Fall In Love With Maknae (4)

3.1K 373 20
                                    

'' ဒါဆို Xiao Lu ကို ဘယ်လိုမှ ဖြောင်းဖြကြည့်လို့မရတော့ဘူးပေါ့။ သဘောမတူဘူး ဆိုပြီး Xiao Lu ကို အခန်းထဲ ထည့်ထားရင်ကောင်းမလား ''

Lay အတွေးကို Kai က လက်မခံပဲ

'' အာ Hyung ကလဲ အဲ့တော့မှ ပိုဆိုးကုန်မှာ ပြီးတော့ အခန်းထဲ ပိတ်ထားရအောင် Xiao Lu က မိန်းကလေးမှ မဟုတ်ပဲ ကြားမကောင်းပါဘူး Hyung ရာ ''

'' Suho မင်းသဘောကရော ''

Kris လှမ်းမေးတာမို့ Suho လဲ

'' ကျွန်တော်လဲ Kai ပြောတာ လက်ခံတယ် Xiao Lu က သူ့ကို အခန်းထဲ ပိတ်ထားရင် ဒီတိုင်းငြိမ်​ခံနေမှာမဟုတ်ဘူး။ အဲ့ကျရင် အခြေအနေတွေ ပိုဆိုးကုန်မယ် ''

'' အဲ့တော့ ဘယ်လိုလုပ်ကြမလဲ ''

စိတ်​ရှုပ်​သလို ​မေးလာတဲ့ Xiumin အမေးကို Kris က သက်ပြင်းချကာ

'' ဘာလုပ်ရမှာလဲ ဘာမှမတတ်နိုင်မှတော့ သဘောတူလိုက်ရုံပေါ့ ''

'' အာ Hyung ကလဲ ဘာလို့ သဘောတူရမှာလဲ။ ကျွန်တော်ကတော့ သဘောမတူဘူး Sehun အနားမှာ လှပေ့ချောပေ့ ဆိုတာတွေ ဝိုင်းဝိုင်းလည်နေတာ ကျွန်တော့်ရိုက်ကွင်းလာတုန်းကတောင် ဝန်ထမ်းမလေးတွေက ယွစိတက်နေကြတာ။ နောက်ပိုင်း Xiao Lu ကို စိတ်ကုန်ပြီး မိန်းကလေးတွေဘက် စိတ်ပါသွားရင် ဘယ်နှယ့် လုပ်ကြမလဲ ''

Kai ရဲ့ အပြောကို Lay ကလဲထောက်ခံကာ

'' ဟုတ်တယ် Hyung ကျွန်တော်လဲ သဘောမတူဘူး။ Hyung အဲ့လို လက်လွှတ်စပယ် မပြောပါနဲ့ Xiao Lu ကို အရင်​က သိပ်ဂရုမစိုက်ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်​ ညီအငယ်ဆုံးလေးလေ။ ကလေးကိုတော့ စိတ်မထိခိုက်စေချင်ဘူး။ Kai ပြောတာ ကျွန်တော်လဲ လက်ခံတယ် ကျွန်တော်တို့လဲ ယောက်ျားလေးတွေပဲ ကိုယ်ကမပါလဲ မိန်းကလေး အထိအတွေ့တွေ ပါလာရင် ဘယ်လောက်ချစ်ပါတယ်ပြောပြော Xiao Lu လို ယောက်ျားလေးကို ပစ်ခဲ့ဖို့ ဝင်လေးမှာမဟုတ်ဘူး ''

အားလုံး ဝိုင်းထောပနာပေးကြတော့ Kris လဲ စိတ်ပေါက်လာကာ

'' Yar! မင်းတို့ ငါပြောတာ အဆုံးထိနားထောင်မှပေါ့ကွ။ ငါပြောတဲ့ သဘောတူလိုက်မယ်ဆိုတာက မင်းတို့ ထင်သလို မဟုတ်ဘူးကွ။ သဘောမတူလို့ လုပ်ချင်တာလုပ်သွားမှာ စိုးထိတ်နေမယ့်အစား သဘောတူတယ်ပြောပြီး ၂ယောက်လုံးကို နားချကြမယ် Sehun ကိုလဲ နည်းနည်း ပညာပေးပြီး လန့်သွားအောင် လုပ်ကြမယ် သူသာ Xiao Lu အပေါ် တကယ်မချစ်ရင် သူ့အလိုလို လမ်းခွဲမှာပဲ။ အဲ့တော့မှ Xiao Lu လဲ ငါတို့ စေတနာကို နားလည်လာမှာ ''

Fall In Love With Maknae Donde viven las historias. Descúbrelo ahora