ရှေ့မှာစက်ဘီးထောင်ပြီး တကုန်းကုန်း တကွကွ
ဖြစ်နေသည့် ချာတိတ်..။ အနားသွားကာ မတ်တပ်ရပ်မိတော့ အရိပ်ထိုးနေသော နေရောင်
ကြောင့်ပါ မျက်မှောင်လေး ကုတ်ရင်းမော့ကြည့်
လာလေတယ်..။"ဘာလုပ်နေတာလဲ။ စက်ဘီးတခုခုဖြစ်လို့လား.."
"ချိန်းကျနေတာာ.."
"aww.. ကိုယ်ကူရမလား.."
ထိုအကြည့်..။ စတွေ့တုန်းကတည်းက ရင်းနှီး
မိသည့် အကြည့်။ ချာတိတ်ရဲ့ စတိုင်လ်တခု
လို့တော့ သမုတ်လို့မရနိုင်..။ ကျွန်တော့်နဲ့တွေ့
တိုင်း ရနေတတ်သည့် ထိုသို့သော အလိုမကျသည့် အကြည့်ဟာ.. ကျွန်တော့်
အတွက် မူပိုင်လို့ပြောရအောင်ကလည်း...။ကြောင်တောင်တောင် အတွေးတခုလား..?
"ပေးပါ.. လက်တွေလည်း မည်းနေပြီ။ ကိုယ်လုပ်
ပေးမယ်..."စူပုပ်ပုပ် မဲ့တဲ့တဲ့မျက်နှာလေးနှင့် ချာတိတ်လေး က ဘေးထွက်ရပ်သွားသည်။ ခဏအကြာတော့
ချိန်းပြန်တင်သွားပြီမို့ စက်ဘီးကို ချာတိတ်လက်
ထဲ ပြန်အပ်ပေးလိုက်သည်။"မနက်တိုင်း.. ဈေးသွားတာလား.."
"မနက်တိုင်းမဟုတ်ပါဘူး..။ တနေ့ကဆို မုန့်ကျွေး
ဖို့လိုအပ်တာတွေ သွားဝယ်တာ။ မနေ့ကမသွား
ဘူးလေ။ ဒီနေ့ကကျ အင်း.. ဈေးသွားတာပေါ့.."ကျွန်တော်နဲ့ချာတိတ်ရဲ့ ဆက်ဆံရေးဟာ
အနည်းငယ်တိုးတက်လာသည် ထင်၏။
ချာတိတ်ဆီမှာ မနေ့ကမနက်ကလို ကျွန်တော့်
အပေါ် စိတ်ရှုပ်ထွေးနေသည့် ပုံစံတို့ မတွေ့ရပေ။
ကလေးတွေနှင့် သက်ကြီးပိုင်းတွေပဲ ရှိသော
ဒီဂေဟာမှာ ကျွန်တော်ဟာ ဒီချာတိတ်လေးနဲ့
တော့ အပျင်းပြေစကားပြောဖော် ရလိုရငြား
အတွေးဖြင့် အဆင်ပြေပြေရှိချင်မိပါသည်..။"ဒါနဲ့ စက်ဘီးလိုက်စီးလို့ရမလား.."
"ဟင်"
ကြောင်တောင်တောင်လေး ပြန်ကြည့်လာသည့်
ချာတိတ်အား ရီပြလိုက်ကာ.. စက်ဘီးလက်ကိုင်
ကို ဆွဲလိုက်သည်။"ကိုယ်တင်နင်းမှာပါ.."
အူလည်လည်ရုပ်လေးနဲ့ မျက်တောင်လေး
တချက်နှစ်ချက်ပုတ်ကာ ချာတိတ်က စက်ဘီး
နောက်ခုံပေါ် မရဲတရဲလေး တတ်ထိုင်လိုက်ပြီး
မှ..။