Webtoon*K*{5}

775 92 2
                                    

စာကြည့်မျက်မှန်ပုံစံလို လေးထောင့် မျက်မှန်အမည်းကြီးကို တပ်ကာ  Hoodie ခေါင်းစွပ်အင်္ကျီအား ဒူးပြဲ ဂျင်းဘောင်းဘီအရှည်ဖြင့် တွဲဖက်ဝတ်ဆင်ထားလိုက်သေးသည်။

ပြီးတော့………Supremeဦးထုပ်ကိုဆောင်း၍ အပေါ်မှ Hoodie ခေါင်းစွပ်ကို ထပ်စွပ်ထားလိုက်သေးသော  သူ့ပုံစံမှာ တော်တော်လေးကို အချိုးမပြေသလိုပင်ဖြစ်နေရော့ပြီ။

ဒီလိုမျိုး ဝတ်ဆင်တယ်ဆိုတာက သူ့စတိုလ် မှလုံးဝမဟုတ်ချေ။

" OK………လုံးဝPrefectပဲ wuri Hyungကတော့
ဘာဝတ်ဝတ်လိုက်တယ် "

ကစားကွင်းသွားမည့် အစီစဉ်မှာ လူမသိသူမသိ ခိုးသွားဖို့အရေး  အားကျိုးမာန်တက်ပြင်ဆင်ပေးနေသည်က
အပြင်ထွက်ချင်လွန်းနေသော သူ၏ချာတိတ်လေး

" ချာတိတ်ရာ Hyung တခြားဟာတွေ ဝတ်လို့မရဘူးလားဟင် ။ ဒါမျိုးက Hyung  စတိုလ် မဟုတ်ဘူး ။ဝတ်ရတာ အဆင်မပြေသလိုပဲကွာ ချာတိတ် "

ဇစ်ကိုဆွဲချ၍ Hoodie ကိုပြန်ချွတ်မည် ပြင်နေသာ YiFanတစ်ယောက် ဇစ်ကို အလယ်တစ်ဝက်အထိတောင် ဆွဲမချလိုက်ရရှာပါဘူး…………

ချာတိတ်လေးလက်တစ်စုံက သူ့လက်လှလှလေးတွေပေါ်အုပ်ကိုင်ရင်း
ဇစ်ကို နေရာတကျ ပြန်တင်ပေးနေတော့သည်။

ပြီးတော့ မျက်နှာလေးမဲ့ရွဲ့ကာ  ပါးစပ်ကလည်း ပွစိပွစိ ပြောလိုက်သေး………………………………

" Hyung နော် ကစားကွင်းသွားပါတယ်ဆိုနေမှ
လူမမိအောင် ရုပ်ဖျက်ပေးထားတာ စေတနာနဲ့

ကဲအခုလိုပုံစံဆို Hyung မှန်းသေသေချာချာမသိနိုင်လို့  ကျွန်တော်တို့တွေ အေးအေးဆေးဆေး လျှောက်လည်လို့ရတာပေါ့လေ။

တကယ်လို့ မဝတ်ချင်ဘူးဆိုလည်း  Hyung သဘောပဲ………ကျွန်တော်က Hyung အိမ်မှာကပ်နေရတဲ့ သူဆိုတော့ Hyung စေလိုရာစေပဲ။ အပြင်လိုက်မပို့ချင်လဲရတယ် အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပေးမယ် "

" arnyi ^^^ ဝတ်မယ်နော် ချာတိတ်  …………
အပြင်မှာအေးနေတာနဲ့ အတော်ပဲပေါ့ ………
Gomawow ချာတိတ် ……………………………
ကဲအားလုံးပြီးပြီဆိုရင် Hyung တို့သွားကြရအောင်လေ ချာတိတ် "

Webtoon *K*Where stories live. Discover now