ဂေဟာဝန်းထဲဝင်လာဆိုကတည်းက ထူးဆန်းနေတာ..။ ခါတိုင်းကွင်းပြင်ထဲ ကစားနေကြတဲ့ ကလေးတယောက်စနှစ်ယောက်စ တွေ့ရတတ်သေး..။ သူ့ကိုလာကြိုတဲ့ ကလေးမလေး အချို့ကိုတွေ့ရတတ်သေး..။
တိတ်ဆိတ်နေတဲ့ဂေဟာဝန်းကို ချာလည်ပတ်လည် လည်အောင်ပတ်ကြည့်ရင်းမှ.. စာသင်ဆောင်ထဲပဲ ခပ်တုံ့တုံ့ဝင်လာလိုက်ရတယ်။
မိနစ်အနည်းငယ်ပဲစွန်းသေးရဲ့ ဒီအခြေအနေက
စဉ်းစားစရာမို့ စာသင်ဆောင်အပြင်ဘက်ထွက်
ကာ.. ကျွန်တော်အကဲခတ်မိသည်..။ မဟုတ်သေးပါဘူး... ။ ဘာလို့များ ဒီလောက်တောင် တိတ်ဆိတ်....။အဆောင်တွေတခုပြီးတခုကျော်ရင်း.. ဂေဟာ
အနောက်ဖက်ဆီရောက်မှန်းမသိရောက်လာခဲ့
သည်။ တဂုတ်ဂုတ်အသံကြားလို့ နံရံကိုအကာ
အကွယ်ယူကာ ချောင်းကြည့်မိတော့... ချာတိတ်လေး....။ရေတွင်းအသေးလေးနားမှာ ဆောင့်ကြောင့်
ထိုင်နေတဲ့ချာတိတ်ဟာ.. သူ့ရှေ့ခွက်အကြီးကြီး
ထဲမှ အဖြူရောင်အထည်ကြီးအား ရိုက်လိုက်
ပုတ်လိုက်နှင့်လျှော်နေလေသည်..။"ဘာလုပ်နေတာလဲ..."
မြင်ရက်သားနဲ့ကို ကျွန်တော်ကတော့... စကား
မရှိစကားရှာဖြစ်မိပြန်သည်..။"အမ်..."
ချာတိတ်က ရုတ်တရတ်မြင်လိုက်ရလို့ အံ့သြ
သွားပုံကလွဲ....။"စောင်လျှော်နေတာလေ..."
ကျွန်တော်ချာတိတ်ရှေ့သွားထိုင်လိုက်မိတယ်..။
ပီးတော့... စောင်စကိုတဖက်ကကိုင်ရင်း ကူလျှော်ပေးမိလိုက်သည်..။ ဒါကိုချာတိတ်က မျက်လုံးကလေးဝိုင်းလို့....။"ဘာလုပ်တာလဲ..."
"ကူလျှော်ပေးတာလေ။ တော်တော်ကြာ.. အလိုက်မသိတဲ့လူလို့ ထပ်အထင်ခံနေရဦးမယ်"
"မထင်ပါဘူး။ ဖယ်...။ ဒါကျွန်တော်ဘာသာ လုပ်နိုင်တယ်.."
မနက်စောစောစီးစီးတောင် နဖူးမှာချွေးစလေး
တွေမြင်နေရလောက်အောင် မောလွန်းနေတာ
ကို.... ဘယ်လိုလှည့်ထွက်သွားရက်ပါ့မလဲ။စိတ်ကြိုက်ပွတ်တိုက်ပြီးသား စောင်ပုံကြီးကို
ခွက်ထဲထည့်ကာ.. ချာတိတ်ကမတ်တပ်ရပ်လိုက်သည်။