အပိုင်း (၁)

778 57 1
                                    

ရောင်စုံမီးများဖြင့် ထိန်ထိန်ညီးနေသော ဟောဒီ စတိတ်ရှိုးပွဲကတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲပင်ဖြစ်သည်

တဖွဲဖွဲလာရောက်နေကြသော ပရိတ်သတ်များကို စင်နောက်ဘက်မှ ကျေနပ်စွာကြည့်နေမိသည်

အမျိုးသားများရော အမျိုးသမီးများပါ စုံလို့ပါလား ဖျော်ဖြေပွဲမလုပ်တာကြာပေမဲ့ အခုထိတော့ ကျနော့်ရဲ့ အမာခံပရိတ်သတ်များကတော့ အခုထိ မပျက်မကွက်အားပေးဆဲ

ရောက်လာကျသောအများစုမှာ
လူကြီးပိုင်းများ နှင့်
သတ်လတ်ပိုင်းအရွယ်များဖြစ်သည်

ကျွန်တော့်သီချင်းတွေက ဒီခေတ်လို မြူးမြူးကြွကြွတွေမဟုတ် ငြိမ့်ငြိမ့်ညောင်းညောင်း   balladသီချင်းအမျိုးအစားများ ဖြစ်သည်

အဲ့တော့လည်း သက်လတ်ပိုင်း သက်ကြီးပိုင်း ပရိသတ်များသာ လာရောက်ကြသည်မှာ အထူးအဆန်းတော့မဟုတ်

အော် ကျနော့်အသက်အရွယ်သည်ပင် လူလတ်ပိုင်းအရွယ်ထဲသို့ ဝင်ရောက်လာတာနှစ်တချို့ပင်ကြာနေပြီပဲ

.

.

.

ဖျောဖြေပွဲ စသောအခါ ကျွန်တော်သီဆိုသော ပထမဆုံးသီချင်းမှာ ကျွန်တော့်ကို
"Sung Sikying" အဖြစ် နာမည်ကြီးစေခဲ့သော
"Two people" ဆိုသည့်သီချင်း

.

.

.

"ပင်ပန်းနွမ်းနယ်တဲ့ တစ်နေ့တာရဲ့ အဆုံးမှာ

လရောင်လေးရဲ့အောက်က လူနှစ်ယောက်မှာ

မျက်လုံးတွေကို မှိတ်ထားလည်းပဲ

ဖမ်းဆုတ်လို့ရမယ်လို့ထင်ရတဲ့

ပျော်ရွှင်မှုလေးတစ်ခုလည်း ရှိခဲ့ဖူးတယ်"

အို
Concert အရှေ့ဆုံးမှာ ထိုင်နေတဲ့ ကောင်လေးက ဘယ်သူပါလိမ့်

အသက်ကနှစ်ဆယ်ကျော်ခန့် သာရှိလိမ့်အုံးမည်

ဒီလိုအသက်ငယ်ငယ်လေးက ကျွန်တော့်ရဲ့ Oldies ballad သီချင်းတွေကို ကြိုက်တယ်တဲ့လား

ချစ်သော FanboyWhere stories live. Discover now