Part 7 - I'm really sorry!

2.4K 212 4
                                    

[Unicode]

Scene 18:

Jungkook တစ်ယောက် ကျောင်းရောက်ပြီးခါမှ Suga ဆီက သတင်းကြားပြီးနောက် Mirae နဲ့ ရင်မဆိုင်ချင်တာကြောင့် အတန်းမတက်ပဲ အိမ်ပြန်လာခဲ့တယ်...

Jungkook ကုတင်ပေါ်မှာ ပက်လက်... ခြေနှစ်ချောင်းက အောက်ကိုချလို့ ကန့်လန့်ကြီး လှဲနေတယ်... လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး ရင်ဘတ်ပေါ်တင်ထားတယ်... နောက်လက်တစ်ဖက်ကို နှဖူးပေါ်တင်ထားရင်း မျက်လုံးကို တင်းတင်းစုံမှိတ်ထားတယ်...

ဖုန်းဆီက မက်ဆေ့ချ်ရောက်ကြောင်း vibration တုန်သွားတိုင်း သူ ဖုန်းကို ထောင်ထောင်ကြည့်တယ်... ဒါပေမယ့် chat ထဲကိုတော့ ဝင်မကြည့်ဘူး... သူဖတ်လိုက်ကြောင်း ဟိုဘက်မှာ ပေါ်သွားပြီး Mirae သိသွားမှာစိုးလို့...

သူမ မက်ဆေ့ချ်တွေကို သူပြန်ချင်ရက်သားနဲ့ မပြန်နိုင်တဲ့အတွက် စိတ်မကောင်းဘူး... ကိုယ့်ဘာကိုယ် စိတ်ပေါက်ပေါက်နဲ့ ဘေးက ခေါင်းအုံးကို ဆွဲယူပြီး နံရံကို ပစ်ပေါက်လိုက်တယ်...

"Ahhhhh!!!..." ဆို ပေါက်ကွဲစွာနဲ့ တစ်ချက်အော် လိုက်ပြီးနောက် ကုတင်ပေါ်မှာ လူးလှိမ့်နေမိတယ်...

~~~~~~~~~~

Scene 19:

Jungkook မလာတဲ့အဆုံး Mirae လည်း ကန်တင်းမှာ တစ်ယောက်တည်း ထမင်းဘူးလေး ရှေ့ချပြီး ထိုင်နေတယ်... ထမင်းဘူးကို ဖွင့်လိုက်ပြီး သူမ လုပ်လာတဲ့ ထမင်းလိပ်တွေကို ကြည့်ရင်း သက်ပျင်းတစ်ချက်ချလိုက်တယ်...

တစ်ယောက်တည်းပဲ မှိုင်တွေတွေနဲ့ ထမင်းလိပ်တွေ ပါးစပ်ထဲ တစ်ခုပြီး တစ်ခု ထည့်ဝါးနေမိတော့တယ်... သူမအတွေးတွေကလည်း သူ့ကို လိုက်ရှာရင်း အဝေးကို ရောက်နေပြီ...

~~~~~~~~~~

Scene 20:

ညဖက် Mirae သူမရဲ့ part-time အလုပ်မှာ တစ်ယောက်တည်း cashier ကိုင်နေရင်း customer ရှင်းတဲ့အချိန်ဆို အိတ်ကပ်ထဲက ဖုန်းကို ထုတ်ထုတ်ပြီး ကြည့်မိတယ်... Jungkook ဆီက မက်ဆေ့ချ်များ ရောက်နေမလားလို့...

ပစ္စည်းတင်တဲ့ စင်မှာ ပစ္စည်းတွေ စီနေရင်းလည်း ဖုန်းကို ထုတ်ထုတ် ကြည့်မိပြန်တယ်... call ဆိုတဲ့ ခလုတ်ကို မနှိပ်မိအောင် မနည်းထိန်းနေရတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now