ဆိုးလ်မြို့လူကုံထံရပ်ကွက်ကြီးမှာကားမပါဘဲဘယ်နေရာမှမဆင်မပြေပါ။
Jinyoung POV:
ဟူးအိမ်ကိုHyungသိမှာစိုးလို့လမ်းထိပ်ရပ်ခိုင်းလိုက်တာမှားတာဘဲအဝေးကြီးလျှောက်ရအုံးမယ်။
...ပွစိပွစိလေးရေရွတ်ရင်းလေးလေးပင်ပင်လမ်းလျှောက်လာခဲ့သည်။
Arjushiတောင်ကားပြင်တာပြန်မရောက်သေးဘူးထင်တယ်။
မနက်ဖြန်Ommaဆီသွားဖို့ကိုကို့ကိုပြောရမယ်။လိုက်မပို့လည်းဘတ်စ်ကားနဲ့ဘဲကိုယ့်ဘာသာသွားရမယ်။Ommaနဲ့မတွေ့ရတာကြာပြီ။ဒီလဆိုရင်၆လပြည့်ပြီဘဲOmmaရယ်လွမ်းလိုက်တာ။နေကောကောင်းရဲ့လားမသိဘူး။ဒီရက်ပိုင်းအတွင်းအရမ်းသတိရနေတာ။
...အတန်ကြာမျှလျှောက်ပြီးနောက်အိမ်သို့ရောက်လေသည်။
************************************
Jinyoung:Arjima arjima
Arjima:လူလေးarjimaဒီမှာ
...နောက်ဖေးမီးဖိုချောင်ကအော်သံကြောင့်ဝင်သွားလိုက်တော့...
Jinyoung:ဟင်Arjimaဘာလုပ်နေတာလဲ
Arjima:aww arjimaအမေနေမကောင်းလို့အဲ့တာခဏပြန်ချင်လို့
Jinyoung:ေဩာ်။ဟင်Arjimaပြန်ရင်Arjushiလည်းလိုက်မှာပေါ့။
(Arjimaနဲ့Arjushiတို့ကလင်မယားတွေနော်)
Arjima:အင်းဟုတ်တယ်သူကတော့သိပ်မကြာပါဘူးArjimaကတော့နည်းနည်းကြာမယ်။
Jinyoung:ဟင်းကျွန်တော်တော့ပျင်းနေတော့မှာဘဲArjimaတို့မရှိရင်။
Arjima:သိပ်တော့မကြာပါဘူးလူလေးရယ်
Jinyoung:Naeသူ့ကိုပြောပြီးပြီလား
Arjima:ommမနက်ကပြောထားပြီးပြီညနေသူပြန်လာရင်ပြန်တဲ့
Jinyoung:Awww Naeကောင်းကောင်းသွားပါနော်။အဘွားလည်းနေအမြန်ဆုံးကောင်းပါစေ၊
Arjima:အေးပါကွယ်။
Jinyoung:ဟောကားသံကြားတယ်သူပြန်လာပြီထင်တယ်။
...အိမ်ထဲကိုမျက်မှောင်ကြီးကျုံလျှက်ဝင်လာတဲ့သူ
Mark:Arjimaတို့သွားတော့မှာလား
Arjima;Naeသခင်လေး။
Mark:ဒါကလုပ်အားခကြိုထုတ်ပေးတာပါ၊ဒါကတော့ဆေးရုံစရိတ်အတွက်ပါ။
Arjushi;Naeကျေးဇူးတင်ပါတယ်သခင်လေး
Arjima:ကျေးဇူးပါသခင်လေး။အမေနေပြန်ကောင်းတာနဲ့ပြန်လာခဲ့ပါ့မယ်။
Mark:Naeသွားကြတော့လေ။နောက်ကျနေအုံးမယ်။
Arjima&Arjushi;Nae
ဇနီးမောင်နှံ၂ယောက်ထွက်သွားတော့ကျွန်တော်ခြံတံခါးလိုက်ပိတ်ကာနှုတ်ဆက်ရင်းအိမ်ထဲပြန်ဝင်ခဲ့သည်။
...ဧည့်ခန်းထဲရောက်တော့
Jinyoung:ကျွန်တော်ပြောစရာရှိလို့ပါ။
ဆိုဖာပေါ်မှာတင်းမာနေတဲ့မျက်နှာ၊ကွေးညွန့်နေတဲ့မျက်ခုံးမွှေးထူထူတွေနဲ့စူးရှလှတဲ့သူမျက်လုံးတွေကတချက်မော့ကြည့်ကာ
Mark:မင်းနောက်မှပြော။ငါအရင်ပြောမယ်။ကျောင်းကနေပြန်တော့မင်းဘာနဲ့ပြန်လာတာလဲ
Jinyoung:awwအသိစီနီယာတယောက်ကားနဲ့ပါ။Arjushiကကားပျက်နေတယ်ဆိုလို့
Mark:အိမ်ကကားပျက်တာငါသိတယ်။Arjushiငါ့ကိုဖုန်းဆက်ပြောပြီးသား။
တဖြေးဖြေးတင်းမာလာသောကိုကို့အသံတွေ
Mark:မင်းကိုငါဘာပြောထားလဲအိမ်ကကားအဆင်မပြေရင်ငါ့ဆီဖုန်းဆက်ပါလို့မပြောထားဘူးလား။
Jinyoung:Arjushiကိုစောင့်နေတာပါ။ဒါပေမဲ့Hyungကလိုက်ပို့မယ်ဆိုတာနဲ့။
Mark:မင်းကျောင်းမှာဘယ်လိုဘဲလိမ်ထားထားမင်းကအိမ်ထောင်ရှိတယ်ဆိုတာအသိတော့ရှိပါသေးတယ်နော်
Jinyoung:ခုHyungလိုက်ပို့တာဘာတွေများဖြစ်နေလို့လဲ
Mark:ဘာ..ဘာတွေဖြစ်နေလို့လဲဟုတ်လား။တွေ့သမျှအကောင်တွေနဲ့ပလူးနေတာငါ့ခွင့်မပြုနိုင်လို့ပေါ့။
Jinyoung:ခင်ဗျားမက်မရိုင်းနဲ့ကျွန်တော်ဘာမှမဟုတ်တာမလုပ်ထားဘူး။
Mark:လမ်းမပေါ်မှာပလူးချင်တိုင်းပလူးနေတာဘာမှမဟုတ်တာမလုပ်ထားဘူးပေါ့ဟုတ်လား။ပြောစမ်းငါ့မသိဘဲအဲ့ကောင်ကားနဲ့လိုက်လိုက်သွားတာဘယ်နှခါလောက်ရှိနေပြီလဲ။
Jinyoung:မစွပ်စွဲနဲ့နော်။ဒီနေ့ကပထမဦးဆုံးဘဲ။တခါမှလည်းမလိုက်ဖူးဖူး။နောက်လည်းမလိုက်တော့ဘူး။ခင်ဗျားကိုကြောက်လို့။
Mark:ya park jinyoungမင်းငါ့ကိုမရွဲ့နဲ့နော်
Jinyoung:ဘာမှမရွဲ့ဘူး
Mark:ဒီနေ့ကစပြီးမင်းကျောင်းပို့ကျောင်းကြို့ငါလုပ်မယ်။ဘာမှအထွတ်တက်ဖို့မစဉ်းစားနဲ့။သွားအပေါ်တက်တော့
Jinyoung:Nae...ဒါနဲ့
Mark:ဘာလဲ
Jinyoung;ဟိုမနက်ကျောင်းပိတ်တယ်
Mark:အဲ့တော့
Jinyoung:ကျွန်တော်အပြင်သွားချင်လို့။
Mark:ငါမနက်Companyရှိတယ်နောက်နေ့မှသွား။
Jinyoung:အဲ့တာဆိုရတယ်လေကျွန်တော့်ဘာသာသွားမယ်
Mark:Park Jinyoungမင်းရူးနေလား
..ရုတ်တရက်ထအော်လိုက်တဲ့သူကြောင့်
Jinyoung:wae..yaw..
Mark:ဒီလောက်ငါစိတ်တိုနေတာတောင်ကိုယ့်ဘာသာသွားမယ်လို့မင်း$ပါးစပ်ကပြောရဲသေးတယ်နော်
Jinyoung:ကျွန်တော်ကလေးမှမဟုတ်တာ။
Mark:တောက်ငါလုပ်လိုက်ရ။ကလေးမဟုတ်လို့ပြောနေတာပေါ့။အဲ့လောက်တောင်သွားစရာများနေလားဘယ်ကိုသွားမှာလဲ။
Jinyoung;ommaဆီသွားမလို့ပါ။
Mark;မင်းommaကသူ့ဘာသာဆေးရုံမှာနေနေတာ။မင်းကဘာသွားလုပ်မလို့လဲ
Jinyoung:ပြောရက်တယ်နော်ကျွန်တော်ommaကိုမတွေ့ရတာ၆လရှိပြီ
Mark:မင်းကိုငါပြောပြီးသားဒီရက်ပိုင်းအတွင်းမင်းအပြင်ထွက်ကိုမထွက်ရဘူး။
Jinyoung:ခင်ဗျားအဲ့လိုမပြောနဲ့ကျွန်တော်ကလူ။လှောင်အိမ်ထဲကငှက်မဟုတ်ဘူး။ခင်ဗျားသော့ခတ်ဖိုမကြိုးစားနဲ့
*သေလိုက်တော့Park Jinyoungဘယ်လိုတွေတောင်ပြောရဲလိုက်တာလဲ
Mark;ဘာသော့ခတ်မထားနဲ့ဟုတ်လားမင်းကအဲ့စကားတွေပါတက်နေပြီပေါ့၊ဘာလဲမင်းရဲ့မာဖလာသူရဲကောင်းကြီးသင်ပေးထားတာလား
...Jinyoungမတ်တပ်ထရပ်လိုက်တော့Markကပါထလိုက်ရင်း။
Jinyoung:hyungနဲ့ဘာမှမဆိုင်ဘူးHyungကိုအဲ့လိုမပြောနဲ့
*ကျွန်တော်တကယ်ကြောက်နေမိပြီ။သူနေခင်းတုန်းကတွေ့သွားတာလား။အရင်ကသူ့ပုံစံတွေ။
Mark:မင်းကိုငါကသနားလို့ခုတလောခွင့်လွှတ်ပေးထားတာမင်းကမရဘူးဘဲ။အရေထူလာတယ်ဟုတ်လား။မင်းအဲ့ကောင်ကိုကြိုက်လားကြိုက်နေလားလို့။
ပခုံး၂ဖက်ကိုခပ်ကြမ်းကြမ်းကိုင်ဆောင့်နေတော့
Jinyoung:....
Mark:တောက်ငြိမ်နေတယ်ဆိုတော့ဝန်ခံလိုက်တာလား။
Jinyoung:arni...yaw...
Mark:တောက်
ခပ်ကြမ်းကြမ်းဆောင့်တွန်းလိုက်မှုကြောင့်ကြမ်းပြင်ပေါ်လဲကျတော့ညာလက်နဲ့ထောက်မိ၍မျက်ခနဲ
Mark:သွားမင်းထွက်သွား။ငါမခေါ်မချင်းအိမ်ထဲမလာနဲ့သွားခုထွက်သွား
မကျနဲ့Park Jinyoungထိန်းထားစမ်း...
ဘယ်လောက်ဘဲစိတ်ထိန်းထိန်းမျက်ရည်တွေကကျလာပြန်တယ်။အိမ်တံခါးကိုဆွဲဖွင့်လိုက်တော့ညဝတ်အကျီၤလေးဘဲဝတ်ထားလို့ထင်တယ်အပြင်မှာအေးလိုက်တာ။
Jinyoungထွက်သွားတော့အရက်တွေစီတန်းထည့်ထားတဲ့ဘားငယ်လေးဆီသို့....
************************************
တီတီတီ....
Mark:Aishiဘယ်ကအသံလဲကွာ...
ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားလုပ်မိတော့ဖုန်းခနဲဆိုဖာအောက်သို့
Mark:အား...ဟင်ငါဘယ်လိုလုပ် ဧည့်ခန်းမှာအိပ်နေတာလဲ။
ကိုက်နေတဲ့ခေါင်းကိုလက်နဲ့ဖိလိုက်ရင်း...tableပေါ်ကဖုန်းကိုကောက်ကိုင်လိုက်ရသည်။
Mark;ဟလို
Jackson:ဟားဟေ့ရောင်ခုမှနိုးတာလား
Mark;ommဟုတ်တယ်
Jackson;ဟားညကအိပ်တာနောက်ကျတယ်ထင်တယ်ဟားဟားဟား
Mark:မနောက်နဲ့ကွာဘာလဲပြော
Jackson:ေဩာ်နေ့ခင်းကျရင်ငါJBနဲ့အတူတူမင်းCompanyလာခဲ့မယ်လို့မင်းအားအောင်လုပ်ထား
Mark:၂ရက်ဆက်တိုက်သောက်ထားတာကွာ၊ဒီနေ့တော့ဆက်မသောက်နိုင်တော့ဘူး။
Jackson;သောက်ဖို့မဟုတ်ပါဘူးကွာ။လုပ်ငန်းအကြောင်းဆွေးနွေးမို့
Mark:အေးအေးတွေ့မှပြောတော့ကွာငါCompanyသွားဖို့နောက်ကျနေပြီဒါဘဲဟေ့ရောင်
...ဖုန်းချပြီးနောက်ဖုန်းကိုTableပေါ်တင်လိုက်တော့ဘေးနားမှာပုလင်းတွေ
Mark:ညကသောက်တာမနည်းပါလား။ဟူးထအူံးမှဘဲ။..အား.ကျွတ်...ကျွတ်..ကိုက်လိုက်တာ။
ခန္ဓာကိုယ်ကိုထိန်းရင်းအပေါ်ထပ်တက်တော့ပွင့်နေတဲ့အရှေ့ခန်းတံခါးကြောင့်
Mark:ဟင်Jinyoung Park Jinyoung
...တံခါးကိုဆွဲဖွင့်တော့အထဲမှာသပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ခေါင်းအုံးနဲ့စောင်သာ
Mark;ကလေးစုတ်မာနကတော့....
အလျင်အမြန်ပြေးဆင်းတာလှေကားထစ်တွေကိုဘယ်လိုကျော်ခဲ့လဲတောင်မသိ
အိမ်တံခါးကိုဆွဲဖွင့်လိုက်တော့
ခွေခွေလေးအိပ်နေတဲ့ကလေးလေး
Mark:ဟာ..သေစမ်းကွာ...ya park jinyoung...jinyoung yaသတိထားအုံး..ya park jinyoung
မျက်လုံးလှလှလေးတွေဖြေးဖြေးလေးပွင့်လာရင်း...
Jinyoung:ကျွန်တော်အရမ်းချမ်းတယ်...ကိုကို
ဟင်ကိုကိုလို့ခေါ်လိုက်တာလား...
...အေးစက်နေတဲ့ကိုယ်လေးကိုပွေ့ရင်းအိမ်ထဲသို့ပြေးဝင်လိုက်သည်။************************************
~~ချမ်း....ချမ်းတယ်
...ကုတင်ပေါ်တင်ပြီးပြီးချင်းကြားလိုက်ရတဲ့အသံသဲ့သဲ့
Mark:တောက်မူးရင်အိပ်ပျော်တဲ့အကျင့်ကြောင့်သေတော့မှာဘဲ
မျက်နှာလေးတွေကောနှာဖူးလေးပေါ်ပါအဝတ်ဆိုလေးတွေတင်ပေးလိုက်ရင်း
အကျီၤတွေဘောင်းဘီတွေပါလှဲပေးလိုက်ရသည်။
ပါးစပ်ထဲကိုအဖျားပျောက်ဆေးအတင်းထည့်ပေးရင်တိုက်လိုက်ရသည်။
Mark;Hello Manager Min အင်းငါဒီနေ့Companyမလာတော့ဘူးညနေကျမှအိမ်ကိုFileတွေယူလာပေး...အင်း..အင်းဒါဘဲ။
ဖုန်းချလိုက်ပြီးနောက်ဆန်ပြုတ်ပြုတ်ဖို့အောက်ထပ်ဆီသို့....
************************************
ဆန်ပြုတ်ပြုတ်ပြီးအပေါ်ပြန်တက်လာတော့
ကုတင်ဘေးကစားပွဲပေါ်မှာတုန်နေတဲ့ဖုန်းလေး
Mark:Hello
Youngjae;Jinyoung yaကျောင်းမတက်ဘူးလားဒီနေ့ဘာလို့မလာသေးတာလဲ
Mark;ေဩာ်သူဒီနေ့နေမကောင်းလို့ကျောင်းမတက်ဘူး
Youngjae:arr naeအရမ်းနေမကောင်းဖြစ်နေလားဟင်
Mark;သက်သာသွားမှာပါဆေးသောက်ထားတော့
Youngjae:ဒါနဲ့Arjushiကဘယ်သူလဲဟင်သူ့အဖေလား
ငါ့အသံကိုများအဖေတဲ့😏
Mark;သူ့အကိုပါ။
Youngjae:Naeဒါဆိုသေသေချာချာလေးဂရုစိုက်ပေးပါနော်ဒါဘဲနော်Hyung
Mark:ငါ့များဆရာလုပ်သေးတယ်မလွယ်တဲ့ဟာလေးတွေ။
ကုတင်ထက်ကသူ့ကိုကြည့်တော့
ပွစိပွစိရွတ်နေတဲ့သူ
Mark:ဘာဖြစ်နေတာလဲချမ်းနေတာလားဆရာဝန်ခေါ်လိုက်ရင်ကောင်းမလား
...ဘေးနားကနေထဖို့ပြင်တော့အကျီၤစကိုဆွဲထားတဲ့လက်တစုံ
Jinyoung:ကိုကို...နှင်မထုတ်ပါနဲ့...
မျက်လုံးမပွင့်ဘဲယောင်နေတဲ့ကောင်လေး
Mark:ဟူးJinja mianhaeမှားသွားပါတယ်ကွာ။
ဘေးနားမှာဝင်လှဲလိုက်ရင်းစောင်ခြုံထားတဲ့ကိုယ်လေးကိုနွေးသထက်နွေးအောင်ရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။
***ကျွန်တော်တို့ရဲ့မနက်ဖြန်တွေလေပြေလေအေးလေးတွေနဲ့အမြဲသာယာနိုင်ပါစေ။***

************************************
To Be Continued...
Love ya my got7&all my readers♡♡♡
ဒီအပိုင်းကိုရေးပြီးပြန်ဖတ်တော့အသည်းတွေယားနေမိပါတယ်။😂😂ပုံလေးတွေလည်းကြည့်ပေးကြပါ။ဒီရက်ပိုင်းအတွင်းလည်းအတော်ပလူးကြတဲ့၂ယောက်ပါ။MalaysiaကMarkjin shipperတွေများတာကိုသူတို့ကအသေသတ်နေတာ။😍
Updateနောက်ကျတဲ့အတွက်Mianhae yo😘😘😘
90°Bow....
YOU ARE READING
Revenge~You Know Revenge^^
FanfictionMain Characters-Mark And Jinyoung from Got7. Yaoi Fiction.The Story is about the hate between the two boys.