Episode 4

246 22 0
                                    

ထို အခြေအနေမှာပင် Namjoon ဘက်တွင်လည်း အခက်အခဲကြုံလာသည်။ မိဘများ စီးပွားရေးအခြေအနေမကောင်းတော့သဖြင့် ကျောင်းဆက်မထားနိုင်တော့ခြင်းဖြစ်သည်။ ဘာပဲ ဖြစ်ဖြစ် အရာရှိငယ်တစ်ယောက်ဖြစ်လာလျှင် မိဘများကို ဖွင့်ပြော၍ စည်းရုံးလျှင်ရနိုင်သည်ဟူသော မျှော်လင့်ချက်လေးတော့ ကျန်နေသေးသည်။

တကယ်တန်း အလုပ်ရှာကြည့်တော့ ထင်သလောက် မလွယ်ကူပေ။ Namjoon ၏ ပညာအရည်အချင်းအရ အလုပ်တစ်ခု ရဖို့တော့ သိပ်မခဲယဉ်းလှ။ သို့ရာတွင် သာမာန်စာရေးလောက်သာ ချက်ချင်းရနိုင်သည်။ အရာရှိတစ်ယောက်ဖြစ်ဖို့ ဆိုလျှင် အချိန်အတိုင်းအတာတစ်ခုအထိစောင့်ရမည်။ သူတို့အတွက် အချိန်က သိပ်မရှိ။

ခိုးပြေးဖို့သာ ကျန်တော့သည်။Namjoon က သူ့မိဘများရှိရာ မြို့ကို ခေါ်သွားမည်ဟုဆိုသည်။ Jinnieက မလိုက်နိုင်။သူတို့ အမျိုးထဲတွင် ခိုးပြေးသော ထုံးစံမရှိဟုဆိုသည်။ Namjoon က

" ကိုယ်တို့ အမျိုးထဲမှာလည်း ထုံးစံမရှိပါဘူးဟ။ကိုယ်တို့အလှည့်ကျမှ နည်းလမ်းသစ်ထွင်ကြည့်မယ်လေ"

ဟုဆွယ်ကြည့်သေးသည်။ မရ။ သူ့မိဘတွေက ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားသည်။တကယ်လို့ ခိုးရာလိုက်ပြေးခဲ့လျှင် ရှက်တာနဲ့ သေလိမ့်မည်။ မိဘ စိတ်ဆင်းရဲအောင်တော့ မလုပ်နိုင် ဆိုပြီး ငြင်းဆန်လေသည်။

Namjoonသည် စိတ်ပြေလက်ပျောက် လျှောက်သွားရင်း မြင်းပွဲထဲ ရောက်သွားသည်။ပြိုင်မြင်းထရိန်နာ တစ်ယောက်နှင့် တွေ့ဆုံခဲ့ရာမှ ခင်မင်သွားလေသည်။ ထရိန်နာက Namjoon ၏ ကိုယ်လုံးကိုယ်ထည် အဆက်အပေါက်ကို သဘောကျသည်။ Namjoon ကလည်း မြင်းနည်းနည်းပါးပါးစီးတတ်သည်။ ဒီလိုနှင့် Namjoon တစ်ယောက် ပြိုင်မြင်း စီးသော  ဂျော်ကီ ဖြစ်သွားတော့သည်။

Jinnie တို့ မိဘတွေက လောင်းကစားကို မုန်းပါတယ် ဆိုမှ  Namjoon က ဂျော်ကီဖြစ်သွားတော့ ဘယ်လို မှ အဆင်ပြေဖို့ မဖြစ်နိုင်တော့။ ထို့ကြောင့် Jinnieသည် မိဘသဘောတူသူနှင့် လက်ထပ် လိုက်ရလေသည်။

ဒီကြားထဲမှာ သူတို့နောက်ဆုံး တကြိမ်တွေ့ဖြစ်ကြသေးသည်။ သူတို့မြို့မှ ဘုရားကျောင်းတွင် ဖြစ်သည်။ Jinnieသည် စကားမပြောနိုင်ဘဲ တရှုံ့ရှုံ့သာငိုနေသည်။ ပြန်ခါနီးကျတော့ Jinnie ဆန္ဒအရ အတူထိုင်ပြီး ဘုရားဝတ်ပြုကြသည်။ Jinnieသည် အချိန်အတော်ကြာအောင် ဘုရားဝတ်ပြုနေသည်။ တစ်စုံတစ်ခုကို ဆုတောင်းနေပုံလည်းရသည်။

Doesn't mean love Tahanan ng mga kuwento. Tumuklas ngayon