If

375 18 2
                                    

Park Chan Yeol
သူမကိုကျွန်တော်အသက်လောက်ချစ်တယ် ဒါပေမဲ့ အဲဒီ့အချစ်ကိုပါးစပ်ကနေတဖွဖွမပြောတတ်ခဲ့ဘူး
ရင်ဘတ်ထဲမှာပဲမြိုသိပ်ထားခဲ့တယ် အဲဒီ့အချစ်တွေကို လက်တွေ့ပြမဲ့အချိန်မှာသူမကသူ့ကိုနှုတ်ဆက်သွားခဲ့ပီ
ဒါတွေကြောင့်ပဲသူမသေဆုံးတဲ့အချိန်ထိ သူမအပေါ်သူမချစ်သလိုမချစ်ဘူးလို့ပဲသူမထင်နေခဲ့
တယ် သူဒီတိုင်းသေဆုံးခဲ့ရင် အားလုံးကပြီးပါပီ အခုသူ့ရင်ကိုခွဲပီး နှလုံးကို တစုံတယောက်ရင်ဘတ်ထဲထည့်ပေးခဲ့တယ် သူသေသွားတာမဟုတ်ဘူး သူ့ရင်ခုန်သံကိုကျွန်တော်ကြားနိုင်သေးတယ် သူမရဲ့နှလုံးသားဟာတခြားသူရင်ဘတ်ထဲမှာဆက်
ခုန်နေသေးတယ် အိုက်နှလုံးသားရဖို့အတွက် ကျွန်တော် ဘာမဆိုလုပ်ဖို့အသင့်ပဲ


Byun Baekhyun
noona သူ့ကြောင့်သေရတာ noonaရဲ့နှလုံးသားကိုရထားပေမဲ့ သူ့ကို noona လိုတော့ မကြည်ဖြူနိုင်ဘူး မုန်းတယ် သိလား?
noonaကိုသေစေခဲ့တဲ့သူ ရက်စက်တဲ့သူ သူ့ကိုကျွန်တော်မုန်းတယ် noonaကတော့နောက်ဆုံးထွက်သက်အထိ စိတ်နာတယ်လို့ တခွန်းမှမဟခဲ့ဘူးနော် noonaမသေဆုံးခင် သူ့နှလုံးသားကို ကျွန်တော့နှလုံးသားနဲ့လဲပေးဖို့တောင်ဆိုခဲ့တယ်လေ ကျွန်တော်နဲ့စကားပြောချင်တယ်ဆိုတဲ့ တောင်းဆိုမှုကတော်မပြည့်ဝခဲ့ဘူးနော် အိုက်အချိန်တုန်းက ကျွန်တော်ကလူမှန်းသူမှန်းမသိဖြစ်နေတဲ့အချိန် ပီးတော့ noonaကလည်းသေလုမျောပါး မောင်နှမနှစ်ယောက်မတွေ့ခဲ့ရဘဲ noonaတောင့်တခဲ့ခဲ့သော ထိုစကားတွေသာကျန်ရစ်နေခဲ့သည် noonaဘာမှာခဲ့ချင်တာလဲ? noonaဘာပြောချင်ခဲ့တာလဲ?
noonaနှလုံးသားနဲ့အသက်ဆက်လက်ရှင်သန်နေခဲ့ရ
သောကျွန်တော်ကnoonaအတွက်တစုံတရာဆောင်
ရွက်ပေးဖို့ရှိနေသလား?
noonaမပြောနိုင်ခဲ့တာဒါပဲလား?

Kim RanHyo
ကျွန်တော့ နှလုံးသားထဲက Baekhyun ကို စိတ္တဇဆန်ဆန်စိတ်ကူးနဲ့ ဆွဲထုတ်သွားခဲ့တယ် ကျွန်တော့မှာကာကွယ်နိုင်စွမ်းမရှိခဲ့ဘူး ပြန်ရယူဖို့တော့အမြဲကြိုးစားနေမှာပဲ ဒါကိုတော့မြဲမြဲမှတ်ထား Park Chan Yeol


Byun Baekhyee
ရှင် ကျွန်မကိုချစ်တယ်ဆိုတာ သိနေခဲ့တယ် ဒါမဲ့တပြိုင်နက်ဆိုသလိုမချစ်ဘူးလို့လည်းခံစားရတယ်USကို သွားတယ်ဆိုတာbaekhyeeနဲ့အတူ တစ်ဘဝထူထောင်ဖို့baekhyeeကိုလိုချင်လို့ baekhyeeရဲ့အသိုင်းအဝိုင်းထဲဝင်ဆံ့ဖို့ဆိုတာသိပါ
တယ် ဒါပေမယ့်မောင်တကိုယ်ကောင်းဆန်တယ် မောင်baekhyeeကိုနည်းနည်းမှမငဲ့ဘူး စာမရေးချင်ဘူးဆိုရင်တောင်phဆက်ဖို့တော့မောင်အားထုတ်သင့်ပါတယ် ခုတော့.........T.T

IF Where stories live. Discover now