( 6 )

85 13 0
                                    

ရေလယ်ကို ထိုးထားသည့် တံတားလေးအတိုင်း အတူလျှောက်လာခဲ့ပီး ကျွန်းဝိုင်းကလေးမှာ ထိုင်မိကြတော့ Ran က Baek ဘေးမှာ ကပ်ထိုက်သည်။ Baek၏ လက်ဖဝါးလေးကို ထွေးဆုပ်ပီး ညှိုးနေသည့် မျက်နှာလေးတွေ ငုံကြည့်၏။

"ဘာပြောစရာရှိလို့လဲ Baekရယ် အထူးတလည် ချိန်းနေလို့ ငါအံ့သြနေတာ ပြောလေ ဘာဖြစ်လို့လဲ"

Baekဘယ်က စပြောရမှန်းမသိ မျက်နှာကိုငုံ့ကြည့်ပီး သူဘာပြောမလဲစောင့်ကြည့်နေသော မျက်နှာဆီမှ အကြည့်လွှဲလိုက်သည်။

"ပြောလေ ဘာလဲ အန်ကယ်လ်JayGon ကိစ္စလား ငါတို့နဲ့ဆိုင်တဲ့ကိစ္စလား"

"အန်ကယ်လ်ပြောတဲ့ ငါတို့ကိစ္စ"

"ဘာ"

"ဟုတ်တယ် Ran မင်းနဲ့ငါ"

Baek ပြောဖို့ အားထုတ်သည်။မျှော်လင့်နေသည့် မျက်နှာကို ကြည့်၍ ပြောဖို့စကားက ရှေ့ဆက်မရ။
Ranက ဇွတ်တရွတ်ဆန်ချင်သည်။ အန်ကယ်လ်က မာနကြီး၏။နှစ်ဖက်ထဲမှာ အန်ကယ်လ့် ကိုတော့ baekအံတုနိုင်မှာ မဟုတ်တာ သေချာခဲ့ရာ...။

"ငါ..."

"Asih...ပြော"

"Ranစိတ်အေးအေးထားနော် ပြဿနာရှိနေရင် ငါတို့စိတ်အေးအေးထားပီး ဆုံးဖြတ်မှဖြစ်မှာ"

"ဘာတွေလဲ Baekhyunရာ ရင်တွေပူစပြုလာပီ ဘာတွေဖြစ်ကုန်လို့လဲ"

Baek မျက်ရည်တွေဝေ့တက်လာ၏။ ဒါကြောင့်လည်း ခံစားလွယ်တတ်လွန်းလို့ နှလုံးရောဂါသည် ဖြစ်ခဲ့ရတာ ထင်သည်။

မွေးရာပါမဟုတ်ခဲ့ပေမယ့် အလယ်တန်း ကျောင်းသားကျမှ ဒီရောဂါရခဲ့သည်။ ဖြစ်ပီဆိုကတည်းက စိတ်ပနည်းနည်းလေးမှ အထိခိုက်မခံ။ ငယ်ငယ်လေးကတည်းက ဘယ်နေ့သေသွားမလဲဆိုသည့်အခြေအနေနှင့်ပဲ သေမင်းခံတွင်းဝမှ လက်မတင်လေး လွတ်လာခဲ့ရသည့်Byun Baekhyun။

Noona အသက်နဲ့ဆက်ပေးသွားမှ ဒီနေ့အသက်မာမခံချက်ရခဲ့တာမျိုး။Baekငိုတော့ Ranမျက်နှာပျက်သွားသည်။ဘယ်အချိန်ပဲဖြစ်ဖြစ်Baekကို အားပေးယုယခဲ့တာ Ranပဲဖြစ်သည်။ ထို့ကြောင့်Ranကို Baekချစ်သည်။ အားကိုးသည်။

IF Where stories live. Discover now