Happy 94's Day

3.2K 257 5
                                    

Happy Anniversary

လွမ်းတယ်

အရမ်းလွမ်းတယ်

အရမ်းသတိရတယ်

ရောက်နေတဲ့ စာကြည့်တိုက်ကြီးထဲမှာ
စာအုပ်တစ်အုပ်ကို စိတ်မပါဘဲ ကိုင်နေခဲ့တဲ့
ငါ မင်းကို အရမ်းတမ်းတ နေခဲ့တာ

သူများတွေအတွက် ဒီနေရာက ဘယ်လို အဓိပါ္ပယ်ရှိမလဲ
ငါမသိပေမဲ့
ငါ့အတွက်တော့ နေရာအနှံ့မင်းပုံရိပ်တွေချည်းပဲ

ဒီအချိန်မှာ မင်းနဲ့ စတင်ဆုံစည်းခဲ့တဲ့ ဒီနေရာကို
အရမ်းမုန်းနေသင့်တယ်မလား

ငါ ဒီနေရာကို ရောက်မနေသင့်သလို
အဲနေ့က အကြောင်းတွေကိုလဲ ပြန်သတိရမနေသင့်ဘူးလေ

မင်းလို နာမည်ကြီး ရမ်းကားဆိုးသွမ်းတဲ့ ကျောင်းသားက
ဒီလိုနေရာကို နေ့တိုင်းနီးပါး ရောက်လာတတ်တဲ့
အကြောင်းပြချက်ကို ငါမသိခဲ့သင့်သလို
ငါရဲ့အားလပ်ချိန်တွေကို ဒီစာကြည့်တိုက်မှာ အချိန်ဖြုန်းတတ်တဲ့ အလေ့အကျင့်ကို
စောစောစီးစီး ဖြောက်ဖျက်ခဲ့သင့်တယ်

အဲနေ့က ငါအိမ်ပြန်နောက်မကျခဲ့ရင်
အခုလို နာကျင်ရခံစားရမှာ မဟုတ်ဘူး
မင်းစတင် သင်ပြပေးခဲ့တဲ့ အချစ်ဆိုတဲ့အကြောင်းအရာကို
ငါ ရူးရူးမိုက်မိုက်မစမ်းသပ်ကြည့်ခဲ့သင့်ဘူးလေ

ဘယ်လိုမှ မစွန့်လွှတ်နိုင်တဲ့ အကြင်နာတွေကို မင်းပေးခဲ့တာ
ဘယ်သူနဲ့မှ မတူတဲ့ ချစ်ခြင်းမေတ္တာတွေကို
မင်းဖန်ဆင်းပေးခဲ့တာ
ဘယ်လိုမှ ပေါင်းစပ်လို့မရနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ
ရင်မှာ ပွေ့ပိုက်ထားဖို့ မင်းပဲသင်ပေးခဲ့တာ
ငါကြောက်တယ်
အဲဒီတုန်းက မကြောက်ခဲ့တဲ့ငါ
မင်းဘေးနားမှာ အတူရှိဖို့ ရူးမိုက်စွာ သတ္တိရှိနေတဲ့ငါ
အခု ငါ အရမ်းကြောက်တယ်

'' Bubble Tea ......တစ်ခွက် ''
'' ဘာအရသာနဲ့ပါလဲ ......ဧည့်သည် ''

*** Choco ......... Choco Bubble Tea
တစ်ခွက် ......... အရမ်း မချိုစေနဲ့ သူ အချိုတွေအရမ်းစားလွန်းတယ် ......***

ဘေးနားက ကောင်လေးတစ်ယောက်
သူ့ချစ်သူလက်ကို ကိုင်ကာ
ကြည့်နေတဲ့သူတွေကို ဂရုမစိုက်ဟန်
ဂုဏ်ယူဝံ့ကြွားဟန် နဲ့မှာနေပုံ ......
ဘေးက တစ်ယောက်ကတော့ အပြုံးနုလေးနဲ့
menu bar က စားစရာတွေကို မော့ကြည့်နေသည်
ဖြူစင်လိုက်ကြတာ

One Shot CollectionWhere stories live. Discover now