~Forget-me-not~
ခပ်စူးစူး အလင်းရောင်ရဲ့ လှုပ်နှိုးမှုကြောင့်
မျက်ခွံတို့ကို မဖွင့်ချင်ဖွင့်ချင် ဖွင့်လိုက်ရသည်
ခပ်ဖြေးဖြေးပွင့်သွားတဲ့ လိုက်ကာစ ထူထူကြီးက
နေ့သစ်တစ်ခုကို လှစ်ပြနေသည်
ညကများ Auto ဖွင့်ဖို့ Alarm လုပ်ထားလိုက်မိလေသလားညက ဘယ်နှနာရီမှာ အိပ်ရာဝင်ခဲ့လဲ
မမှတ်မိ .........
ဘယ်နှနာရီထိုးပြီလဲ ............
အကြည့်တို့က အိပ်ယာဘေးက စားပွဲတင်နာရီကိုရောက်သွားတော့
မနက်၇နာရီတိတိက ကြိုဆိုနေသည်ပန်းရောင် စာရွက်လေးတစ်ခုက
နာရီပေါ်တွင် ဆီးကြိုလို့'' Good Morning .........
Oh Se Hun ......... ''Oh Se Hun ............
အင်း ............ Oh Se Hunမျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်သပ်လိုက်တော့ အေးစက်စက် အထိအတွေ့တစ်ခု
လက်စွပ်တစ်ကွင်းက ညာဘက်လက် လက်ခလယ်တွင်နေရာယူထားသည်
ဘာကိစ္စ ဝတ်ထားမိလဲမသိ ချွတ်ဦးမှပါ ....ဖင့်လေးစွာ ရေချိုးခန်းထဲ မျက်နှာသစ်ဖို့ ထလာခဲ့သည်
သွားတိုက်တံ အဝါရောင်လေးကို တစ်ခုထဲမြင်ပေမဲ့
မျက်စိထဲ တခုခုလှစ်ဟာနေသလို
အစိမ်းရောင်တစ်ခုရှိရင် သိပ်ကောင်းမှာပဲအတွေးကိုဖြတ်ကာ တစ်ခုထဲသောသွားတိုက်တံကို ယူပြီး သွားတိုက်ဆေးထည့်ကာ မှန်ကိုကြည့် သွားတိုက်မိတော့
လှုပ်ရှားနေတဲ့လက်တွေ အလိုလို ရပ်တန့်သွားသည်
မှန်မှာကပ်ထားတဲ့ ပန်းရောင် စာရွက်လေး' ရေနွေးနဲ့ ချိုး ............ အကြာကြီး မချိုးနဲ့ Hunnie ...
တဘက်က အပေါ် ညာဘက် ဘီရိုလေးထဲမှာ ...'အသာထိကြည့်ကာ စဉ်းစားမိသည်
ကျွန်တော့်နာမည် Hunnie လား
Oh Se Hun ပေါ့ ............ရေစိုနေတဲ့ ခေါင်းကိုသုတ်ရင်း အဝတ်ဘီရိုကိုဖွင့်ပြန်တော့ နေရာအနှံ့မြင်နေရတဲ့ ပန်းရောင် စာရွက်လေးတွေ
' အပြင်သွားဖိုဆို ဒီအင်္ကျီလေးဝတ်တာပို ကောင်းမယ် '