Dear Diary,
ဒါဟာ ပုံမှန် ညနေခင်း တစ်ခုပဲ ~
အခု အပြင်မှာ မိုးဖွဲဖွဲလေး ကျနေတယ်။
ခင်ဗျားက ကျနော့်အတွက်
လွမ်းမောစရာကောင်းတဲ့
နတ်သမီး ပုံပြင် တစ်ပုဒ် ...။
ကျနော်က အဲ့ဒီ ပုံပြင်လေးကို
ညတိုင်း မငြီးမငွေ့နားထောင်တတ်တဲ့
ကလေး တစ်ယောက် ..။
~
ကျနော့်အတွက် ပုံပြင်တွေကို
ခင်ဗျား ဖန်ဆင်းပေးတယ်..။
ပုံပြင်တချို့ကို ကျနော် ချရေးခဲ့တယ်
ဇာတ်ကောင်ကတော့ ကျနော် မဟုတ်ခဲ့ဘူး
~
သူဟာ ခင်ဗျားကို ချစ်ပေးနေတဲ့သူ
ကျနော်က သူ့ရဲ့ ချမပြနိုင်တဲ့ ခံစားချက်တွေကို အသက်သွင်း ဖန်ဆင်းပေးရုံလေး
~
ခင်ဗျားရဲ့ သူကို အားကျ မျှော်ကြည့်ရင်း
ကလေးတစ်ယောက်ရဲ့
စိတ်ကူးယဉ်ခြင်းတွေ နူးညံ့ ပေါ့ပါးစွာ
မိုးရေထဲ မျောလွင့် နေခဲ့တယ်
~
ခင်ဗျား အသံလေးက
ကျနော့်အတွက်
သားချော့တေး တပုဒ်
ခင်ဗျားရဲ့သီချင်း တပုဒ်ကို နားထောင်ရင်း
နာကျင်မှု အချို့ကို သိလာရတယ်
အမြဲတမ်း ပြည့်စုံနေစရာ မလိုပါဘူး ~
ဒီအတိုင်းလေး တည်ရှိနေပေးရင် ကိုပဲ
လုံလောက်တယ်ဆိုတာရဲ့
ဟိုဖက်ကို ကျော်သွားပြီ
~
ကျနော်လေ
မဖြစ်နိုင်ဘူးဆိုတာကို လက်မခံချင်သလို
အိပ်မက်ကိုလဲ မစွန့်လွှတ်ချင်ဘူး
ဘယ်သူက ရပ်တန့်နိုင်မှာတဲ့လဲ
နှလုံးသားဆိုတာ လွတ်လပ်မှု တခု
ချစ်တယ်
ဘာမဟုတ်တဲ့ ချစ်ခြင်း တခုဆိုပေမယ့်
ခင်ဗျားကို
ကျနော်က
သိပ်ချစ်တာ
❤❤❤❤❤❤❤❤❤❤