❀ 1❀

1K 102 10
                                    

"ဒါကဘယ်​ကိုလဲ Chanyeol??"
လုပ်​ငန်းတူအခန်း​ဖော်​ Johnရဲ့စပ်​စပ်​စုစုနိုင်​တဲ့အ​မေးဟာစိတ်​ပျက်​စရာ။

အ​ဖြေတစ်​ခုမှမ​ပေးပဲထွက်​လာခဲ့လဲ Johnဟာ ဖြုံမည်​မဟုတ်​။ စိတ်​ဆိုး​နေမည်​မဟုတ်​သလို မ​ကျေမနပ်​ဖြစ်​​နေမည်​လဲမဟုတ်​။ ဘာ​ကြောင့်​လဲလို့ဆိုလာပါလျှင်​ Johnနဲ့ သူ့အကြားအတူ​နေ​သောလုပ်​ငန်းတူဆိုသည်​မှလွဲ၍ဘာပတ်​သတ်​မှုမှမရှိလို့ပဲ​လေ။
ဒီလုပ်​ငန်းလုပ်​​နေသူ​တွေမှာ မိတ်​​ဆွေ မှမရှိပဲ​လေ။
လုပ်​ငန်းတူသူနှင့်​ရန်​သူသာရှိသည်​.။

သာမန်​ထက်​ထူးခြား​နေ​သော  အလုပ်​အကိုင်​ကြောင့်​လည်း  အ​ပေါင်းအသင်းမရှိခြင်းကသူတို့ဘဝအတွက်​သာ၍​ကောင်း​နေသည်​မဟုတ်​လား။

"ဘာလိုချင်​လို့လဲ Chanyeol??"

အနက်​​ရောင်​တီရှပ်​နှင့်​ အနက်​​ရောင်​ ဂျင်း​ဘောင်းဘီကိုတွဲဖက်​ဝတ်​ထားတဲ့ eyelinerအနက်​ဆိုးထားတဲ့​ကောင်​​လေးဟာ စာကြည့်​တိုက်​မှူးနဲ့စကား​ပြော​နေသည်​ဆိုသည်​မှာ လိုက်​ဖက်​မှုတစ်​စက်​မှပင်​မရှိ။

"ထုံးစံအတိုင်းအလုပ်​ရလာလို့​ပေါ့"

ပါးချိုင့်​​လေးထင်း​နေ​အောင်​မဲ့လိုက်​ရင်း ပြန်​​ဖြေတဲ့​ကောင်​​လေးကို စာကြည့်​တိုက်​မှူးဟာ ​ချောင်​ကျတဲ့တစ်​​နေရာကို​ခေါ်​ဆောင်​သွားတယ်​။
စာအုပ်​တချို့ကိုဆွဲယူဖယ်​ထုတ်​လိုက်​​တော့ ပွင့်​သွားတဲ့နံရံတစ်​ဖက်​..။
အခြားတစ်​ဖက်​ဆီမှာက​တော့ လှုပ်​ရှားသွားလာ​နေကြတဲ့လူ​တွေ..။ပြီး​တော့ သာမန်​လူ​တွေမမြင်​မ​တွေ့နိုင်​​တော့တဲ့ရှားပါးသတ္တဝါ​တွေ။သာမန်​နဲ့ကွဲပြား​နေတဲ့လူ​တွေ။

အထဲကိုဝင်​သွားဖို့ပြင်​တဲ့ Chanyeolကို စာကြည့်​တိုက်​မှူးကမှာတယ်​။

"Chanyeol .. မကြာ​စေနဲ့​နော်​"

" သိပါတယ်​ မပူ​နေနဲ့ဦး​လေးရာ"

စိတ်​ရှုပ်​သလိုပြန်​​ဖြေရင်း လှည့်​ထွက်​ခဲ့တယ်​။ ဒီဦး​လေးကြီးကို​တော့ပြန်​မ​ဖြေလို့မရ...။
အသက်​ရှင်​​နေထိုင်​မှုဟာ ဒီဦး​လေးကြီးဖွင့်​​ပေးတဲ့တံခါးအ​ပေါ်မူတည်​​နေတာမဟုတ်​လား။

Faded AwayWhere stories live. Discover now