Webtoon*K*{3}

791 115 4
                                    

မသေသပ်သော အခန်းငယ်အတွင်း
စက္ကူစများဖြင့် ပို၍ ရှုပ်ပွစေလေသည်။

ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲလျှက်ရှိနေသည့်
ထိုပုံဆွဲ စာရွက်များပေါ်တွင်  မပီပြင်သော မျက်နှာအနေအထားများ…………………

ဟာသဆန်သော ဇာတ်ကောင်
ပုံစံလေးများ ……………………………………

တစ်ချို့ စာရွက်တွေမှာဆို   မျက်လုံးပင်မပါသော  လူမျက်နှာမကျ ဘာမကျ  ခဲခြစ်ရာများသာ ~~~~~~~

ဤ သို့ အဆင်မပြေမှုများစွာဖြင့် Webtoon စာရေးဆရာ ChanYeol သည် အတော်လေးကို စိတ်ရှုပ်ပြီး စိတ်ပျက်စပြုလာလေဟန် ရှိလာတော့သည်။

လေးထောင့် မျက်မှန်အမည်းကို အသာချွတ်၍   အချိန်အတော်ကြာ
အလုပ်ပေးထားမိသည့် သူ၏မျက်လုံးများအား   အနားယူစေရန်
အလို့ငှာ ရှုပ်ပွနေသော  စားပွဲပေါ်သို့
မှောက်ကာ မျက်လုံးမှိတ်လျှက် အငြိမ်ပေးနေလိုက်သည်။

'°´°´°'°´°'°´°'°´°'°´°'°´°'°´°'°´°'°´°'°´°'°´°'°´°'°´

တီ ~~~~~~~~

ဘယ်ကဘယ်လို ရုတ်တရက်ပွင့်သွားမှန်းမသိသော
Webtoon ရေးဆွဲရာတွင်အသုံးပြုသည့်
Tablet ကြောင့် ChanYeol သည် မှောက်အိပ်နေရာမှ ဆက်ခနဲနိုးထလာပေတော့သည်။

ထို့နောက် ……… သူ၏  စိတ်အစဉ်တို့ ပြန်လည်လန်းဆန်းလာပြီဖြစ်၍
တဆက်တည်းမှာပင် ChanYeolသည်
Tablet ကိုမပိတ်တော့ပဲ … ပုံဆွဲရန်သာပြင်ဆင်လိုက်သည်။

စဉ်းစားထားသမျှ ဒုတိယ ဇာတ်ကောင်အတွက်
မျက်နှာပုံသဏ္ဍာန်ကို ရေးခြစ်ဖို့ ……………………

Tablet မှန်သားပြင်ပေါ်သို့ သူ၏ လက်ရွယ်လက်သည်နှင့်ပင်…………………………

ထူးဆန်းစွာ ခပ်ရေးရေးပေါ်လာသော
မျက်နှာအသွင်အပြင်တစ်ခု……………………………

ချက်ချင်းကိုပင် ChanYeolသည် သူ၏ မျက်မှန်ကို ကောက်ကာငင်ကာ ယူတပ်လိုက်ရင်း
Tablet မှန်သားပြင်က ပုံရိပ်ကို သေသေချာချာ
ကြည့်မိလိုက်သည်။

သို့ပေမဲ့ ထိုပုံရိပ်ကို သူခပ်ရေးရေး မပီပြင်ဝိုးတဝါး
မြင်လိုက်ရအပြီးမှာပဲ ………… ChanYeolသည်
အမှောင်ကမ္ဘာထဲသို့  ခေတ္တမျှ အလည်ရောက်ရှိသွားသလိုမျိုး  သူကောင်းစွာသိရှိခံစားမိတော့သည်။

Webtoon *K*Where stories live. Discover now