Sequel of Diary about 'Ge'... Hope you all enjoy it...
Starts...
~~~~~~~~~~~~~
"Mr.Wu Yifan ကျွန်တော်က Qingdao မဂ္ဂဇင်းတိုက်က သတင်းထောက် Huang Zi Tao ပါ... ကျွန်တော် ခင်ဗျားကို အင်တာဗျုးချင်လို့ အချိန်လေး နည်းနည်းလောက်ရမလားမသိ..."
အပျော်စီး ဇိမ်ခံသဘောင်္ပေါ်တွင်ပြုလုပ်သည့် ယခုကျွန်တော်ရောက်နေသည့် ရုပ်ရှင် မိတ်ဆက်ပွဲသည် စာနယ်ဇင်းနှင့် သတင်းလောကမှ သီးသန့်လူအနည်းငယ်ကိုသာ ကန့်သတ်ဖိတ်ကြား ထားသည့် ပွဲတစ်ခုဖြစ်သည်...
ကံကောင်းသည်က ထိုပွဲတွင်တက်ရောက်ဖို့ ကျွန်တော့် အစ်ကွဲ ၀မ်းကွဲ Zhang Yixing က ဖိတ်စာပေးလာသည်... နောက်ထပ်ကံကောင်းသည်တစ်ခုက ပွဲလမ်းသဘင်များကို တက်ရောက် ခဲသည့် Wu Yifan ကို မျက်ဝါးထင်ထင် တွေ့လိုက်ရခြင်းပင်...
နားတွင်တပ်ထားသည့် နားကြပ်ကို ဆတ်ကနဲဆွဲဖြုတ်ကာ လှည့်ကြည့် လာသည့် Wu Yifan သည် ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပုံပေါ်သည်... သို့သော် ကျွန်တော့်ကို သူမြင်သွားချိန်တွင်မူ သူ့မျက်လုံးတွေက လက်ကနဲ ဖြစ်သွားရာမှ ပြန်လည်တည်ငြိမ်သွားရင်း ကျွန်တော့်ကို ခေါင်းတစ်ချက်ဆတ်ပြသည်...
အိုး... အင်တာဗျုးတွေ သိပ်ဖြေလေ့မရှိတဲ့ Wu Yifan ကို ကျွန်တော် ဗျုးရတော့မယ်... ဘယ်လောက်ကံကောင်းလိုက်တဲ့ ကျွန်တော်ပါလိမ့်နော်...
"ကျွန်တော် စမေးလို့ရပြီလား Mr.Wu..."
အိပ်ဆောင်အသေးစား ဘောပင်recorder လေးကိုအသင့်ပြင်ရင်း ကျွန်တော် စကားစ လိုက်ချိန်မှာပင် သူက ကျွန်တော့်ကို ကြည့်နေရာမှ ပင်လယ်ကြီးဆီသို့ အကြည့် လွှဲလိုက်သည်...
"လူတွေက ပျော်ရွှင်စရာ အဆုံးသတ်တွေကိုပဲ ဘာကြောင့်လိုချင်ကြတယ် ထင်လဲ... Zi Tao..."
ကျွန်တော့် မေးခွန်းနှင့်မသက်ဆိုင်သော စကားတစ်ခွန်းက သူ့ဆီမှ ထူးဆန်းစွာ ထွက်၍လာသည်... ကျွန်တော့် နာမည်ကို စောနကလေးတင် မိတ်ဆက်ခဲ့သည် ဖြစ်သော်လည်း နားကြပ်တပ်ထားသည့် သူက သဲကွဲစွာ မှတ်မိနေခဲ့သည်လား... ZiTao ဟု တရင်းတနှီး ခေါ်လိုက်သည့် သူ့အသံကို ဘာကြောင့်များ ကျွန်တော်ရင်းနှီးနေသလိုမျိုး ခံစားရပါလိမ့်...
YOU ARE READING
OUR LOVE STORY IS NOT A HAPPY ENDING
Fanficsequel of DIARY ABOUT 'GE' when Yifan search for TAO after he read the diary that Zitao left... will he be able to find him and make tao fall in love with him again? How their story be end... one shot...