Part - 6

1.1K 111 3
                                    

'' Taehyung

ဘယ်. .ဘယ်လိုဖြစ်ပြီး ကျောင်းကို. . . ''

အိမ်ထဲကနေအိမ်ပြင်မထွက်ချင်တဲ့သူက ဘာလိုလုပ်ပြီးကျွန်တော့ကျောင်းကို ရောက်လာတာလဲ

ကျွန်တော်ကတော့ သူ့ကိုတွေ့ပြီးတအံတသြဖြစ် နေပေမဲ့ ဒင်းကတော့ငြိမ်နေချက်
ခေါင်းငုံ့မျက်လွှာချကာ ကျွန်တော်ဆွဲကိုင်ထား တဲ့လက်ကိုလဲ ပြန်မရုန်း
ဒီကောင် အနားကကျွန်တော့်ကိုလဲဂရုရောပြုမိ ရဲ့ လား
ချထားတဲ့မျက်လုံးတွေမှာ အထီးကျန်ဝမ်းနည်း ရိပ်တွေထင်းနေပြန်ပြီး မျက်နှာကလဲမှိုင်းညှိ့ကာ ငိုချတော့မယ့် မျက်နှာလို

'' Tae . . .Taehyung  ''

တခုခုများသတိရနေတာလား
အတိတ်တွေပြန်မှတ်မိနေပြီလား
အဲ့ကြောင့် ကျောင်းကကျွန်တော့်ဆီတကူးတက လာပြီး နှုတ်ဆက်တာလား
မဟုတ်သေးဘူးနော် သူပုံစံကတအားဝမ်းနည်း
နေပုံ
အဲ့ဆိုငါ့ကိုခွဲရမှာမို့ ဝမ်းနည်းတာလား
ဟင့်အင်း မသွားနဲ့ မခွဲသွားရဘူး လုံးဝပဲ

'' Khajima !!!! ''

လွတ်ထွက်မသွားအောင် ကျွန်တော်သူ့ကိုယ်ကို သိမ်းကြုမ်းဆွဲဖက်ထားလိုက်တယ်

'' ထွက်မသွားပါနဲ့ ငါ့ကိုထားပြီးထွက်မသွားပါနဲ့ ''

တစစကြီးဆိုးလာတဲ့စိတ်အစဉ်မှာ သူသာထွက်သွားရင်ဆိုတဲ့စိတ်က အလိုလိုဝမ်းနည်းစိတ်တွေဖြစ်လာတယ်။

ကျွန်တော့်ကိုသာထားသွားရင် ကျွန်တော့်ကိုသာ သူထားသွားရင်ဆိုတဲ့ စိတ်နဲ့ထူးဆန်းစွာ မျက်အိမ်ထက်မျက်ရည်တွေ ဝေ့တက် လျှံကျလို့လာတယ်။

ဘယ်လိုလုပ်မလဲ ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်မှန်းမသိပေမဲ့ သူကိုတော့ထွက်မသွား စေချင်တဲ့ တကိုယ်ကောင်းဆန်စိတ်သွင်းနေလေတယ်
သူ့ပုခုံးပေါ်မှာ ကျွန်တော့်မျက်ရည်တွေကချွဲစို လို့နေပြီ်။

ခါးကိုတင်းကျပ်နေအောင်ဖက်ထားကာ ပုခုံးထက်မျက်နှာအပ်ပြီးအော်ငိုနေတဲ့ ကျွန်တော့်အသံက ကလေးတွေအော်ငိုသလို
သတိလက်လွက် ကျယ်လောင်စွာထွက်အော်ငို ယိုနေမိသည်။

ကျွန်တော့်ပုခုံးကိုပြန်ဖက်လိုက်တဲ့သူ့အထိအ တွေ့ကြောင့် ကျွန်တော်သတိပြန်ဝင်ခဲ့တယ်
နောက်ပြီး

Oneday,we catch the sun together[complete]Dove le storie prendono vita. Scoprilo ora