နယ်မြို့လေးတမြို့၏ ဆေးရုံကြီး သားဖွားဆောင်ရှေ့ ကွက်လပ်တွင် မီးဖွားမည့်လူနာများ ကို လာစောင့်နေကြသော သက်ဆိုင်ရာ မိသားစုများရှိနေသည်။ တချို့က အုပ်စုလိုက် ,တချို့ကလည်း နှစ်ယောက်သုံးယောက် ,တချို့ကျတော့ တစ်ယောက်တည်း ငေါင်စင်းစင်း, ထိုင်တဲ့ လူကထိုင် ,မိုးတိုးမတ်တပ်ရပ်တဲ့ လူက ရပ်နေကြသည်။
အမိုးရှိသော စင်္ကြံထောင့်ချို့ တနေရာမှာတော့ မိသားစု တစ်စု ယာယီ စခန်းချနေကြသည်။ အခင်းးတွေ ခင်းပြီး လှဲသူကလှဲ ,စာဖတ်သူကဖတ် ,စကားပြောသူကပြော,ကိုယ့်အိမ်ကိုယ့်ယာလိုနေကြ၏။
ရွာက တက်လာကြသူတွေ ဖြစ်ပုံရ၏။ တအိမ်လုံးများခေါ်ချလာသလားမသိ။ခလေးသုံးယောက်လည်းပါသေးသည်။တစ်ယောက်က အိပ်နေပြီ။နှစ်ယောက် က အနားမှာ ပြေးလွှားဆော့ကစားလို့ , ခြင်းထောင်းတွေ ရေပုလင်းတွေ အိုးတွေ ပန်းကန်တွေပါတွေ့ရသဖြင့် ထိုနေရာမှာပင် ကိုယ့်ဘာသာချက်စားနေသလားမသိ။
ကျေးရွာ နယ်မြို့ ဆေးရုံ ထုံးစံအတိုင်း ယောက်ယက်ခပ်နေသည်။
စင်္ကြံလမ်း တစ်နေရာတွင် လူရွယ်နှစ်ယောက်ရပ်နေသည်။တစ်ယောက်က စင်္ကြံတိုင်ကို မှီထားသည်။တစ်ယောက်က နာရီကိုကြည့်ပြီး ...
First man- '' ကိုးနာရီတောင် ထိုးတော့မယ် ,မမွေးသေးပါလားကွ''
Second man- '' စိတ်မပူပါနဲ့ကွာ မွေးတော့မှာပါ''
First man- '' borr,မင်းက ဘယ်လိုသိတုန်း''
Second man- ငါက အတွေ့အကြုံ ရှိပြီးသားပဲ ဆိုတာလဲ မမေ့နဲ့ဦးလေ''
First man- အေးကွာ ဟုတ်သားပဲ
Second man- တကယ်တော့ မင်း Appaက အကဲပိုတာပါကွာ ဗိုက်သိပ်မနာဘူး သရိုးသရီဖြစ်ရုံလောက်နဲ့ ဆေးရုံ ခေါ်ချလာလို့ ကြာနေတာပါ ပြသနာ မရှိပါဘူး
ဆိုပြီးတနေရာကို လှမ်းကြည့်လိုက်သည်။
ကားရပ်ရန်ထိုးထားသော ကုန်တင်ကား(သိတယ်မလား ကိုရီးယားကားတွေမှာ ဟင်းသီးဟင်းရွက်တွေဘာတွေ တင်တဲ့ကားလေ😁) ပေါ်မှ အသက်ငါးဆယ်ခန့် Argushiတစ်ယောက် ဆင်းလာသည်။ သူတို့ရှိရာ ခပ်သွက်သွက်လျှောက်လာပြီး ....
''မမွေးသေးဘူးလားကွ''ဟုစိတ်စောနေဟန်ဖြင့်မေး၏။
'' ဟာ ဘယ်သိမလဲ appaရ ကျွန်တော်မွေးတာမှမဟုတ်ဘဲ''
'' ဟာ...မင်းတော်တော် အူကြောင်ကြောင်နိုင်တဲ့ကောင်ပဲ မင်းမွေးတာ မဟုတ်မှန်းတော့ ငါသိတာပေါ့ စကားအဖြစ်မေးတာကွ,နေဦး ငါသွားစုံစမ်းလိုက်ဦးမယ်'' ဟုဆိုကာ ဘောက်ဆတ်ဆောက်ဆတ်ဖြင့် ထွက်သွားလေသည်။
''သူမေးတာနဲ့ မွေးမှာကျနေတာပဲ😒''
ကျန်တစ်ယောက်က ''မင်းတို့ သားအဖကလဲ😂''ဟုပြောပြီး ရယ်လိုက်သည်။
လူကြီးသည် ဆေးရုံအပြင်ဘက် ပြတင်းပေါက်မှ မီးဖွားဆောင်အတွင်းလှမ်းကြည့်လိုက်သည် ။အပေါက်စောင့်တစ်ယောက်ကို လက်ယပ်ခေါ်ကာ ငွေ စက္ကူ တစ်လိပ်ပေးလိုက်သည်။အပေါက်စောင့်က လက်ခန ကာပြကာ (ခနစောင့်ဆိုသည့်သဘော) သုတ်သုတ် သုတ်သုတ်နှင့် အထဲပြေးဝင်သွားသည်။
မွေးလူနာ၏ ယောကျာ်းဖြစ်သူလူရွယ်က သူနှင့်အတူပါလာသူကိုပြောသည် ။
''ဟေ့ကောင် မွေးပြီးသွားရင် စိတ်မချလို့ စောင့်နေခဲ့ဦးမယ် ဘာညာပြောပြီး Appaကြီးကို ပထုတ် လိုက်မယ်။
မင်းနဲ့ငါ အောင်ပွဲခံတဲ့အနေနဲ့ နည်းနည်းချရအောင် ။ ငါ ဆိုဂျူပုလင်းတွေ ယူလာတယ်။''
''ဟေဟေ ဒါဆိုရင်တော့ သောက်ရချည်သေးရဲ့ကွာ''
အပေါက်စောင့်ပြန်ပြေးလာသည်။လူကြီးကို တစ်စုံတစ်ခုပြောနေသည်။လူကြီးက ခေါင်းတညှိမ့်ညှိမ့် လုပ်ရင်း နားထောင်နေသည်။
''ဘာထူးခြားလို့လဲ မသိဘူး,သွားမေးရအောင်'' ဆိုပြီး လူကြီးဆီလျှောက်သွားကြသည်။
'' ဘာတဲ့လဲ Appa,ဘာဖြစ်လို့လဲ''
'မွေးခန်းထဲ ရောက်နေပြီတဲ့ ,မကြာခင်မွေးတော့မှာ'
လူရွယ်နှစ်ယောက်က တခါးပေါက်နားမှာ ရပ်စောင့်နေသည်။လူကြီးက စင်္ကြန်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
နာရီဝက်လောက် အကြာမှာ အပေါက်စောင့် ပြန်ပြေးလာသည်။
'Argushi,Argushi မွေးပြီတဲ့ ခင်ဗျ'
'ဘာလေးလဲ'
'မိန်းကလေးတဲ့'
'ဘာ....မိန်းကလေး,ဟာ ..အောင်ပြီကွ,အောင်ပြီ'ဟု ဝမ်းသာအားရအော်လိုက်သည်။
ကလေးမွေးတာကို 'အောင်ပြီ'လို့ အော်တာမျိုး တခါမှ မကြားဖူးသဖြင့် အပေါက်စောင့်မှာ ကြောင်တောင်တောင် ဖြစ်သွားသေးသည်။ ယတြာချေတာထင်တယ်ဟုလည်း တွေးမိလိုက်သေး။ထို့ကြောင့်
'ဟုတ်ကဲ့ အခုလို အသက်ကြီးမှ ရင်သွေးလေး ရတဲ့အတွက် Argushi Chukhahae yo'
လူကြီးမှာ ဆတ်ခနဲ ဖြစ်သွားပြီး....
'ဘာကွ..ငါမဟုတ်ဘူး,ခလေးအဖေက ဒီမှာ'
လူရွယ်ဘက် လက်ညှိုးညွှန်ပြပြီးမှ ကြောင်ငေးငေူဖြစ်နေသော လူရွယ်၏လက်မောင်းကို ခပ် ဆတ်ဆတ်လေး ဖြောင်းခနဲ ရိုက်လိုက်ပြီး....
'ဟေ့ကောင် ဘာကြောင်ကြည့်နေတာလဲ ,မင်းဝမ်းသာရမှာလေကွာ'
လူကြီးက ပိုကဲ နေခဲ့သဖြင့် လူငယ်မှာ ယခုမှ သတိဝင်လာပြီး
'ဟားး ဟုတ်တယ် ဝမ်းသာတာပေါ့ ,ဟေ့ကောင်,မင်းကော'ဟု ဘေးက လူရွယ်ကို မေးသဖြင့်
'Chukhahae yo'ဟု ဝမ်းသာစကား လိုက်ပြောသည်။
လူကြီးက ...'မင်းလဲ ခလေးအဖေ အသစ်စက်စက်ဖြစ်ပြီ,ငါလည်း အဘိုး အသစ် စက်စက်ဖြစ်ပြီ,အဲ့ဒီအထိန်းအမှတ်အနေနဲ့ ငါတို့ တခွက်တဖလားတော့ ချမှဖြစ်မယ်,ဟျေ့ကာင် မင်းယူလာတဲ့ ပုလင်းရော'
''Nae??? ဘာပုလင်းလဲ''
'ဆိုဂျူ ပုလင်းလေးကွာ..'
'ဟင် appa ဘယ်လို သိလဲ '
'ငါက အဖေပါကွ မင်းလောက်မှ မလျင်ရင် မင်းအဖေမလုပ်ဘူး ,ဘယ်မလဲ ဆိုဂျူ ပုလင်း။'
'ကားထိုင်ခုံအောက်ထဲမှာ'
'သွားယူကွာ ,အဲ..နေဦး ဆေးရုံနားပတ်ဝန်းကျသ်မှာတော့ သောက်လို့ရမှာ မဟုတ်ဘူး, အဲ့တော့ နီးစပ်ရာဆိုင်မှာ သွားသောက်ကြမယ်ကွာ' ဟုဆိုကာ သုံးယောက်ချီတက်သွားကြတော့သည်။
ESTÁS LEYENDO
Doesn't mean love
RomanceThis is not my own story. This is one of my favorite novels. The original writer is Min Luu. Kim Tae Hyung Han Miri(reader) Funny drama