ချစ်သူ... ။
နိုင်ငံနဲ့ချစ်ရသူဆိုနိုင်ငံကိုသာဦးစားပေးစေဖို့သင်ပြခဲ့တဲ့ချစ်သူ..။
တကယ်ဆိုချစ်သူရယ် လက်ကိုဆွဲလို့ အဝေးကိုပြေးစေဖို့ဦးဆောင်ခဲ့ပါတော့လား...။
ခုတော့ဝေးခဲ့ရပြီတဲ့လား...။
ကြာကြာမစောင့်စေရပါဘူးချစ်သူရယ်...။
လိုက်လာခဲ့မယ်..။တာဝန်တွေကျေတဲ့အခါချစ်ရတဲ့ သခင်လေးနောက်ကိုလိုက်လာခဲ့မှာမို့ သည်းခံစောင့်ပေးပါနော်ချစ်ရသူရယ်...။
"Chan.. Yifanက မြို့ပြင်မှာဆုံးသွားခဲ့တာ..Chanတွေ့ချင်တယ်ဆိုရင်တောင်မမြင်ရတော့ဘုး သူ့အလောင်းကိုဆုံးသွားတဲ့အခြားစစ်သားတွေနဲ့အတူတောင်အောက်ပစ်ချလိုက်ပြီတဲ့.."နောက်ဆုံးပုံရိပ်ကိုတောင်မြင်ခွင့်မရတော့ဘူးတဲ့လား..။လုပ်ရက်နိုင်ကြတယ်တဲ့လား...။
ပျော့ညံ့တဲ့အိမ်ရှေ့စံမဟုတ်ရပါဘူးသခင်လေးရယ်..။
ချစ်သူကိုဆုံးရှုံးလိုက်ရလို့ပူဆွေးနေတဲ့ကောင်လေးတစ်ယောက်ပါ...။
တာဝန်တွေလည်းကျေချင်လှပါပြီ...။
သခင်လေးရယ်...စောင့်နေပါ Yeolလိုက်လာခဲ့မယ်..။မြို့တော်ကိုသိမ်းဖို့ တိုက်ပွဲရဲ့စတုတ္ထမြောက်နေ့...။
အရာအားလုံးဟာ ကိုယ့်ဘက်မှာမဲသာခဲ့တယ်..။
မြို့ပြင်မှာတပ်စွဲမိချိန် ရှုပ်ထွေးနေတဲ့အခြေအနေကြားမှာတောင်ချစ်သူကိုတမ်းတမိတုန်း...။
ဒီနေရာလားချစ်သူ?..။
ဒီမှာစောင့်နေတာလားသခင်လေးရယ်..။တိုက်ပွဲပြီးဆုံးချင်လှပါပြီ..။
ရင်ထဲမှာလဲနာကြင်ပင်ပန်းရလွန်းလှပြီ...။
မကြာခင်အချိန်မှာ Yeolလာတွေ့မယ်သခင်လေး...။" မင်းသားလေး မြို့ကိုသိမ်းလိုက်နိုင်ပါပြီ..."
ငါးရက်မြောက်နေ့ရဲ့ပျော်ရွှင်စရာသတင်း...။
သခင်လေးရေ Yeolတာဝန်ကျေခဲ့ပြီ.။
Scorpioရေ ခင်ဗျားရဲ့Chanyeolအတွက်ဂုဏ်ယူတယ်မလားဟင်?။
ချစ်သူရေ ...ရင်ဖွင့်ကြိုနိုင်ပြီမဟုတ်လားဟင်?...။မြို့ထဲကအခြေအနေတွေကိုစစ်မယ့်အစားထွက်ခွါပြေးမယ့်ရန်သူတို့ကိုလိုက်တိုက်ဖို့ရွေးချယ်ခဲ့တယ်..။
စိတ်ထဲမှာကြံထားတဲ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ပေါ့..။
တကူးတကရွေးချယ်ထားတဲ့နောက်လိုက်အနည်းငယ်ဖြင့်သာ..။
သူလုပ်သမျှကိုJieဆီပြန်လျှောက်တင်မည်မဟုတ်လေသောလူယုံတော်များ..။
နောက်ပါအနည်းငယ်နဲ့အယောင်ပြတိုက်ဟန်ဆောင်ကာ မြို့ပြင်နဲ့အနည်းငယ်လှမ်းသောချစ်သူရှိနေမည့်နေရာဆီ...။