျွန်မအင်္ကျီကော်လံကို လှမ်းဆွဲလိုက်သည်

ရုန်းဖို့ဆိုတာ အဝေးကြီး
ကျွန်မမှာ အော်ဖို့ပင်
အသံတွေပါ ပျောက်ဆုံးနေသည်

" နောက်တစ်ခါ ငါ့မြင်ကွင်းမှာ ထပ်ပေါ်လာရင် .. အဟမ်း အဲ့ အချိန်ဆိုရင်တော့ မင်း .. "

သူ့ စကားကို ဆုံးအောင်နားမထောင်ပဲ ကျွန်မ ချက်ခြင်းပင် ကုန်းရုန်းထကာ
ထိုနေရာမှ ထွက်ပြေးလာသည်

ခုနက နာနေသည့် ခြေကျင်းဝတ်
ဘယ်လိုပျောက်သွားမှန်းတော့ မသိလိုက်ပါ..

♡♡♡♡♡♡♡♡♡♡♡♡♡

ထိုနေ့နောက်ပိုင်း ..
ကျွန်မ သူ့ကို တတ်နိုင်သမျှရှောင်သည်

သူ ညာဘက်လမ်းလာလျှင်
ကျွန်မ ဘယ်ဘက်လမ်းသွားသည်

သူ ကျောင်းကန်တင်းမှာ ရှိနေလျှင်
ကျွန်မ နေ့လည်စာ အငတ်ခံကာ စာကြည့်တိုက်သွားသည်

အခန်းထဲကို အတန်းချိန်ရောက်မှသာ ဝင်ဖြစ်တော့သည်

ကျောင်းစတက်တဲ့ ရက်တုန်းက
သူ့ကို သဘောကျမိတာကိုတောင် နောင်တရမိသလိုလိုပင်
တကယ်ပဲ ..
လူတစ်ယောက်ကို အမြင်နှင့် ဆုံးဖြတ်လို့မရဘူးဆိုတာ သွေးထွက်အောင်မှန်သည်

ကြောက်ဖို့ကောင်းတယ် ..
အရမ်းပဲ ..

ဟိုတနေ့က အဖြစ်အပျက်ကို ပြန်ပြောပြတော့ Yu Nie က
နင် ကံကောင်းလွန်းတယ်ဟုပြောသည်

သူ့မြင်ကွင်းရှေ့မှာ ပေါ်မလာနဲ့ဆိုပဲ
Gudal ....
ငါ ဒီကျောင်းမှာ နင်မမြင်နိုင်တဲ့ တစ္ဆေ၊သရဲတွေလိုနေပေးမယ် ကျေနပ်ပြီလား?

ဒါပေမယ့် Min Yoon Hee
သိနိုင်ပါ့မလား?
သူဘယ်လိုပဲ ရှောင်ပြေးပြေး
မလွတ်နိုင်ဘူးဆိုတာကိုပေါ့ ...

❤❤❤❤ All with u ❤❤❤❤

All with u ♡Where stories live. Discover now