အပိုင်း ( ၁ )

2.6K 188 1
                                    

"Park Chanyeol-sshi… ဒီရုပ်ပုံလေးတွေကို
ဘယ်လိုမြင်လဲ ပြောပြပေးပါနော်…"

"Park Chanyeol-sshi… ဒီရုပ်ပုံလေးတွေကို
ဘယ်လိုမြင်လဲ ပြောပြပေးပါနော်…"

ရှေ့ကိုထိုးပေးလာတဲ့ ကတ်ပြားလေးတွေကို ကြည့်
ချင်ပေးမယ့် ကျွန်တော့်စိတ်က ရှေ့ကဆရာဝန်ဘေး
မှာနေပြီး ဆရာဝန်ပြောသမျှလိုက်ပြောပြီး ဆရာဝန်
လုပ်သလိုလိုက်လုပ်နေတဲ့ သူတစ်ယောက်ဆီသာ
ရောက်နေသည်။

"Park Chanyeol-sshi…"

ဆရာဝန်ခေါ်နေတာကိုကြားပေမဲ့ ကျွန်တော်ကတော့ ဆရာဝန်နောက်ကနေ ကျွန်တော့်ကိုလျှာထုတ်ပြောင်ပြနေတဲ့ သူ့ကိုသာ
မျက်စောင်းထိုးပစ်လိုက်သည်။

"သားလေး… Yeollie ဆရာမေးတာ ဖြေလိုက်ဦး
လေ…"

"သြော်… ဟုတ်"

•••••••••••••••••••••••••••••••••••

"မင်းနောက်တစ်ခါ အဲ့လိုလုပ်ရင် ငါ့အနားမှာနေလို့
မရအောင်လုပ်ပစ်မှာနော်…"

"မင်းက ငါ့ကို… ဘယ်လိုလုပ်မှာလဲပြောကြည့်ပါဦး"

ကျွန်တော့်စကားကိုအလေးမထားသလို ရယ်ရင်း
ပြောနေတဲ့ သူ့ကိုမျက်စောင်းနာနာ ပိတ်ထိုးလိုက်
ရင်း

"ပယောဂ ဆရာဆီကအဆောင်တွေ လက်ဖွဲ့တွေ
တောင်း-"

အားရပါးရပြောနေတုန်း ယောကျာ်းလေးအိမ်သာ
ထဲ သန့်ရှင်းရေးလုပ်တဲ့ ဦးလေးကြီးဝင်လာတာမို့
ပြောနေတဲ့ စကားတွေရပ်တန့်လိုက်ရသည်။ ဒါကို
ပင်သကောင့်သားက အားရပါးရယ်နေသေးသည်။
သန့်ရှင်းရေး ဦးလေးကြီးမမြင်အောင် လက်သီး
ထောင်ပြ၍ အသံတိတ်ကျိန်ဆဲလိုက်သည်။

"မထားသင့်တဲ့ သံယောဇဉ်ဆိုရင် အစကတည်းက
ဖြတ်ခဲ့သင့်တယ်…"

ကျွန်တော့်ဘက်ကို လှည့်ပြီးပြောပေမဲ့ ဦးလေးကြီး
မျက်လုံးတွေက Yi Fan တည့်တည့်ကိုကြည့်နေ
သည်။ မသိရင် Yi Fan ကိုတည့်တည့်ကြည့်ပြီး
ပြောနေသလို။
အခန်းထဲကကျောချမ်းသလိုဖြစ်လာတာမို့ ဦးလေး
ကြီးကို ကျော်ပြီး အခန်းထဲက အပြေးတပိုင်းထွက်
လာမိသည်။

ချစ်သော ထက်ပိုသည့် Where stories live. Discover now