SOME
ဟော ကြားရပါပြီ
အနှီသကောင့်သားရဲ့
ခိုးခိုးခစ်ခစ်ရယ်သံတွေနဲ့အတူ
ခြေသံရှပ်ရှပ်တွေအိမ်ကအကိုတော် ၂ယောက်ကိုဘယ်လိုတွေ အတင်းအဖျင်းချပြီးမှ
လာမလဲမသိ
'' Kim ......... Kai ......... ''
အော်သံနဲ့အတူ ပိကျလာတဲ့ ခပ်လေးလေးခန္ဓာကိုယ်'' Yah ......... ရူးနေလား ......
ဖယ်စမ်းကွာ အိပ်နေတာကို ...... ''
တုပ်တုပ်မှ မလှုပ်မယှက် ဖိထားတဲ့ Oh Se Hun'' ဖယ် လို့ပြောနေတယ်နော် ......... ''
နည်းနည်းလေးမှကို မရွေ့'' ကဲကွာ ...... ကဲကွာ ...... ''
ကိုယ်ပေါ်မှာဖိထားတဲ့ ခန္ဓာကိုယ်ကို ခြုံထားတဲ့စောင်နဲ့
ဆွဲပတ်ကာ အပေါ်ကနေ တက်ခွဖိတက်ရင်း
နှစ်ချက်လောက် တက်ဆောင့်ပစ်လိုက်သည်ထိုမှအားမရသေး ထိုစောင်ထုပ်အပေါ်ကနေ အားရပါးရ
ဇိမ်ကျကျ ဖိကာဆက်အိပ်နေလိုက်သည်
အသက်ရှူကြပ်စမ်းကွာ
တော်ပြီ နောက်မလုပ်တော့ဘူး အော်စမ်းကွာအတန်ကြာသည်အထိ နည်းနည်းမှ မလှုပ်
ခေါင်းအထိ လုံးထွေးဖိထားတဲ့ စောင်ထူထူအောက်မှာ
ဘယ်လိုအသက်ရှုနေလဲ
'' Yah ...... ''ဖွ လွဲပါစေ
အသက်ရှုမရပဲ ဖိသတ်လိုက်သလိုများ ဖြစ်သွားပြီလား
ဘုရား ဘုရား Oh Se Hun ကိုများ သတ်လိုက်မိတာလား
အတွေးနဲ့တင် ပြာပြာသလဲ စောင်ထုတ်ကို ဖြည်လိုက်သည်ဘယ်လိုများ လုပ်လိုက်မိလဲမသိ
မနည်းပြန်ဖြည်နေရသည်
'' Se Hun ...... ''စောင်ပုံထဲက ချွေးတွေရွှဲစိုကာ ပျော့ခွေထွက်လာတဲ့
သူ့ကို လှုပ်နိုးလိုက်သည်
'' Hun ......... ဟျောင့် .........
Yah Oh Se Hun ထစမ်း ...... ''ချွေးတွေရွှဲနေတဲ့ သူ့ဆံပင်ပျော့ပျော့တွေကို ကမန်းကတန်းသပ်ပေးရင်း
ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်
နှာခေါင်းနားကို အသာလက်ထားကြည့်တော့
အသက်မရှူတော့'' Jun Myeon Hyung ............
Jun Myeon Hyung ...... လာပါဦး ...... ''
အားကိုးတကြီး တတ်သိနားလည်တဲ့ အိမ်ရဲ့တစ်ဦးထဲသော မူပိုင် ( ကျောင်းမပြီးသေးလို့ လက်မှတ်မရသေးပေမဲ့
ဝမ်းချုပ်တာ ...... အစာမကြေတာလောက်တော့ အသုံးဝင်သည့် ) ဆရာဝန်ကို အားကိုးတကြီးလှမ်းအော်ခေါ်လိုက်သည်