Part 11 - Here, I come to you!

2.2K 201 8
                                    

[Unicode]

Scene 34:

Mirae အခု သတိပြန်ရလာတဲ့အချိန် သူမကို လက်နောက်ပြန် ကြိုးချည်ထားတာ သိရတော့ သူမ အတင်းရုန်းတယ်... ဒါကို ဟို gang leader က စားပွဲတစ်လုံးပေါ်ကနေ ထိုင်ပြီး ကြည့်နေတယ်...

"အပင်ပန်းခံပြီး ဘာလို့ ရုန်းနေရတာလဲ... မင်းကို ငါတို့က ဘာမှ လုပ်မှာ မဟုတ်ဘူး... မင်းချစ်သူ Jeon Jungkook လာတာကို အေးဆေး စောင့်နေစမ်းပါ..." လို့ ပြောလိုက်တယ်...

Mirae က အခုမှ အခန်းထဲကို ဝေ့ကြည့်လိုက်တယ်... သူမ ဂိုထောင် အလွတ်တစ်လုံးမှာ ရောက်နေတာပဲ...

ဟိုကောင့်ဘက်လှည့်ပြီး "နင်ဘာတွေ လာပြောနေတာလဲ... ငါ့မှ ဘာချစ်သူမှ မရှိဘူး... Jeon Jungkook ဆိုတဲ့သူကလည်း ရောက်လာမှာ မဟုတ်ဘူး..." လို့ ပြန်အော်ပြောလိုက်တယ်...

"ငါကတော့ အဲ့လို မထင်ဘူး... မင်းစောင့်ကြည့်နေပါ... အေးဆေးပေါ့... အချိန်တွေ အများကြီးရှိတယ်... ဟားဟားဟား..." gang leader က ခပ်သွမ်းသွမ်း ရယ်လိုက်ရင်း ပြန်ပြောတယ်...

mirae သူ့ကို ဘာမှ ဆက်မပြောတော့ပဲ မျက်စောင်းစူးစူး တစ်ချက်ထိုးလိုက်ပြီး သူမကို ချည်ထားတဲ့ ကြိုးကနေ လွတ်အောင် ကြိုးစားရင်း ထပ်ရုန်းနေတယ်...

ခဏနေတော့ ဂိုထောင်တံခါး တွန်းဖွင့်သံကြားရတယ်... နောက် Mirae အံ့သြရတာက Jungkook ရောက်လာတာကိုပဲ... သူမက အမှောင်ထဲမှာ ဆိုတော့ သူမကို သူမမြင်ရသေးဘူး...

Jungkook ဂိုထောင်ထဲကို မျက်လုံးဝေ့ကြည့်နေတုန်း "ဝိုး... ထင်တဲ့ အတိုင်းပါလား... မင်းရောက်လာတာပဲ... ပြောထားသလို တစ်ယောက်တည်းပဲပေါ့... ဟုတ်လား..." gang leader က အမှောင်ထဲကနေ ထွက်လာပြီး ပြောတယ်...

"အေး... မင်းမြင်တဲ့အတိုင်း တစ်ယောက်တည်းပဲ... mirae ဘယ်မှာလဲ?" Jungkook ကမေးတော့gang leader က လက်ဖျောက် တစ်ချက်တီးလိုက်တယ်... သူ့လူတွေ Mirae ထိုင်ခုံကို တွန်းပြီး အလင်းရောင်အောက် ခေါ်လာတယ်...

Jungkook သူမကို မြင်တော့ မှ "Mirae..." လို့ လှမ်းအော်လိုက်မိတယ်... ဆက်ပြီး "မင်းတို့ Mirae ကို အခုချက်ချင်း လွှတ်ပေး..." လို့ သူတို့ကို ပြောတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now