၂၀၁၆ ဖေဖော်ဝါရီလ
၂၉ ရက်။တရိပ်ရိပ်နဲ့ဖြတ်သွားနေတဲ့ ခေါင်မိုးဖြူဖြူ။ ပြေးလွှားနေတဲ့ ဂျူတီကုတ်နဲ့ဆရာဝန်တွေ။
ကျွန်တော့်နာမည်ကိုခေါ်ပြီး ကျွန်တော့်မျက်လုံးကို
လက်နဲ့ဖြဲကြည့်နေတဲ့ ဆရာဝန်ကြီး။
ငိုကြီးချက်မနဲ့ငိုနေတဲ့ မေမေ။
မေမေ့ကို ဖက်ထားတဲ့ ဖေဖေ။ဖေဖေ့ လက်ထဲကနေရုန်းထွက်ပြီး ကျွန်တော့်လက်
ကိုလာရောက်ဆုပ်ကိုင် ထားတဲ့ မေမေ့ရဲ့လက်နွေး
နွေးနဲ့ ကျွန်တော်က ဆုပ်ကိုင်ထားမိတဲ့ အေးစက်
နေတဲ့ လက်တစ်ဖက်…။••••••••••••••••••••••••••••••••
ဖတ်လက်စ ဒိုင်ယာရီစာအုပ်လေးကိုပိတ်ပြီး ကုတင်
ပေါ်စိတ်ပျက်လက်ပျက်လှဲချလိုက်မိသည်။ မှတ်ဥာဏ်ထဲ တစ်စုံတစ်ခုများပေါ်လာမလားလို့
စဉ်းစားကြည့်ရင်းကခေါင်းကိုက်လာတာပဲအဖတ်
တင်တာမို့ တောက်တစ်ချက်ကို ခပ်ကျယ်ကျယ်
ခေါက်လိုက်သည်။"…ဝိုး… ဘာဖြစ်တာလဲကွ?!..."
ကျွန်တော့်ကိုအပေါ်ကမိုးပြီး စိုက်ကြည့်နေတဲ့ သူ့
မျက်နှာကိုမထိအောင် လက်နဲ့လွှဲရိုက်လိုက်သည်။"သွားစမ်းကွာ…"
ကျွန်တော့်ရဲ့စိတ်ထဲကအရာတွေကို ထွင်းဖောက်မြင်
နေသည့်အလား သူ့ဆီကဘာသံမှ မကြားရတော့။
ကျွန်တော်နာကျင်နေရရင် သူလည်းထပ်တူနာကျင်
ရပါတယ်ဆိုသူက တကယ်ပဲကျွန်တော်နဲ့စိတ်ချင်း
ဆက်နေတယ်နဲ့တူပါတယ်။
အချိန်အတော်ကြာသည်အထိ ဘာစကားမှမကြား
တော့တာမို့ကျွန်တော်မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်ကြည့်လိုက်သည်။"…အချိန်တန်ရင်တော့ မင်းသိချင်တာတွေ သိလာ
ရမှာပါကွာ…"ကျွန်တော့်ကိုလက်ပြနှုတ်ဆက်ကာ အခန်းနံရံထဲ
တိုးဝင်ပျောက်ကွယ်သွားတဲ့ သူ့ကိုကြည့်ရင်း
ကျွန်တော် တစ်ချက် စုတ်သပ်လိုက်သည်။တစ်ခါတစ်လေကျရင် ကလေးဆန်တတ်ပြီး တစ်ခါ
တစ်လေကျရင်လည်း နားမလည်နိုင်တဲ့စကားတွေ
သိပ်ပြောတတ်ပါလား Wu Yi Fan ရယ်…။**********************************
ရေးပြန်ပြီနော်… ဟီးးး
KrisYeolပိုးတက်တုန်းကောက်ရူးထတာပါ။SeBaek ရေးပေးမယ်လည်းပြောထားတော့ SeBaek လည်းလာပါ့မယ် ^^