❀ 2❀

663 100 3
                                    

"Chan..Chanyeollie..."

တိုးလျတဲ့ ခပ်​​ဖျော့​ဖျော့​ခေါ်သံကို အ​သွေးအသားထဲက ဘယ်​​လောက်​တမ်းတတယ်​ဆိုတာ ကျွန်​​တော်​ကိုယ်​တိုင်​ပဲသိနိုင်​မယ့်​အရာ။

ကမ်းလင့်​လာတဲ့ လက်​ဖျားတို့ကို​ငေး​မောပြီး  ရစ်​ဝိုင်းလာတဲ့ မျက်​ရည်​​တွေက မျက်​​တောင်​ဖျားရဲ့ထိန်းချုပ်​မှုကို သစ္စာ​ဖောက်​လို့စီး​ဆင်းတယ်​။
ပါး​ပေါ်စီးကျလာတဲ့မျက်​ရည်​​တွေကို မြင်​​တဲ့အခါ ချက်​ချင်းမှုန်​မှိုင်းသွားတဲ့သူ့မျက်​နှာ...။

"Chanyeollie...."
ဆို့နင့်​တဲ့သူ့​လေသံအကြားမှာ  အသုံးမကျတဲ့မျက်​ရည်​ကိုမြင်​​စေမိတဲ့ ParkChanyeolဆိုတဲ့​ကောင်​ကို ကျွန်​​တော်​ကျိန်​ဆဲမိတယ်​။

ကျွန့်​​တော့်​ဆီလာဖို့ သူ့အလန့်​တကြားထထိုင်​​ပေမယ့်​ သူ့လက်​​ကောက်​ဝတ်​နဲ့​တွဲချည်​ထားတဲ့ ကုတင်​တိုင်​က သံကြိုးဟာ သူ့လှုပ်​ရှားမှု​တွေကိုကန့်​သတ်​တယ်​။

"Chanyeollie .. ကိုယ့်​ဆီကိုလာ.."
ဖွဖွ​လေးသူ​ခေါ်ပြ်ီး လက်​ကမ်းတဲ့အခါ တာကျိုး​လေတဲ့ မျက်​ရည်​ဆည်​ဟာ သူ့ရင်​ဘတ်​က အဝတ်​ဖြူ ဖြူ ကိုအနည်းငယ်​စိုစွတ်​​စေမလား။

"Chanyeollie ပင်​ပန်း​နေပြီပဲ"

ဆံပင်​​တွေကိုသပ်​​ပေးရင်း ​ပြောတဲ့သူ့စကားနဲ့ သူ့မျက်​ဝန်းကအကြင်​နာရိပ်​​တွေဟာ ကျွန်​​တော့်​အတွက်​​တော့ နှစ်​သိမ့်​​ဆေး။

"ဟင့်​အင်း မပင်​ပန်းပါဘူး ကျွန်​​တော်​မပင်​ပန်းဘူး"

ဟန်​​ဆောင်​ငြင်း​နေတဲ့ Chanyeollieဟာ ကျွန်​​တော့်​ရင်​ကိုပူ​လောင်​​စေတယ်​။
" ကိုယ့်​ကိုလက်​လွှတ်​လိုက်​ပါ​တော့လား Chanyeollie..."

ဟင့်​အင်း မရဘူး...!! ဘယ်​နည်းနဲ့ဖြစ်​ဖြစ်​ဆွဲထားမှာ...။
"မရဘူး .. Fanfanက ကျွန်​​တော့်​အနားမှာရှိရမှာ​လေ သည်းခံ​ပေးပါ ခဏသည်းခံ​ပေးပါ​နော်​"

ဘယ်​အချိန်​အထိလဲChanyeollieရယ်​..။
ကိုယ်​ဒီဘဝကို မုန်းတီး​နေပြီက​လေးရယ်​..။

" မပင်​ပန်း​သေးဘူးလား Chanyeollie.. ကိုယ်​ မင်းကို​ပျော်​​စေချင်​တယ်​ ​အေး​အေးချမ်းချမ်း​နေ​စေချင်​တယ်​"

You've reached the end of published parts.

⏰ Last updated: Nov 12, 2016 ⏰

Add this story to your Library to get notified about new parts!

Faded AwayWhere stories live. Discover now