Webtoon*K*{2}

981 107 3
                                    

ချောလွန်းသည်။ဆွဲဆောင်မှုရှိလွန်းသည်။
အရာရာပြည့်ဆုံလွန်းလို့ နတ်သက်ကြွေလာသည့် နတ်သားများလားဟုဆိုပြီး မေးပဲမေးနိုင်လွန်းသည့် Interviewerတွေ…

အမြဲတမ်းအောင်မြင်မှုများစွာကို သိမ်းပိုက်ခွင့်ရရှိအောင်  ဖန်တီးပြုလုပ်
အားပေးနေကြသည့် သူချစ်ရပါသော
သူ့ကိုချစ်ပေးကြတဲ့
ကမ္ဘာတဝှမ်းလုံးရှိ Meigeni Fanများအားလုံး………………

စသည့်စသည့် မရေမတွက်နိုင်လောက်အောင်များပြား
လှသည့်  လူအများ၏  ပါးစပ်ဖျားတွင်
ရေပန်းစားနေသော သူ………………

နာမည်အရင်းက WU YI FAN ဖြစ်ပြီး
အနုပညာနာမည်ကတော့ KRIS ဆိုသည့်
နာမည်ဆန်းလေးကို ပေးထားလေသည်။

အရပ်အမြင့်၆ပေ၂လက်မနှင့် အချိုးကျပြေပစ်သော ခန္ဓာကိုယ်အမျိုးအစားပေါ်တွင်  ဘယ်လိုဒီဇိုင်းမျိုးဝတ်ဝတ် သူနှင့်အမြဲတမ်း
Prefect ဖြစ်နေပြန်ပေသည်။

အရေးအကြီးဆုံးမျက်နှာအပိုင်းတွင်တော့
လူအများအပြား မေ့မျောသေဆုံးစေနိုင်လောက်သည့်
မျက်ခုံးထူထူနက်နက်အောက်မှ စူးရှသော
အကြည့်များ …………………………………………

မျက်လုံးမျက်ဖန်  သေလောက်အောင်လှပြီး မျက်ရစ်လေးတွေ
မတိုလွန်းမရှည်လွန်းသည့်မျက်တောင်မွှေး
ကော့ကော့လေးတွေက သူ၏ ပြည့်စုံလွန်းသော အရာများကို ပိုပြီးထပ်ဆောင်းအားဖြည့်ပေးနေသလို……

နှာတံစင်းစင်းလေးတွေရဲ့အောက်
ပန်းနုရောင်နှင်းဆီဖူးလေးက ဘယ်အချိန်ကြည့်ကြည့် ကြည့်မိသူတိုင်း၏ရင်ကို အင်အားပြင်းငလျင် တစ်ခုရိုက်ခတ်သွားစေသလိုမျိုး
ဆွဲဆောင်စေနိုင်ခဲ့သည်။

နောက်ဆုံး ပြည့်စုံလွန်းပါသည်ဆိုသည့်
သူ့တွင် ပို၍ Prefect ဖြစ်စေပြန်သော

မြင့်မားလွန်းသည့် အရပ်အမြင့်နှင့်လိုက်ဖက်စွာ
တည်ရှိနေလေသော
လက်ချောင်း သွယ်သွယ်လေးများ………

ကမ္ဘာတဝှမ်းလုံးရှိ မိန်းခလေးထုများ
သဘောကျ အားကျဖြစ်နေသည့်  လက်သွယ်သွယ်များက  သူ့တွင်
လိုက်ဖက်စွာ ရှိနေပြန်လေသည်။

Webtoon *K*Where stories live. Discover now