အပိုင်း(၂)

396 47 2
                                    

ဒီနေ့တော့ ပျင်းပျင်းနှင့် You Tube တွင်ဟိုမွှေသည်မွှေ လုပ်ကြည့်မိသည်

ပေါက်ကရတွေလျှောက်ကြည့်နေသည်ဟု အထင်မလွဲပါနှင့် ကိုယ့် Hit song လေးတွေ
ကိုယ့်ဘာသာ အလွမ်းပြေ ဖွင့်ကြည့်နေခြင်းဖြစ်ပါသည်

အလို!!!

"On the street"  by Sung Sikyung
(Cover song version)
ကျွန်တော် စိတ်ဝင်စားသွားသည်

ဖွင့်ကြည့်ဦးမှ
.

.

.

"အဟမ်း အဟမ်း......အားလုံးမင်္ဂလာပါခင်ဗျာ
ကျွန်တော်ကတော့ Sung Sikyung ပါ"

ဗုဒ္ဓေါ!!!

ဒါကဘာကြီးတုန်းဟ

Vidoe clip ဖွင့်ဖွင့်ချင်း ထွက်လာသောအသံကြီးကြောင့် ကျွန်တော် လန့်သွားသည်

Video ထဲတွင် Stage စင်အမှောင်ထဲမှ ထွက်လာသော အရိပ်တစ်ခု!!!

ရုပ်သေချာကြည့်တော့မှ

အောင်မလေးဗျာ! ကြည့်ကြပါဦး
"ဒင်း"ပါပဲလား

ကောင်လေးသည် ကျွန်တော့်လေသံအတိုင်း တသွေမတိမ်း အတုခိုးကာပြောနေခြင်းဖြစ်သည်

ဝတ်ထားတာကလည်း ကျွန်တော့်ပုံစံ ကျွန်တော့်စတိုင်အတိုင်း

ရုပ်ကလည်း မှင်အပြည့်ဖြင့်

အောင်မယ်

ဒင်းက လက်တဖက်ဖြင့် မိုက်ကိုင်ထားရင်း နောက်လက်တစ်ဖက်က တံတောင်ဆစ်ပင် ကွေးထားလိုက်သေးသည်

ကျွန်တော်သီချင်းဆိုရင်း moodဝင်နေသည့် ပုံစံအတိုင်း

ဘာပွဲလဲတော့ သေချာမသိ အောက်မှာလဲ များပြားလှသော Fanတွေက အုံးအုံးကြွက်ကြွက် အားပေးနေကြသည်

ဒုက္ခပဲ လူတွေအများကြီးရှေ့မှာ ဒီကောင်လေး ဘာတွေများလုပ်အုံးမယ်မသိ သီချင်းကိုပေါက်ကရ ထဆိုလျှင်တော့ ကျွန်တော့်Hit Songs လေး ပျက်ဆီးရချည်ရဲ့

ထိုစဉ် သကောင့်သားက ပြုံးစိစိဖြင့် သီချင်းစဆိုသည်

.

.

.

ကျွန်တော့်မှာ ရင်တမမဖြင့် နားထောင်နေရသည် ဒီကောင်လေး ဆိုနေရင်း ဘယ်အချိန်များ ထဖောက်မလဲဟူ၍....

ချစ်သော FanboyWhere stories live. Discover now