"…ဝှစ်…"အမိန့်သံဆုံးသည်နှင့်…တစ်ပြိုင်နက်…
နန်းမြို့ရိုးပေါ်ရှိ…များစွာသော…ရဲမက်
အစောင့်တွေထဲကမှ…ဘုရင်ကြီးနှင့်
အနီးဆုံးနေရာယူထားသည့်…ရဲမက်
တစ်ဦးဆီကနေ…အရှိန်နှင့်…စိုက်ဆင်း
လာသော…မြှားတံသည်…"…ဒုတ်!…"
သံချပ်ကာကို…ဖောက်ထွင်းဝင်သွားခဲ့
လျက်…။အင့် ခနဲ ထွက်ကျလာသော…ဆတ်
ဆတ်ခါ…နာကျင်သံ…ခပ်တိုးတိုးက
နှုတ်ခမ်းဖျားတွေဆီမှ…မဟုတ်ပဲ…ထုတ်ချင်းပေါက်ဝင်သွားခံရသော…
ရင်ဘတ်ထဲရှိ…နှလုံးသားတစ်စုံဆီ
မှ…ငြီးငြူလိုက်သလိုမျိုး…။တစိမ့်စိမ့်ထွက်လာပြီး…အောက်ကို
တသွင်သွင်စီးစပြုနေပြီဖြစ်သော…
စစ်သူကြီးတစ်ယောက်၏…ရဲရဲတောက်
သွေးတို့ သည်…နှုတ်ခမ်းအစုံမှလည်း…ပွက်ခနဲ…
လျှံကျလာပြန်၏…။ရပ်တည်ခြင်းငှာ…မစွမ်းနိုင်တော့သော
ဒူးခေါင်းအစုံက…အလိုလိုညွှတ်ကျ
သွားခဲ့သည်…။အောင်ပွဲကြိုနေသည့်…ပြည်သူတို့၏
Xiaoစစ်သူကြီးအတွက်…ကောင်းချီး
ပေးအော်ဟစ်နေသံတို့…လေထုထဲမှ
ရုတ်တရက်…ဆိုသလို တိတ်ကျသွား
၏…။ရုတ်တရက်…ဖြစ်ပျက်သွားသော…
အဖြစ်အပျက်ကို…ကာယံရှင်နှင့်တ
ကွ…ဘယ်သူမှ…နားမလည်နိုင်…။နိုင်ပွဲရစစ်သူကြီးတစ်ယောက်ရဲ့…
ပြည်တော်ပြန်ခရီးကို…ဘာကြောင့်များ
အရှင်မင်းကြီး…ရက်ရက်စက်စက်
ကြိုဆိုလိုက်ပါသလဲ…။ထိုအချိန်…
"…Xiao!!…"
ကျွီ ခနဲပွင့်လာသော…နန်းမြို့တံခါး
ပေါက်ဝမှ…စစ်သူကြီး၏အမည်နာမ
ကို…ရင်ကွဲမတတ်…အော်ဟစ်ရင်း
တဟုန်ထိုးပြေးထွက်လာသည့်…ထာဝရ…ရဲဘော်ရဲဘက်ကြီး…။
"…Xiao!…"
တအိအိညွှတ်ခွေနေသော…ခန္ဓာကိုယ်
ကို…မြေပေါ်လုံးလုံးလျားလျား…
ကျမသွားခင်…ဆီးပွေ့လိုက်ရင်း…
Ohစစ်သူကြီးတစ်ယောက်…ရင်ထဲမှာ
ဆတ်ဆတ်တောင်တုန်နေလျက်…။