ဘဝမှာတစ်ကြိမ်တစ်ခါပဲ
အချစ်ကိုတွေ့ရလေ့ရှိတယ် ....
အဲ့အချစ်မှာ ငါရှူးသွပ်ခဲ့တယ် ...
အဲ့ရှူးသွပ်မှုကငါ့ကို
နာကျင်စေခဲ့တယ် ...
ဒါပေမယ့် အဲ့နာကျင်မှုမှာ
ငါပျော်တယ် ...*******Love Betrayer*******
" နောက်လ ? ခုတောင် ဒီလကုန်တော့မယ်ဆိုတော့ နောက် ဆယ်ရက်ဆယ့်ငါးရက်နေရင်ပေါ့ ? "
" အင်း ... ဟုတ်တယ် ..."
" ကိုယ်လည်း လိုက်မယ် ..."
Baekhyun အအေးခွက်ကို Chanyeol ရှေ့ချလိုက်ရင်း
မျက်စောင်းတစ်ချက်ဝင့်လိုက်ကာ ...." ဘာသာရပ်အတွက် စာတမ်းပြုစုဖို့ excursion ပါဆိုနေ ... မေဂျာမတူပဲ
ဘယ်လိုလုပ်လိုက်လို့ရမှာလဲ ? "" အော် ... Baek တို့နောက် ကိုယ့်ဘာကိုယ် လိုက်လာမှာပေါ့ .... ဘာလဲ ကိုယ့်ကိုမခေါ်ချင်လို့လား ? "
" ဟုတ်တယ် ... မခေါ်ချင်လို့ "
Baekhyun ပြုံးစိစိနှင့်ပြန်ပြောလိုက်သည် ...
" Aishhh .... မခေါ်လည်းလိုက်မှာပဲ "
Baek စနေသည်မှန်းသိတာကြောင့် Chanyeol လက်တစ်ဖက်နှင့် Baek ဆံပင်လေးကို
လှမ်းဖွရင်းပြန်ဖြေလိုက်သည် .....နောက်တော့ Baek ဖျော်ပေးသော လိမ္မော်ရည်ကို မော့လိုက်ရင်း ...
" ခရီးက ဘယ်လောက်လောက်ကြာမှာလဲ ? "
" 2 ပါတ် 3 ပါတ်လောက်ဖြစ်မယ်ထင်တယ် ... ဒါနဲ့ ဒီနေ့ပင်ပန်းလာတယ်မလား ? စောစောပြန်ပြီး နားတော့လေ .. မိုးလည်းချုပ်နေပြီ "
Yeol မကြည်ကြည့် ပြန်ကြည့်ရင်း ...
" Baek ကကွာ မဟုတ်တော့ဘူး ....
အတင်းနှင်ထုတ်နေတယ် ... "Baek တစ်ချက်ရယ်လိုက်ရင်း ....
" Yeol ကလဲ .... Yeol ကိုစိတ်ပူလို့ပါဆို "
" တော်ပါ .... အတင်း နှင်ရင် နှင်တယ်ပေါ့ ... ခရီးလည်းမလိုက်စေချင်သလိုလိုဘာလိုလိုနဲ့ "
BẠN ĐANG ĐỌC
Love Betrayer
Fanfictionအချစ်ကနာကျင်စေတဲ့အရာမှန်းသိလို့ ရှောင်ဖယ်နေခဲ့ပေမယ့်လည်း ~ မင်းကိုချစ်မိသွားတဲ့အခါ မင်းပေးတဲ့နာကျင်မှုကို နာကျင်မှုလို့မမှတ်တော့တဲ့ ငါ .....