ခွဲခွါခြင်း၏ အစ

1.6K 204 23
                                        

ဆောင်း​လေရူးသုန်​သုန်​က တဟုန်​ဟုန်​​ဝေ့လို့ ​ချောင်းနံ​ဘေး​ကျောက်​​ဆောင်​ငယ်​ထက်​က Chanyeolမင်းသား​လေးရဲ့ ဆံနွယ်​​ပျော့​လေး​တွေဟာလည်း ​လေရူးရဲ့အခစားဝင်​မှု​အောက်​မှာ ​မျောလွင့်​လို့​နေတယ်​။
သူအုပ်​ချုပ်​ရ​တော့မယ့်​လျှို့ဝှက်​စစ်​တပ်​ဟာ မင်းသား​လေးရဲ့ ​လက်​​အောက်​မှာအတည်​တကျရှိခဲ့ပြီ...။
အချိန်​တန်​လာတာကိုသိ​နေခဲ့ပါရက်​ မခွါနိုင်​တဲ့စိတ်​အစဉ်​ဟာချစ်​သူရှိရာ ​နေရာမှာ ဝိဥာဉ်​တစ်​ခုလို တ​ဝေ့​ဝေ့လည်​​နေဆဲ...။
"Chanyeol မင်းသား​လေး..."
နှုတ်​ဖျားက​ကြွေကျတဲ့ဖွဖွခွန်းချိုတဲ့​ခေါ်သံဟာ ချစ်​သူ့မျက်​ဝန်းကြည်​ကြည်​ရဲ့​တောက်​ပမှု​အောက်​မှာ​ပျောက်​ဆုံးတယ်​...။
ဖူးငုံငုံနှုတ်​ခမ်းလွှာအိအိကို ဖိဖိ​လေးကပ်​မိ​တော့ ​တောက်​ပတဲ့ မျက်​ဝန်းနက်​​လေး​တွေကို ယှက်​ဖြာတဲ့မျက်​​တောင်​စိပ်​စိပ်​ကအလန့်​တကြားကွယ်​ကာသွားကြတယ်​...။
မျက်​နက်​ဝန်း​တွေကိုမမှိတ်​လိုက်​ပါနဲ့ချစ်​သူရယ်​...။
ဒီအချိန်​​လေးလွန်​သွားခဲ့ရင်​ ကိုယ်​မင်းကိုထပ်​မ​တွေ့ရမှာစိုးရွံ့မိတယ်​..။
မြင်​​နေရက်​နဲ့​တောင်​ တ​မြေ့​မြေ့လွမ်းတဲ့အလွမ်းကို တ​ငွေ့​ငွေ့ကျွမ်းတဲ့အနမ်းနဲ့ကုစားပါရ​စေအုန်း...။

ချစ်​ရသူရဲ့အထိအ​တွေ့​တွေကို​ဝေးရမယ့်​သုံးရက်​တာကိုဘယ်​လို​ကျော်​ဖြတ်​ရပါ့...။
သုံးရက်​တည်းရယ်​ပါချစ်​သူရယ်​.. ဘယ်​လို့​ကြောင့်​များတသက်​​ဝေးရ​တော့မလိုခံစား​နေရတာပါလိမ့်​?..။

နူးညံ့တဲ့ ဖဲ​မွေ့ယာထက်​မှာချစ်​သူကိုယ်​​လေး​နွေး​နွေးကိုယ်​သိမ်းဖက်​ထားရချိန်​​ပျော်​ရွှင်​မှုဟာ နှိုင်းဆပြစရာမရှိခဲ့..။
"Yifan သခင်​​လေး.."ဆိုတဲ့​ခေါ်သံချိုမှာ တင်းထားသမျှစိတ်​ခွန်​အားတို့အရည်​​ပျော်​ကျတယ်​...။
အိပ်​မက်​​လေးလှပါ​စေချစ်သူ...။
ရှေ့ဆက်​ရင်​ဆိုင်​ရမယ့်​ပင်​ပန်းမှု​တွေကို ကိုယ့်​ရင်​ခွင်​မှာရှိ​နေချိန်​​မေ့ထားလိုက်​ပါ...။
နွမ်းနယ်​မှု​တွေကိုအပန်း​ဖြေလိုက်​ပါအုန်းချစ်​သူရယ်​..။
အိပ်​စက်​​နေမယ့်​ချစ်​သူ့မျက်​နှာကိုတဝကြီးကြည့်​ရင်း ​ဝေးကွာရမယ့်​အချိန်​​တွေကို အင်​အားဖြည့်​ပါရ​စေ..။
ရောင်​နီလာရင်​ကိုယ်​ခဏအ​ဝေးကိုသွားရမယ်​..။
မင်းရဲ့တစ်​ဦးတည်း​သောမိသားစုဝင်​ကိုကယ်​ဖို့​လေ..။
နှုတ်​မဆက်​ခဲ့ဘူးချစ်​သူရယ်​..ကိုယ်​ပြန်​လာခဲ့မယ်​...ခဏ​ဝေးကွာမှုကကိုယ်​တို့ကိုပိုချစ်​လာ​စေမယ်​မဟုတ်​လား?..။
နိုးလာခဲ့လို့ကိုယ့်​ကိုများမ​တွေ့ရင်​မငြိုငြင်​ပါနဲ့​နော်​..။ကိုယ်​ပြန်​လာပါ့မယ်​ချစ်​သူရယ်​....။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
"Thomas.. Chanyeol​လေးကိုခဏကြည့်​ထား​ပေးပါ​နော်​.."
Thomasဟာခါတိုင်းလိုပဲယုံကြည်​စရာအပြုံးနဲ့​ခေါင်းငြိမ့်​တယ်​..။
ပြန်​လာမယ်​​ပြော​ပေမယ့်​ဘာလို့များအမြဲ​ဝေးကွာရ​တော့မလိုခံစား​နေရပါလိမ့်​?..။
နှစ်​​ပေါင်းများစွာသိုဝှက်​ခဲ့တဲ့အချစ်​ကိုမသိုဝှက်​နိုင်​​တော့တဲ့အချိန်​မှာဒီလိုပဲဖြစ်​တတ်​​လေသလားချစ်​သူ..။
သေချာတာ​တော့စက္ကန့်​တိုင်းမှာလွမ်း​နေရ​တော့မှာပဲ....။
မြင်းခွာသံတ​ဖြောင်း​ဖြောင်းဟာ အိမ်​​တော်​က​ဝေးကွာသွားချိန်​ .. Chanyeolမင်းသား​လေးနိုးလာခဲ့တယ်​...။
နိုးနိုးချင်းတမ်းတမိတဲ့ရင်​ခွင်​ဟာ အ​ဝေးကို​ရောက်​​နေခဲ့တာသိပ်​ကို ထိခိုက်​နာကြင်​ဖို့​ကောင်းလွန်းတယ်​..။
ဖြစ်​ချင်​တဲ့ဆန္ဒကအရာအားလုံးကိုစွန့်​လွှတ်​ပြီး Yifanသခင်​​လေးရဲ့Yeolအဖြစ်​ထာဝရ​နေသွားဖို့..။
ဖြစ်​လာခဲ့တဲ့ အ​ခြေအ​နေမှာ​တော့ချစ်​သူဟာကိုယ့်​ထက်​တာဝန်​​တွေကိုသာအ​လေး​ပေးခဲ့တာ..။
Jieကိုသွားကယ်​တယ်​ဆိုလဲ အကျိုးအ​ကြောင်း​လေး​ပြောခဲ့​ရော​ပေါ့​လေ..။
အခု​တော့ နှုတ်​​ဆက်​စကားတခွန်းမဆိုပါပဲတည်​ငြိမ်​စွာထွက်​ခွါနိုင်​ရက်​သူ..။
နားမလည်​လို့မဟုတ်​ နားလည်​​နေခဲ့သည်​..။
တားမြစ်​လာမည်​..စိုးရိမ်​မည်​.
အတူတကွလိုက်​ချင်​လိမ့်​မည်​ဆို​သောအ​တွေး​တွေနဲ့ထားခဲ့သည်​ဆိုတာ..။
ကာကွယ်​​ပေးချင်​ခဲ့တာဆိုတာ..မြတ်​နိုးလွန်းလို့ထားခဲ့သည်​ဆိုတာ...။
ပြန်​လာခဲ့ပါချစ်​သူ..။နှစ်​သိမ့်​အနမ်းနဲ့ကြိုပါ့မယ်​..။
မခွဲခွာပဲထာဝရအတူ​နေချင်​မိတာပါချစ်​သူရယ်​..။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
အ​မှောင်​ရိပ်​လွှမ်း​သော ည​နေခင်းဟာ မ​ကောင်းဆိုးဝါးတ​ကောင်လို တရိပ်​ရိပ်​ဖ​လောကကိုဝါးမြို​နေတယ်​...။
မြို့ပြင်​လူသတ်​ကွင်းရဲ့အလည်​မှာ Victoria သခင်​မဟာ ကြိုးတုပ်​ခံထားရတဲ့အ​နေအထား..။
ရိုင်းလိုက်​ကြတာ.. နိုင်​ငံတစ်​နိုင်​ငံရဲ့သခင်​မကိုဒီလိုလူမသိသူမသိအစ​ဖျောက်​မယ်​တဲ့လား..။
ဒါကပဲသခင်​မကိုကယ်​တင်​ဖို့လွယ်​​စေခဲ့သည်​မဟုတ်​လား...။
အ​စောင့်​အ​ကြပ်​သုံးဆယ်​​ကျော်​ကိုရှင်းထုတ်​အပြီးမှာ သူတို့အဖွဲ့ဟာသခင်​မကိုကယ်​တင်​နိုင်​ခဲ့တယ်​..။
သခင်​မ​ရှေ့ဒူး​ထောက်​မိချိန်​​ပျော်​ရွှင်​မှုဟာဘာနဲ့မှမတူနိုင်​ခဲ့...........။
"Yifan ငါမင်းနဲ့ ခဏစကားသီးသန့်​​ပြောချင်​တယ်​.."
သခင်​မရဲ့အမိန့်​စကား​ကြောင့်​အားလုံးဟာသူတို့နဲ့​ဝေးရာဆီ...။
"Chanyeolနဲ့မင်းအ​ကြောင်းသိပြီးပြီYifan..."
ပြတ်​သားတဲ့စကားသံဟာ ချစ်​သူကိုလှမ်းပူပန်​မိ​စေတယ်​..။
လတ်​တ​လောရင်​ဆိုင်​ရ​တော့မှာကို​မေ့လို့ ချစ်​ရသူမင်းသား​လေးကိုတမ်းတလွမ်း​မောမိတာသိပ်​ချစ်​လွန်းလို့ရယ်​ပါ...။
"မင်းတာဝန်​​ကျေပါတယ်​Yifan..Chanyeolကို​စောင့်​​ရှောက်​​ပေးတယ်​ ပညာသင်​​ပေးတယ်​ အခုမင်းမ​ကျေ​သေးတဲ့တာဝန်​ကိုထမ်း​ဆောင်​ရမယ်​Yifan.. မင်းဟာChanyeolကိုနာကြည်းတတ်​​အောင်​မသင်​​ပေးနိုင်​ခဲ့ဘူး..."

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now