Birthday Present

92 14 1
                                    


" မင်းက ဒါဆို ငါတို့ ကိစ္စကို ဘယ်သူမှ အသိမပေးချင်တဲ့သဘောလား!! မင်းငါ့ကိုတကယ်မချစ်ပါဘူး BaekHyun "

" မဟုတ်ဘူး ChanYeol ငါပြောတာအဲ့လို သဘောမဟုတ်...."

" အဲ့လို သဘောမဟုတ်ရင်ဘာသဘောလဲ မင်းငါ့အပြင်တခြားတစ်ယောက်ရှိနေလို့ ငါတို့ချစ်နေတဲ့ ကိစ္စကို လူရှေ့မှာချမပြရဲတာပေါ့ "

" ChanYeol မင်းထင်တာတွေ စွပ်မပြောနဲ့ မင်းဘာသာမင်းထင်ချင်သလိုထင် ငါလည်းမင်းကို နားလည်အောင်ပြောပြီးပြီ ဘာမှထပ်မရှင်းပြနေတော့ဘူး "

# ဂျိန်း

အခန်းတံခါးကို စောင့်ပိတ်ကာ ဒေါသတကြီးထွက်သွားတဲ့ သူ့ကို ကြည့်ပီးကျွန်တော်သက်ပြင်းချမိတယ်...
သူပြောသလို ကျွန်တော်တို့ ချစ်နေတာကို ပရိသတ်တွေထောင်ပေါင်းများစွာရှေ့မှာ ဝန်ခံမိချင်တာပေါ့
ဒါပေမယ့် ကျွန်တော်ကြောက်နေမိတယ် ကျွန်တော်တို့ကို ကန့်ကွက်တဲ့ သူတချို့တလေရှိချင်လည်းရှိမယ်
အဲ့လို public ချပြလိုက်လို့ ကျွန်တော်တို့ ဝေးသွားရမယ့် Drama ဆန်ဆန်အဖြစ်မျိုးကို ကျွန်တော်မလိုချင်ဘူး......

"ChanYeol ဒေါသ တကြီးနဲ့ ဘာဖြစ်လာတာလဲ အခန်းထဲကလည်း အသံတွေကြားတယ် BaekHyun ရော "

" သူ့အကြောင်းလာမပြောစမ်းပါနဲ့ Hyung ရာ အလကားအတွေးတွေလွန်ပီ သတ္တိမရှိတဲ့သူကို ဘယ်လို ဆက်ချစ်ရမလဲကို မသိဘူး ဟူး....."

ChanYeol ပြောတာနားထောင်ပီး Suho သက်ပြင်းချမိတယ်
အဲ့လို စကားပြောလာတာလည်း မနည်းတော့ဘူး
ပီးရင်နေနိုင်တာလဲမဟုတ်ဘဲနဲ့....

" အေးပါ.. မနက်ဖြန်မင်းမွေးနေ့ဆိုတာကိုရောသတိရဦးနော် fan တွေရှေ့မှာလဲ မျက်နှာပျက်မနေနဲ့ဦး "

" ဟုတ်ကဲ့ပါ hyung "

" ပျင်းလိုက်တာ..... အရင်ဆို ခုချိန် Park Chan နဲ့ ဂိမ်းဆော့နေကြကို....."

BaekHyun ကုတင်ပေါ် ပက်လက်လှန်ကာ ဟို လှိမ့်သည်လှိမ့်လုပ်နေသည်...

" အာ့ဆိုလည်း ဘာလိုအစတည်းက ရန်ဖြစ်နေသေးလဲ baek hyung ရာ "

" ငယ်လေး....မင်းမသိပါဘူးကွာ သူကငါ့ဆို ဘယ်တော့မှနားမလည်ပေးဘူး အားနေ ဟိုလူနဲ့ပေးစားမယ် သည်လူနဲ့ပေးစားမယ်ဘဲ ကြည့်နေတာ ဒီတစ်ခါတော့ သူပြန်မတောင်းပန်မချင်း ငါကတော့ sorry ဘဲ "

 Birthday PresentWhere stories live. Discover now