//PROLOGUE//

9K 420 3
                                    

အချစ်​ကိုသူများ​တွေ ဘယ်​လို ယူဆကြလဲ​တော့ ကျွန်​​တော်​မသိပါ .... ကျွန်​​တော့်​အတွက်​က​တော့
နာကျင်​ခြင်း​တွေကိုသာယူ​ဆောင်​လာ​ပေးတဲ့ဘုရားရဲ့​စေတမန်​လို့သာ
တင်​စားလိုက်​ချင်​သည်​ .......

ကိုယ့်​ဘက်​က အ​လေးနက်​ဆုံးချစ်​ခဲ့​ပေမဲ့ ပြန်​ရလိုက်​တာ​တွေက အဲ့ဒါ​တွေနဲ့
ဆန့်​ကျင်​ဘက်​ ........

ဒါ​ပေမဲ့အချစ်​က ကျွန်​​တော့်​အတွက်​ နာကျင်​ခြင်းဆိုရင်
ကျွန်​​တော်​ကိုယ်​တိုင်​ကလည်း အဲ့ဒီနာကျင်​ခြင်းကိုနှစ်​နှစ်
ခြိုက်​ခြိုက်​နှစ်​သက်​​နေတဲ့
လူသားတစ်​​ယောက်​ပါ ......

ကျွန်​​တော်​ချစ်​ခဲ့တဲ့အချစ်​​တွေကို
သူတစ်​ချိန်​ကျရင်​နားလည်​ပါ​စေလို့ပဲ
ဆု​တောင်းခဲ့ပါတယ်​ .....

တစ်​​နေ့​နေ့တစ်​ချိန်​ချိန်​မှာ
သူ​တွေးမိပါ​စေ ....

တစ်​ချိန်​ကသူ့ကိုချစ်​ခဲ့ဖူးတဲ့​ကောင်​​လေးရှိခဲ့ဖူးတယ်​ဆိုတာကို

~ Baek ~
12 /2/2014

*****************************

ဟန်​မြစ်​၏နံ​ဘေးဝယ်​ .....
ည​နေခင်းဆည်းဆာ အချိန်​ဖြစ်​သည်​​ကြောင့်​ အရာအားလုံးကလှပ​နေသည့်​အပြင်​ ပတ်​ဝန်းကျင်​ကပါ အသက်​ဝင်​လှုပ်​ရှား လူသူတို့ဖြင့်​စည်​ကား​နေ​ပေမဲ့ တစ်​ဦးတည်း​သောသူတစ်​​ယောက်​က​တော့ ထိုသူတို့နှင့်​ဆန့်​ကျင်​​သော
အသွင်​ကို​ဆောင်​​နေသည်​ ......

မြစ်​ကမ်းနံ​ဘေး၌သူရပ်​​နေကာ
တစ်​စုံတစ်​ခုကိုအ​လေးအနက်
တွေး​တော​နေဟန်​ရှိသည်​ ....

မျက်​နှာကလည်း ဖြူဖပ်​ဖြူ​ရော်​ဖြစ်​​နေသည့်​အပြင်​ တစ်​စုံတစ်​ခု​ကြောင့်
စိတ်​ဆင်းရဲ​နေသည့်​ဆိုတာကိုလည်း
နွမ်းလျှ​နေသည့်​သူ့မျက်​နှာက
သက်​​သေပြလျှက်​ရှိသည်​ ....

လေကလည်းည​နေဘက်​ဖြစ်​သည်​​ကြောင့်​တဖြူးဖြူးတိုက်​​နေသည်​ ....
ထို​ကောင်​​လေးသည်​လည်း
တစ်​စုံတစ်​ရာကို​တွေး​တော​နေသည်​လား ​တိုက်​ခက်​လာသည့်​​လေနှင့်
ဟန်​မြစ်​၏အလှကိုခံစား​နေသည်​လား​တော့မသိ​ပေမဲ့ သူရပ်​​နေသည်​မှာ​တော့
အချိန်​အ​တော်​ကြာ​နေပြီဖြစ်​​ကြောင်း
တချို့​သောသူများက​တော့
သတိထားမိ​နေမည်​ပင်​ဖြစ်​သည်​ ....

ထို​ကောင်​​လေး၏နာမည်​က​တော့
~ Byun Baekhyun ~

~~~~~~Love Betrayer ~~~~~~

အခန်းတစ်ခန်း၏အတွင်းဝယ်​ ~
အ​နောက်​တိုင်းဝတ်​စုံကို​သေသပ်​စွာ
ဝတ်​ဆင်​ထား​သော​ကောင်​​လေး
တစ်​​ယောက်​ ....

သူ့ရဲ့အပြင်​အဆင်​ ဝတ်​စားထားပုံအရ မင်္ဂလာရှိ​သောကိစ္စတစ်​ခုခုအတွက်
ပြင်​ဆင်​ထားသည့်​ပုံ​ပေါ်​နေ​ပေမဲ့
သူ့မျက်​နှာက​တော့ထိုအသွင်​အားလုံးနှင့်​​ဆန့်​ကျင်​ဘက်​အသွင်​ကို
ဆောင်​​နေသည်​ ~
သူ့လက်​ထဲတွင်​တုန်​လှုပ်​စွာနှင့်
ကိုင်​ထားသည်​က ...

Diary စာအုပ်​​လေးတစ်​အုပ် ~

ထိုစာအုပ်​​လေး၏စာမျက်​နှာ​ပေါ်တွင်​လည်း သူ့မျက်​ရည်​တစ်​စက်
စွန်း​ပေသွားခဲ့ပြီဖြစ်​သည်​ ~

ကျက်​သ​ရေရှိလှ​သောအခန်းအတွင်းဝယ်
မင်္ဂလာရှိ​သောအဝတ်​အစားတို့ကို
ဝတ်​ဆင်​လျှက်​ Diary စာအုပ်​​လေး
တစ်​အုပ်​ကိုကိုင်​ကာငို​ကြွေး​နေ​သော​ကောင်​​လေးတစ်​​ယောက်​ ~

ထို​ကောင်​​လေးက​​တော့ Park family လုပ်ငန်းစု၏တစ်ဦးတည်းသောသား

~ Park Chanyeol ~

*********Love Betrayer******

Love Betrayer Tahanan ng mga kuwento. Tumuklas ngayon