နှလုံးသားတစ်စုံထပ်တူကျချိန်မှာ
ပျော်ရွှင်ကြည်နူးမှုတွေက အဆုံးမရှိ ....
သာယာမှုတွေချည်းပင် ....
နှလုံးသားတစ်စုံထပ်တူကျနေသော အချိန်သည် အချစ်တို့ဖြင့် ပြည့်နှက်နေသော အချိန်ပင်ြဖစ်သည် ....ဒီလိုအချိန်လေးဆုံးရှုံးသွားရမှာ
ချစ်ရသူအားလုံးကြောက်ကြသည်
ချည်းသာ ....ဘယ်လိုအချိန်မျိုးမှာဆုံးရှုံးသွားနိုင်သည်ဟုထင်သလဲဟုမေးလျှင် ...
နှလုံးသားတစ်ခုကနှလုံးသား
တစ်ခုအားစွန့်ခွာသောအချိန်သည် တစ်ခုတည်းသောအဖြေဖြစ်သည် .....*******Love Betryaer*******
လူခြေတိတ်စပြုလာပြီဖြစ်သော လမ်းသွယ်လေးတစ်ခု၌ သူ နှင့် ကျွန်တော်နှစ်ယောက်သား လက်ချင်းတွဲရင်းဖြည်းဖြည်းချင်း
လျှောက်လာမိသည် .... လမ်းမီးတိုင်များထိန်လင်းနေ၍ ကောင်းကင်တွင်လမင်းကြီးနှင့်အတူ သူ့အခြွေအရံကြယ်ကလေးများ
ရှိနေသည်မှလွဲ၍ဒီလမ်းကလေး၌
သူနှင့်ကျွန်တော်သာ ရှိသည် ...နှစ်ယောက်သားအတူ မီးပန်းများဖောက် စကားများတစ်လှေကြီးဝအောင်ပြောပြီးသည့်နောက်မှပြန်လာခဲ့ခြင်း ဖြစ်တာကြောင့်အနည်းငယ်ခန့်
နောက်ကျသွားသည် ....Baekhyun ကတော့ ပျော်နေပုံပင် ...
တစ်ယောက်တည်းကြိတ်ပြုံးနေရင်း တိတ်ဆိတ်နေသည် ...
" Baek ... "
" .... "
" ပျော်လား ? "
သူ ပျော်နေတာကိုသိပေမယ့်လည်း သူ့နှုတ်ခမ်းဖျားမှအဖြေကို
ကြားချင်တာကြောင့်အဖြေသိပြီးသား
အမေးတစ်ခုကိုမေးလိုက်
မိသည် ...Baekhyun ကတော့ ထုံးစံအတိုင်း
အတောက်ပဆုံးသောအပြုံးတစ်ခုပါ ဆင်မြန်းရင်း ..." အင်း ..... ပျော်တယ် ..
အဲ့လိုမျိုးတွေတစ်ခါမှမလုပ်ဖူးဘူး .... "ပြောရင်းထပ်၍ပြုံးကာခေါင်းငုံ့သွား
ပြန်တော့ ဘာရယ်မဟုတ် ကျွန်တော်ပါ လိုက်ရယ်မိသည် ..." ဒါနဲ့လေ .... "
သူ့ဘက်ကတစ်ဖန်စကားပြန်စလာတာ
ကြောင့်ကျွန်တော်သူ့ကိုကြည့်မိတော့
သူကကျွန်တော့်ကိုသေချာကြည့်ရင်း ...
VOUS LISEZ
Love Betrayer
Fanfictionအချစ်ကနာကျင်စေတဲ့အရာမှန်းသိလို့ ရှောင်ဖယ်နေခဲ့ပေမယ့်လည်း ~ မင်းကိုချစ်မိသွားတဲ့အခါ မင်းပေးတဲ့နာကျင်မှုကို နာကျင်မှုလို့မမှတ်တော့တဲ့ ငါ .....