My Girlfriend!(Taengsic oneshot)

4K 165 19
                                    

In Seoul ~~
4:00pm

Myeongdong Apartment တစ်ခုရဲ့
တတိယထပ်က အခန်းno.203တွင်
လူသုံးယောက်ပစ္စည်းတွေအခန်းထဲသယ်ပို့ကာ
အလုပ်ရှုပ်နေကြသည်.
ဦးလေးကြီးတယောက်က နောက်ဆုံးအိတ်ကို
အပြင်ကနေသယ်ကာ အခန်းထဲ ကြမ်းပြင်ပေါ် ချလိုက်ပြီး

Man _ argashi . . ပစ္စည်းတွေအကုန်လုံး
သယ်ပြီးသွားပြီ .
အဆင်ပြေရဲ့လားမသိဘူး

Girl _ Nae. . arjushi တို့
အကုန်အဆင်ပြေပါတယ်.gamsamida

Man _ ဒါဆို . ပြန်ပါတော့မယ် . .
ပျော်ရွှင်ပါစေ ..

Girl _ (ခေါင်းညိမ့်ကာ) Thae. .

ပစ္စည်းပို့ပေးတဲ့ ဦးလေးကြီးနှစ်ယောက်ပြန်သွားတော့. .
Kim Taeyeon တယောက်
သူမနေရမယ့်အခန်းထဲကို ပတ်ကြည့်လိုက်သည်.
ကျောင်းပြီးထဲက Seoul ကိုမရောက်ဖြစ်ခဲ့. .
ယခု ဒီမှာ အလုပ်လုပ်ရန်အတွက် သူမမိဘတွေဆီက
ခွင့်ပြုချက်ရယူကာ Jeonjuကနေအရောက်လာခဲ့သည်.
သူမ ဒီမှာနေရတာပျော်သည်လေ.
သူမ ကျောင်းကသူငယ်ချင်းတွေလဲ ဒီမှာရှိနေသည်.

အခန်းပုံစံကို လိုက်ကြည့်ပြီး သူမသဘောကျသွားသည်.
ပစ္စည်းတွေကို သူ့နေရာနဲ့သူ အသေအချာရွှေ့လိုက်သည်.
ပြီးသွားတော့ သူမ ညောင်းလာတာကြောင့်
ကုတင်ပေါ် ခဏထိုင်နားပြီးအိပ်ပျော်သွားသည်.
တစ်နာရီကြာတော့ အိပ်ရာနိုးလာကာ
စားပွဲခုံပေါ်က ရေဘူးလက်ကျန်တဝက်ကို
ယူသောက်လိုက်ရင်း

Tae _ ဟုတ်သားပဲ. . ငါစားစရာတွေဝယ်ရဦးမှာကို
.. ဗိုက်ကလဲဆာနေပြီ.

Tae တယောက်ထဲရေရွတ်ပြီး အခန်းထဲကထွက်ကာ
အောက်ကိုဆင်းလာခဲ့သည်.
သူမနေတဲ့ apartment နဲ့ မျက်စောင်းထိုးမှာရှိတဲ့
market ကိုသွားကာ ခေါက်ဆွဲထုပ်တွေ
ဝက်အူချောင်းတွေ အအေးဘူးတွေနဲ့ တခြားလိုအပ်တာတွေ
ဝယ်နေသည်. Tae သစ်သီးတန်းမှာလျှောက်ကြည့်နေတုန်း

Voice _ ဟော .. ဟိုကောင်မလေးထွက်လာပြီ.
ငါတခါပြောဖူးတဲ့ နေ့တိုင်း club သွား
အမြဲ မူးနေတဲ့ကောင်မလေးလေ.

Tae အသံကြားရာဘက်ကို ကြည့်လိုက်တော့
ဈေးဝယ်နေတဲ့ အဒေါ်ကြီးနှစ်ယောက်က
တနေရာကိုကြည့်ပြီး အတင်းတုတ်နေကြသည်.

My Girlfriend!Tempat cerita menjadi hidup. Temukan sekarang