Part 5 - Will our happy days last long?

2.7K 216 4
                                    

[Unicode]

Scene 12:

Jungkook နဲ့ Mirae တို့ တွဲနေကြပြီ... ကျောင်းက အပြန် သူတို့ နှစ်ယောက် မြစ်ကမ်းဘေးမှာ အတူတူ ရှိနေကြတယ်...

Mirae က ရုတ်တရက် ထပြီး မြစ်ကြီးဘက်လှည့်ခါ "Jeon Jungkook..." ဆိုပြီး အကျယ်ကြီး ကုန်းအော်လိုက်တယ်... ပြီးတော့ စပ်ဖြီးဖြီးနဲ့ Jungkook ဘက်လှည့်ကြည့်တယ်...

Jungkook ကလည်း အပြိုင် သူမဘေးနားမှာ လာရပ်ပြီး မြစ်ကြီးဘက်လှည့်ခါ "Song Mirae" လို့ အသံကုန်ခြစ်ပြီး အော်လိုက်တယ်... ဘာမှန်းမသိ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တစ်ခစ်ခစ်နဲ့ ရယ်နေကြတယ်...

Jungkook က ထပ်ပြီး "Song Mirae... naekkoya (you are mine)..." လို့ ထပ်အော်လိုက်ပြန်တယ်...

Mirae က Jungkook ဘက်ကို လှည့်ကြည့်ရင်း လက်လေးနှစ်ဖက်ယှက်လို့ခေါင်းလေးကို စောင်းခါ "awwwwwnnn..." လို့လုပ်ပြပြီး မြစ်ဘက် ပြန်လှည့်ခါ  ထပ်အော်တယ်... "Jeon Jungkook... baboya... (အရူးလေး)" တဲ့... ပြီးတော့ Jungkook ဘက်လှည့်ပြီး ပြောင်ပြလိုက်တယ်...

Jungkook တစ်ယောက် mirae အပြုအမူကြောင့် ရယ်လိုက်ရင်း "Mwaoya (ဘာလဲဟ)..." ဆိုပြီး Mirae ကို လိုက်ဂလိထိုးပါလေရော... သူမလည်း ရယ်ရင်း ပတ်ပြေးနေတော့တယ်... ကြည်နူးနေကြတာပေါ့...

~~~~~~~~~~

Scene 13:

Jungkook က Mirae ရဲ့  part-time အလုပ်ဖြစ်တဲ့ convenient စတိုးဆိုင်ကို ကျောင်းပိတ်ရက် ရောက်လာတယ်... ဆိုင်မှာလည်း Mirae တစ်ယောက်တည်း ဆိုတော့ customer မရှိတဲ့ အချိန်တွေဆို Jungkook က သူမ ရှေ့မှာ စလိုက်နောက်လိုက်နဲ့ မပျင်းရလေအောင် အမျိုးမျိုး လုပ်ပြနေတတ်တယ်...

လူတစ်ယောက်ယောက် ဝင်လာရင် ပေါတောတောလုပ်နေတာတွေရပ်ပြီး ရုပ်တည်ကြီး ဖြစ်ဖြစ်သွားတဲ့ Jungkook ကို ကြည့်ပြီး သူမ ရယ်နေရတာက ပိုများတယ်...

အခုလို သူမနှစ်သက်ရတဲ့ သူနဲ့ အတူတူရှိနေရတာ သူမအတွက်တော့ အပျော်ရွှင်ဆုံးပေါ့... သူမ စွဲလမ်းတဲ့ သူ့ရဲ့ အပြုံးတွေကို မြင်တွေ့ခွင့်ရနေရတာလည်း သူမအတွက် ဆုလဒ်ကြီး တစ်ခုပဲပေါ့...

အလုပ်ဆင်းတော့ ညဖက်မှောင်စပျိုးနေပြီ ဖြစ်တဲ့အတွက် သူမကို အိမ်အရောက် Jungkook သူမနဲ့အတူတူ လမ်းလေ ျှာက်ပြီး လိုက်ပို့ပေးတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now