​Dream...

481 46 7
                                    


"ဟင်..."

အသိစိတ်တွေကိုယ်ခန္ဓာမှာ
ပြန်ကပ်သွားချိန်မွာ...
ဒါဟာ အိမ်မက်တစ်ခုဆိုတာ
သူမသိလိုက်ရသည်...

ဝဲဘက်ရင်အုံဆီမှ စူးရှနေသည့်နာကျင်မှုရယ်..
နားထင်ထောင့်က ရေနွေးစီးချောင်းလေးရယ်..
နဖူးဆံစပ်ကချွေးစက်တစ်ချို့ရယ်....

အို...ဒီအိမ်မက်ဟာ သိပ်ကြောက်ဖို့ကောင်းတာလဲမဟုတ်ပါပဲနဲ့....

ကျောခိုင်းထားသော ကျောပြင်တစ်ခုသာ...

သို့ပေမယ့် သိလ်ိုက်ရတာက..

ဒီတစ်နေ့လုံး သူမနေထိုင်ရခက်နေခြင်းသာ....

ညနေစောင်းလာချိန်မွာတော့
နှလုံးသားကတောင်းဆိုနေတဲ့ ဆန္ဒတစ်ခုကိုလိုက်လျောလိုက်မိတယ်....

"ငါမမွားပါဘူး...
ဖုန်းလေးတစ်ခါခေါ်မိတာ အမှားတစ်ခုကျူးလွန်တာမှမဟုတ်တာ...."

ကိုယ့်ကိုကိုယ်အားပေးရင်း
ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်မိတယ်....

တူဆိုသော အသံဟာ...
သူမတို့နှစ်ယောက်ကြားက
အကြာအဝေးလိုများလား....

ကြာလိုက်တာ....

"Hello..."

"..."

သူမပြန်မဖြေမိပေး...
သူ့အသံထဲကနေ တစ်စုံတစ်ရာ
သူမရှာဖွေနေမိတယ်...

သူ့အသက်ရှူသံသဲ့သဲ့ဟာ တိုးညှင်းလွန်းနေသလိုပဲ...

စိတ်ထင်လို့ပဲလား.....

သူ့အသံလေးကလဲ ဖျော့တော့နေသလို....

"Hello,... ဘယ်သူလဲ..."

ရင်နာချင်သွားခဲ့သည်..

သူဖုန်းနံပါတ်တွေကို မှတ်မထားတတ်တာသိပေမယ့်လဲလေ....

"ကိုယ်ပါ..."-

"အင်း... သိတယ်လေ.. မပြောလို့ပြန်မေးတာ..."

သူ....သူမဖုန်းနံပါတ်ကို အလွတ်သိနေတာလား..

ရင်ထဲမွာ ငြိမ့်ညောင်းသွားခဲ့ပါသည်...

"အင်း..
ညကမင်းကိုအိမ်မက်မက်တယ်...
နေကောင်းရဲ့လားလို့... အဲ့ဒါ...."

သူနဲ့ဆို တောင်စဉ်ရေမရ
ပြောချင်တာတွေပြောတတ်တာ
သူမအကျင့်....

EmpressWhere stories live. Discover now