( 7 )

105 17 5
                                    

Diamond Palace ဆိုသည့်အတိုင်း ပြထားသည့် showcaseတွေထဲမှာ စိန်ထည်တွေက design အမျိုးမျိုးဖြင့် ပြိုးပြက်လက်နေသည်။ ကြော်ငြာနေသည့်မင်းသမီး လက်ထဲမှာလည်း စိန်ထည်တွေက ပုံနေသည်။ ကိုယ်မှာဆင်ထားလိုက်တာလည်း အင်္ကျီ
တောင်ပျောက်နေရသည့်အဖြစ်။
Cameraဆွဲပြသွားသမျှ Showcase တွေက ကုန်ပဲမကုန်နိုင်။

"စိန်တိုက်ကလည်း စိန်တွေက ကျောက်ခဲသလဲတွေကျနေတာပဲ တော်တော်ချမ်းသာပါ့လား အဲဒါဘယ်သူပိုင်တာလဲ"

TVမှာ ကြော်ငြာကြည့်ရင်း JayGon မရိုးမရွ ဖြစ်လာသည်။ သူကလည်း အောင်မြင်နေတဲ့ လုပ်ငန်းရှင် တယောက်ပါပဲ။ ဒါ့အပြင်တခြား လုပ်ငန်းရှင်တွေကိုလည်း JayGon စိတ်ဝင်တစား ရှိတတ်သည်။ သူ့အကျင့်ကိုက ချမ်းသာခြင်းကို စိတ်ဝင်စားတာဖြစ်သည်။

ကြော်ငြာထဲက ph noတခုကို မိမိရရ မှတ်ထားလိုက်၏။ ချက်ချင်းphကောက်ဆက်တော့သည်။ဘေးမှ စာထိုင်ဖတ်နေသည့် Baekhyunအတွက်ကတော့ ဦးလေးJayGon လုပ်ကိုင်နေသမျှ ဘာမှထူးဆန်းတော့တာ မဟုတ်သည်မို့ တချက်ပဲ လှမ်းကြည့်မိသည်။

"Diamond Palaceပိုင်ရှင်နဲ့ ခဏလောက် စကားပြောချင်လို့ပါ"

"………"

တဖက်က ဘာပြောလည်းမသိပါ။ JayGon နှုတ်ခမ်းမဲ့ပစ်သည်။

"နေပါစေတော့ စုံစမ်းချင်တာလေးရှိလို့ပါ ပစ္စည်းလည်းပြချင်လို့လေ"

"………"

"ကောင်းပါပီ"

phချပီးမဲ့ရွဲ့နေ၏။Baek က နောက်တခါ လှမ်းကြည့်လိုက်သည်နှင့် မျက်လုံးချင်းဆုံကာ…

"မထင်မှတ်စရာပဲ ပိုင်ရှင်က Park Chanတဲ့ Koreanပဲ ပီးတော့ တစ်ဦးတည်းပိုင် သိလား?"

Baek မမေးဘဲ ပြောနေသည်။ ပီးတော့နေရာမှ ထထွက်သွားရင်……

"စိန်တိုက်တွေ တော်တော်များများ Koreanမဟုတ်ဘူး အဟွန်း လေးစားလောက်စရာပဲ အဲဒိ့ပိုင်ရှင်ကို စုံစမ်းကြည့်ရမယ်"

Baekhyun မျက်နှာလေးပျက်သွားရှာသည်။ စုံစမ်းဦးမယ်ဆိုတော့ ကျောချမ်းရတာ သူပဲဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Feb 16, 2017 ⏰

Add this story to your Library to get notified about new parts!

IF Where stories live. Discover now