Everything Is For You

892 80 0
                                    

ep.7

In Operation room

တီ တီ

Jk အားမေ့ဆေးပေးကာ သူရဲ့ခြေထောက်က ကျောက်ပတ်တီးကိုဖြည်ချလိုက်ပြီးစတင်ခွဲစိတ် တော့သည် Yu Jung အပါအဝင် ပါမောက္ခ 3 ယောက်နဲ့ nurse 4 ယောက်အကောင်းဆုံးခွဲ စိတ်နေရသည် Jk ကတော့ဘာမှမသိရှာ မှောင်မဲနေသောကမ္ဘ္ဘာသို့ဘယ်သူမှမသိဘဲ ရောက်သွားတော့သည် အမှောင်ကနေတဖြည်း ဖြည်းနိုးထလာတော့ နေရောင်တွေဖြာထွက်နေ ပြီးလှပလွန်းတဲ့နေကြာပန်းခင်းထဲဘယ်လို ရောက်သွားမှန်းမသိလိုက် သူ့အားကျောပေးကာ မတ်တပ်ရပ်နေသောကောင်မလေးတျောက်ကို မြင်လိုက်ရသည် အဖြူရောင်ဂါဝန်လေးနဲ့သူမ ဆံပင်ကကျောလယ်လောက်ရှိသည် မျက်နာကို မြင်အောင်ကြည့်ဖို့ခြေလှမ်းတွေကရှေ့ကိုတိုးတိုး နေမိသည် သူမအနီးရောက်ခါနီးတဲ့အချိန်မှာ ရုတ်တရက်သူမကျနော်ဘက်လှည့်လာသည် ကျနော်မျက်လုံးကိုတောင်မယုံကြည်နိုင်လောက် အောင်အံ့သြသွားမိသည် Min Kyun က ကျနော့်ကိုပြုံးကာကြည့်နေသည် ထိုနောက် သူမရဲ့ခြေလှမ်းတွေကနောက်သို့လှမ်းလှမ်းသွား ကာ ကျနော်နဲ့ဝေးရာကိုသွားနေသည် ဘာကြောင့်လဲမသိ ကျနော့်မျက်ဝန်းထဲကမျက် ရည်ကအလိုလိုကျနေသည် အဝေးဆုံးတနေရာ ရောက်တော့ သူမကျနော့်ကို လက်ရမ်းပြကာ
(အစစအရာရာဂရုစိုက်ပါ ဘဝကိုအရှုံးမပေးပါနဲ့ အချစ်သစ်ရှာပြီးပျော်ရွှင်နိုင်ပါစေ နှုတ်ဆက်ခဲ့ပါတယ် ) saranghae oppa အိမ်ထောင်ကျရင်နောက်တစ်ခါပြန်ဆုံကြတာ ပေါ့ အိပ်မက်ထဲသာမက အပြင်မှာလဲ Jk ရဲ့ပိတ် ထားတဲ့မျက်ဝန်းထဲမျက်ရည်များအပြင်ဘက်သို့ စီးကျလာတယ် ဒါကို Jk ကိုယ်တိုင်မသိသလို ဘယ်သူမှလဲမမြင်လိုက်ပါ

1:30 ကြာခွဲစိတ်ပြီးနောက်Jk ကိုပိုးသတ်ထားတဲ့ အခန်းထဲခေါ်သွားကြကာ တာဝန်ကျဆရာဝန် ကလွဲရင်ဘယ်သူမှမဝင်ရပဲတျောက်ထဲထား ထားသည်ပါးစပ်နားအောက်စီဂျင်တက်ထားရပြီး
လက်နှစ်ဖက်လုံးဆေးထိုးအပ်ပေါက်ရာတွေနှင့် ခြေထောက်မှာလဲပတ်တီးအပြည့်နှင့် မြင်ရသူအဖို့မငိုပဲမနေနိုင် Jk ရဲ့မိဘနှစ်ပါးကတော့ တျောက်ကိုတျောက်ဖက် ကာ ငိုနေကြသည် Jin ကတော့Jk အတွက်ဆုတောင်းပေးနေရှာသည် မျက်ရည်လေးဝဲနေရင်းနဲ့ပေါ့

Everything Is For YouDonde viven las historias. Descúbrelo ahora