အိမ်ရှေ့မှာ ကားရပ်လိုက်တာနဲ့ တုန်လှုပ်နေတဲ့ စိတ်တွေ တစ်ဝက်လောက်သက်သာသွားသလို ခံစားလိုက်ရတယ်။ အိမ်ရှေ့မှာ အနွေးထည်လေးနဲ့ မတ်တပ်ရပ်စောင့်နေတဲ့ ချစ်သူမျက်နှာလေး မြင်လိုက်ရတာကြောင့်လေ။ ကားထဲကထွက်လာတဲ့သူ့ဆီ ပြေးလာတာမို့ ရင်ခွင်ထဲထည့်ထားလိုက်ပြီး
'' Lu ကလဲကွာ ဘာလို့ အပြင်မှာ ထွက်စောင့်နေရတာလဲ ဒီလောက် အေးနေတာကို ''
'' Hun မျက်နှာလေး မြန်မြန် မြင်ချင်လို့ပေါ့ ''
ရပါပြီ ဒီလောက်ဆို လောကကြီးမှာ ရှိရှိသမျှ အရာအားလုံးနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ Sehun အသည်းယားစွာ စကားတတ်လွန်းတဲ့ Luhan ရဲ့ နှာခေါင်းထိပ်လေးကို မနာအောင် ဖြစ်ညှစ်လိုက်တယ်။ အဲ့နောက်မှာတော့ Sehun ကားထဲက လက်ဆောင်ပစ္စည်းတွေထုတ်ကာ Lu ဦးဆောင်ခေါ်တဲ့ အိမ်ထဲကို ဝင်လာခဲ့တယ်။
ဧည့်ခန်းထဲဝင်လာတော့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ Sehun သိတဲ့ Kai နဲ့ အခြားတစ်ယောက်ကို တွေ့လိုက်ရတယ်။ Sehun ကိုတွေ့တော့ Kai က အံ့သြသွားပြီးမှ ရီပြကာ
'' Xiao Lu က ဧည့်သည်လာမယ် ဆိုလို့ ဘယ်သူများလဲလို့ Sehun ဖြစ်နေတာကိုး ၂ယောက်က ဘယ်လိုလုပ် အဲ့လောက်ရင်းနှီးသွားကြတာလဲ လာ Sehun လာ ''
Lu နဲ့ သူတိုင်ပင်ထားသလို သူလာမှ အားလုံးကို ပြောပြဖို့လုပ်ထားတာလေ တစ်ယောက်တည်းရင်ဆိုင်ရမှာထက် ၂ယောက်အတူရင်ဆိုင်ရတာ အားဖြစ်စေတယ် မဟုတ်လား။ အဲ့ဒါမို့ ခုထိကတော့ အဆင်ပြေပြေနဲ့ပဲ ဖြစ်နေကာ Sehun တို့ ၂ယောက်လဲ Kai တို့နဲ့ မျက်နှာချင်းဆိုင်က ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်။ Luhan လဲ ဟိုကြည့်ဒီကြည့်လုပ်နေပြီးမှ
'' Hyung တို့ ၂ယောက်ထဲလား ''
'' အစ်ကိုကြီးက အပေါ်ထပ်က မဆင်းလာသေးဘူး။ ကျန်တဲ့သူတွေက မီးဖိုချောင်မှာ Sehun အတွက် တစ်ခုခု ပြင်ဆင်နေတယ် ''
Kai ဘေးနားမှာထိုင်နေတဲ့သူက ပြောလိုက်တော့ Luhan လဲ သတိရကာ
'' Hun ya Kai Hyung ကတော့ မိတ်ဆက်စရာမလိုတော့ဘူးပေါ့နော် Kai Hyung က Lu ရဲ့ အစ်ကိုအငယ်ဆုံး ဒီဘက်မှာထိုင်နေတာ Lu ရဲ့ ဒုတိယမြောက် အစ်ကို Suho Hyung တဲ့ ဆရာဝန် လေ Suho Hyung ဒါက Sehun တဲ့ ''
ŞİMDİ OKUDUĞUN
Fall In Love With Maknae
Hayran KurguOnly Hunhan yaoi short fic Supporting members - Kris , Suho , Xiumin , Lay , Kai , Chanyeol Comedy & romance