မောဟိုက်နေတဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်လာတော့ လမ်းမပေါ်မှာ ပြေးနေတဲ့ ခြေအစုံကို Sehun အရှိန်လျော့လိုက်တယ်။ ပြီးတော့ ဟန်မြစ်ဘက်ကို မျက်နှာမူကာ လေကို တစ်ဝရှုရှိုက်လိုက်တယ်။ တစ်ဖြူးဖြူး တိုက်ခတ်နေတဲ့လေက ချွေးအနည်းငယ်စို့နေတဲ့ ခန္ဓာကိုယ်ကို အေးမြသွားစေတာကြောင့် ဒီနေ့တစ်နေ့တာ အတွက် လန်းဆန်းသွားသလိုပင်။ ဒါကြောင့်မို့လဲ နေ့တိုင်းမပြတ် ဒီနေရာမှာ လာပြေးနေရခြင်းသာ . . . . ကျန်းမာရေးအတွက်လဲ အထောက်အကူပြုသလို သူ့အတွက်လဲ ကုမ္မဏီက Stress တွေ ခဏတာ မေ့ပစ်နိုင်တဲ့ အချိန်လေးမဟုတ်လား။
" ဘုတ် ''
ရုတ်တရက် အနားကို တစ်ခုခုပြုတ်ကျလာတဲ့ အသံကြောင့် Sehun ကြမ်းပြင်ကိုငုံ့ကြည့်မိတော့ မြေကြီးပေါ်မှာ ပိုင်ရှင်မဲ့နေတဲ့ ပိုက်ဆံအိတ်လေးတစ်အိတ်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်မိတော့ သူနဲ့ မလှမ်းမကမ်းမှာ Headphone တပ်ကာ ပြေးနေတဲ့ ကောင်လေးတစ်ယောက်ရဲ့နောက်ကျောကို တွေ့လိုက်ရတယ်။ Sehun လဲပိုက်ဆံအိတ်ကောက်ကာ ထိုကောင်လေးနောက်ပြေးလိုက်ရာ သိပ်မကြာခင် အနားရောက်လာခဲ့တယ်။
" Hey ဒီမှာ ''
အလိုက်သင့် သူ့နောက်က လိုက်ပြေးရင်း ခေါ်မိပေမယ့် ဘာမှ မတုံ့ပြန်တာမို့ Sehun စိတ်မရှည်တော့ဘူးလေ သူအလုပ်သွားရဦးမယ်မဟုတ်လား။ အလုပ်နောက်ကျရင် ချစ်လှစွာသော သူငယ်ချင်းကြီးရဲ့ ပါးစပ်စက်သေနတ်ပစ်သံကြားရမှာလေ။ နားကျပ်တပ်ကာ ကြားပုံမရတဲ့ ကောင်လေးရဲ့ ပခုံးကို Sehun လှမ်းကိုင်လိုက်တယ်ဆိုတာနဲ့ မထင်မှတ်ထားတဲ့ အဖြစ်နဲ့ ရင်ဆိုင်လိုက်ရတယ်။ Sehun တစ်ကိုယ်လုံး လေပေါ်မြောက်တက်သွားကာ အငိုက်မိသွားတဲ့အခိုက်မှာ မြေကြီးပေါ်ကို ဘာကျခေါ်ရမှန်းမသိတဲ့ အကျနဲ့ မိတ်ဆက်လေပြီ။ မြေကြီးနဲ့ ကျောပြင်ထိသွားချိန်မှာ ပေါ်ထွက်လာတဲ့ ဘုတ်ခနဲမြည်သံနဲ့အတူ ကျောဖက်ဆီက စူးခနဲအောင့်တက်လာတဲ့ နာကျင်မှုကြောင့်
" အ .... သေပါပြီ ကျိုးကုန်ပြီလားမသိပါဘူး ''
အသံပြဲနဲ့အော်ကာ လက်ထဲကပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်တယ်။ အဖြစ်အပျက်တွေကမြန်ဆန်လွန်းတော့ Sehun သူဘာဖြစ်သွားတယ်ဆိုတာ memory ပြန်ခေါ်ရပြီလေ။ ဟုတ်တယ် သူကိုင်ပေါက်ခံလိုက်ရတာပါ။ လူတွေလဲ ကွက်ကြည့်ကွက်ကြည့်ဖြစ်လာတော့ Sehun ဒေါသက ငယ်ထိပ်ရောက်လေပြီ။ ဘယ့်နှယ် ပိုက်ဆံအိတ် လိုက်ပေးတဲ့သူကို လမ်းမလယ်မှာ ကိုင်ပေါက်ရတယ်လို့ လူကောင်ကသေးသလောက် ဇက မသေးတဲ့ ရှေ့က ကောင်စုတ်လေးရဲ့ မျက်နှာကို မော့ကြည့်တော့ ၀ိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေလေရဲ့
BẠN ĐANG ĐỌC
Fall In Love With Maknae
FanfictionOnly Hunhan yaoi short fic Supporting members - Kris , Suho , Xiumin , Lay , Kai , Chanyeol Comedy & romance