( 3 )

105 8 0
                                    

"မုန်းတာမမုန်းတာတော့မသိဘူး မင်းကိုမကြည်မှာတော့သေချာတယ်yeol ငါတို့ကားဖြတ်လာတော့သူလှမ်းကြည့်လိုက်တာ မြင်တယ် ပန်းစည်းကိုမြင်ရင် မင်းဘယ်သူဆိုတာခန့်မှန်းမိမှာပဲ"

Hunက စကား ခဏရပ်ပီးမှ

"သူ့ရဲ့ဘယ်ဘက်ရင်အုံမှာ မင်းချစ်သူရဲ့နှလုံးသား အစားထိုးနေတာမှန်ပေမယ့် မင်းချစ်သူ မင်းကိုမြင်သလိုတော့ သူ မြင်မှာမဟုတ်ဘူးဆိုတာတော့ငါပြောရဲတယ်"

Coffee Cafeထဲမှာလူသိပ်မရှိ။ စားပွဲတိုင်းမှာ လူခပ်ကျဲကျဲပဲ ဖြစ်သည်။ Hunပြောသမျှသည် သူ့နားထဲမှာပဲ ရှိကာ သူ့ရင်ထဲမှာ ပြောင်းလဲခြင်းကို လက်ခံနိုင်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်သည်။

သူ့အတွေးများက အတိတ်လောကသို့~~

လေယာဉ်က တဖြည်းဖြည်းမြင့်တက်သွားခဲ့သည်။ နယူးယောက်မြင်ကွင်းက ပျောက်ကွယ်ကျန်ခဲ့၏။
ကျောခိုင်းခဲ့သည့်အရပ်မျက်နှာဟာ အမေရိကန်နိုင်ငံဖြစ်ပီး ဦးတည်နေသည့်ရှေ့မျက်နှာ ကတော့ Koreaနိုင်ငံဖြစ်လေသည်။

Koreaကိုရောက်ဖို့ သူသွားရဦးမှာပါ။ တဖြည်းဖြည်းဝေးကွာကျန်ခဲ့ပီး တဖြည်းဖြည်းနီးကပ်လာသော ပြောင်းလဲနေသည့် တဖြည်းဖြည်းများစွာထဲမှာ လုံးဝမပြောင်းမလဲ တည်ရှိကျန်ခဲ့တာက အချစ်…။

ဟိုတုန်းကလည်းချစ်ခဲ့သည် အမြဲတမ်းချစ်နေခဲ့ပီး ခုလည်းချစ်နေဆဲဖြစ်သည်။သို့သော် သူ့ရင်ထဲမှာ မပြောင်းလဲစွာ ချစ်နေဆဲအချစ်သည် ရင်ထဲမှာပဲကျန်ရစ်ခဲ့ပါပီ။

တဖြည်းဖြည်း တစိမ့်စိမ့်ချစ်နေခဲ့သည့် သူ့ကို ချစ်သူက ရုတ်တရုတ်ကြီး ချန်ရစ်သွားခဲ့၏။
သူမ ပြောခဲ့ဖူးသည်။

"တဖြည်းဖြည်း ဟုတ်လား ဟုတ်ပါတယ် တဖြည်းဖြည်းတော့ ခံနိုင်ရည်ရှိလာမှာပါ Hyeeကြိုးစားမယ် မောင်ကတော့ ထွက်ခွာသွားမယ့်သူပဲ မောင်ရယ်"

ပြောတဲ့စကားတိုင်းမှာ သူ အဆမတန်ချစ်ခဲ့ရသော အချစ်များအားလုံးကို မယုံကြည်သော ဘယ်လိုပြောပြော အားမရနိုင်သော သူချစ်သလို မချစ်ဘူးဟုသာ အချိန်ပြည့်မှတ်ယူနေသော သူမဟာ
Byun Baekhyee ဆိုသည့် မိန်းမဖြစ်လေသည်။

IF Where stories live. Discover now